“ဂိမ်းဆော့တာဟာ ငြိမ်ပြီးနှေးနေတဲ့ အာရုံကြောတွေကိုပိုပြီး နိုးကြားစေတယ်ဆိုတဲ့ မကြီးစိုး”

လူငယ်တွေနဲ့အပြိုင် Mobile legends ဂိမ်းဆော့ တဲ့ နေရာမှာလည်း ဝါသနာကြီးတဲ့ မင်းသမီးကြီး စိုးမြတ်သူဇာကတော့ ဂိမ်းဆော့တာဟာ ငြိမ်ပြီးနှေးနေတဲ့ အာရုံကြောတွေကိုပိုပြီး နိုးကြားစေတဲ့ အကြောင်းကို “သိဘူး အသက်ကြီးမှ ကလေးတွေနဲ့ အော်ဟစ်ရန်တွေဖြစ် စိတ်တွေကောက်နဲ့ မကြီးအတွက်တော့ game ကစားရတာ တော်တော်သာယာတယ်။ ဒီကြားထဲ game ကစားရင်း လိုင်းကျလို့ကတော့ ဆူညံပွက်လောရိုက်ပြီး ဘယ်သူ့မဲလို့ မဲရမလဲမသိ

ထင်လို့ပါ..တကယ်က အကုသိုလ်မများပါဘူး.. အသက်ကြီးပြီလေ.. အဲ့လိုတွေဖြစ်မှ ငြိမ်ပြီးနှေးနေတဲ့ မကြီးရဲ့ အာရုံကြောတွေက ပိုပြီး နိုးကြားတက်ကြွ သန်စွမ်းလာမှာပေ့ါ။(လိုရာဆွဲပြောသည်)” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ အရွှန်းဖောက်ပြီး ရေးသားထားပါတယ်။စိုးမြတ်သူဇာဟာ အနုပညာအလုပ်တွေကို စိတ်ရောကိုယ်ပါနစ်ပြီးတော့ လုပ်ကိုင်တတ်တာကြောင့် အကောင်းဆုံးအကယ်ဒမီဆုတွေကို ထိုက်ထိုက်တန်တန်နဲ့ သိမ်းပိုက်ထားနိုင်တာဖြစ်ပြီး ပရိသတ်တွေသာမက အနုပညာရှင်အချင်းချင်းတောင် လေးစားအားကျရတဲ့ အနုပညာရှင်တစ်ယောက်ပါ။လတ်တလောမှာတော့ မကြီးစိုးကတော့ အချစ်ဝတ္ထုတစ်ပုဒ်ရေးသားနေတာဖြစ်ပြီး ဒီဝတ္ထုရဲ့အခြေခံထားတဲ့ ဇာတ်လမ်းလေးကတော့ နာမည်ကြီးမင်းသမီးကြီးနဲ့ အိမ်ထောင်ပြုခါနီး ကျောင်းဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်း ဝတ္ထုရေးနေတာလို့ သိရပါတယ်။

CeleGabar ပရိသတ်ကြီးရေ ဖေ့စ်ဘွတ် စာမျက်နှာမှာ ဂိမ်းနဲ့ ပတ်သက်တာတွေကို ဖော်ပြလေ့ရှိသူတစ်ယောက်ဖြစ်တဲ့ စိုးမြတ်သူဇာကတော့ လူငယ်တွေနဲ့အပြိုင် Mobile legends ဂိမ်းဆော့ တဲ့ နေရာမှာလည်း ဝါသနာကြီးသူတစ်ယောက်ပါပဲနော်။

Source: SOEMYAT THUZAR
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

“ဂိမ္းေဆာ့တာဟာ ၿငိမ္ၿပီးေႏွးေနတဲ့ အာ႐ုံေၾကာေတြကိုပိုၿပီး ႏိုးၾကားေစတယ္ဆိုတဲ့ မႀကီးစိုး”

လူငယ္ေတြနဲ႔အၿပိဳင္ Mobile legends ဂိမ္းေဆာ့ တဲ့ ေနရာမွာလည္း ဝါသနာႀကီးတဲ့ မင္းသမီးႀကီး စိုးျမတ္သူဇာကေတာ့ ဂိမ္းေဆာ့တာဟာ ၿငိမ္ၿပီးေႏွးေနတဲ့ အာ႐ုံေၾကာေတြကိုပိုၿပီး ႏိုးၾကားေစတဲ့ အေၾကာင္းကို “သိဘူး အသက္ႀကီးမွ ကေလးေတြနဲ႔ ေအာ္ဟစ္ရန္ေတြျဖစ္ စိတ္ေတြေကာက္နဲ႔ မႀကီးအတြက္ေတာ့ game ကစားရတာ ေတာ္ေတာ္သာယာတယ္။ ဒီၾကားထဲ game ကစားရင္း လိုင္းက်လို႔ကေတာ့ ဆူညံပြက္ေလာ႐ိုက္ၿပီး ဘယ္သူ႔မဲလို႔ မဲရမလဲမသိ

ထင္လို႔ပါ..တကယ္က အကုသိုလ္မမ်ားပါဘူး.. အသက္ႀကီးၿပီေလ.. အဲ့လိုေတြျဖစ္မွ ၿငိမ္ၿပီးေႏွးေနတဲ့ မႀကီးရဲ႕ အာ႐ုံေၾကာေတြက ပိုၿပီး ႏိုးၾကားတက္ႂကြ သန္စြမ္းလာမွာေပ့ါ။(လိုရာဆြဲေျပာသည္)” လို႔ သူရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာမွာ အ႐ႊန္းေဖာက္ၿပီး ေရးသားထားပါတယ္။စိုးျမတ္သူဇာဟာ အႏုပညာအလုပ္ေတြကို စိတ္ေရာကိုယ္ပါနစ္ၿပီးေတာ့ လုပ္ကိုင္တတ္တာေၾကာင့္ အေကာင္းဆုံးအကယ္ဒမီဆုေတြကို ထိုက္ထိုက္တန္တန္နဲ႔ သိမ္းပိုက္ထားႏိုင္တာျဖစ္ၿပီး ပရိသတ္ေတြသာမက အႏုပညာရွင္အခ်င္းခ်င္းေတာင္ ေလးစားအားက်ရတဲ့ အႏုပညာရွင္တစ္ေယာက္ပါ။လတ္တေလာမွာေတာ့ မႀကီးစိုးကေတာ့ အခ်စ္ဝတၳဳတစ္ပုဒ္ေရးသားေနတာျဖစ္ၿပီး ဒီဝတၳဳရဲ႕အေျခခံထားတဲ့ ဇာတ္လမ္းေလးကေတာ့ နာမည္ႀကီးမင္းသမီးႀကီးနဲ႔ အိမ္ေထာင္ျပဳခါနီး ေက်ာင္းဆရာေလးတို႔ရဲ႕ အခ်စ္ဇာတ္လမ္း ဝတၳဳေရးေနတာလို႔ သိရပါတယ္။

CeleGabar ပရိသတ္ႀကီးေရ ေဖ့စ္ဘြတ္ စာမ်က္ႏွာမွာ ဂိမ္းနဲ႔ ပတ္သက္တာေတြကို ေဖာ္ျပေလ့ရွိသူတစ္ေယာက္ျဖစ္တဲ့ စိုးျမတ္သူဇာကေတာ့ လူငယ္ေတြနဲ႔အၿပိဳင္ Mobile legends ဂိမ္းေဆာ့ တဲ့ ေနရာမွာလည္း ဝါသနာႀကီးသူတစ္ေယာက္ပါပဲေနာ္။

error: Content is protected !!