“ကျောင်းအုပ်ကိုယ်တိုင်ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့တဲ့ ဧဝရတ်လူမင်း”

ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်လူမင်းရဲ့ သားဖြစ်သူ သားသားလေး ဧဝရတ်လူမင်းကတော့ လက်ရှိမှာ ကျောင်းအုပ်ကိုယ်တိုင်က ပေးအပ်တဲ့ “POP”ဆုကြီးကို ရရှိခဲ့ပါတယ်။အခုလို ထူးချွန်ပြီး ထက်မြက်တဲ့ သားသားလေး ဧဝရတ်လူမင်းအတွက်ကို ဖေဖေလူမင်းက ဂုဏ်ယူဝမ်းသာမဆုံးဖြစ်နေပြီး အခုလို ဆုရရှိခဲ့တဲ့ အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာတာပဲဖြစ်ပါတယ်။

ပြီခဲ့တဲ့ လအနည်းငယ်လောက်တုန်းကလည်း လူမင်းရဲ့ သမီးကြီးဖြစ်တဲ့ ဧရာဝတီလူမင်းဟာ သူရဲ့ ကျောင်းမှာ ချစ်ခင်လေးစားရတဲ့လူတစ်ယောက်ရဲ့ အကြောင်းကို Presentation လုပ်ဖို့ခိုင်းခဲ့တဲ့ အချိန်မှ လူကြီးမိဘတွေရဲ့ တိုက်တွန်းမှုမပါဘဲ ကိုယ်တိုင်က စိတ်ကြိုက်ရွေးချယ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြောင်းကို Presentation ပြုလုပ်ခဲ့တာကြောင့်လည်း ဂုဏ်ယူပျော်ရွှင်ခဲ့ပါသေးတယ်။

လူမင်းရဲ့ သားဖြစ်သူနဲ့ သမီးဖြစ်သူတို့ဟာ ပညာရေးဘက်မှာ ထူးချွန်ထက်မြက်တဲ့အပြင် လိမ္မာရေးခြားရှိတဲ့ ကလေးတွေဖြစ်ကြတာကိုလည်း ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါ။ဘာသာရေးနဲ့ ပတ်သက်လာရင်လည်း ရိုသေကိုင်းရှိုင်းလွန်းတာကြောင့် ပရိသတ်တွေကတောင် ချစ်ခင်နေရတာလည်း အမှန်ပါ။CeleGabar ပရိသတ်ကြီးရေ ထူးချွန်ပြီးထက်မြတ်တဲ့ လူမင်းရဲ့ သားနဲ့ သမီးအတွက် ဂုဏ်ပြုစကားလေးတွေပြောသွားပေးပါဦး။

Source – Ayarwady Lu Min
CleoPaTra – CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်။

“ေက်ာင္းအုပ္ကိုယ္တိ္ုင္ေပးအပ္တဲ့ ဂုဏ္ထူးေဆာင္ဆုကို ရရွိခဲ့တဲ့ ဧဝရတ္လူမင္း”

ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ သ႐ုပ္ေဆာင္လူမင္းရဲ႕ သားျဖစ္သူ သားသားေလး ဧဝရတ္လူမင္းကေတာ့ လက္ရွိမွာ ေက်ာင္းအုပ္ကိုယ္တိုင္က ေပးအပ္တဲ့ “POP”ဆုႀကီးကို ရရွိခဲ့ပါတယ္။အခုလို ထူးခၽြန္ၿပီး ထက္ျမက္တဲ့ သားသားေလး ဧဝရတ္လူမင္းအတြက္ကို ေဖေဖလူမင္းက ဂုဏ္ယူဝမ္းသာမဆံုးျဖစ္ေနၿပီး အခုလို ဆုရရွိခဲ့တဲ့ အေၾကာင္းကို သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေနေဖာ္ျပလာတာပဲျဖစ္ပါတယ္။

ၿပီခဲ့တဲ့ လအနည္းငယ္ေလာက္တုန္းကလည္း လူမင္းရဲ႕ သမီးႀကီးျဖစ္တဲ့ ဧရာဝတီလူမင္းဟာ သူရဲ႕ ေက်ာင္းမွာ ခ်စ္ခင္ေလးစားရတဲ့လူတစ္ေယာက္ရဲ႕ အေၾကာင္းကို Presentation လုပ္ဖို႕ခိုင္းခဲ့တဲ့ အခ်ိန္မွ လူႀကီးမိဘေတြရဲ႕ တိုက္တြန္းမႈမပါဘဲ ကိုယ္တိုင္က စိတ္ႀကိဳက္ေရြးခ်ယ္ခဲ့ၿပီး ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အေၾကာင္းကို Presentation ျပဳလုပ္ခဲ့တာေၾကာင့္လည္း ဂုဏ္ယူေပ်ာ္ရႊင္ခဲ့ပါေသးတယ္။

လူမင္းရဲ႕ သားျဖစ္သူနဲ႕ သမီးျဖစ္သူတို႕ဟာ ပညာေရးဘက္မွာ ထူးခၽြန္ထက္ျမက္တဲ့အျပင္ လိမၼာေရးျခားရွိတဲ့ ကေလးေတြျဖစ္ၾကတာကိုလည္း ပရိသတ္ေတြ သိရွိၿပီးသားျဖစ္မွာပါ။ဘာသာေရးနဲ႕ ပတ္သက္လာရင္လည္း ႐ိုေသကိုင္းရွိဳင္းလြန္းတာေၾကာင့္ ပရိသတ္ေတြကေတာင္ ခ်စ္ခင္ေနရတာလည္း အမွန္ပါ။CeleGabar ပရိသတ္ႀကီးေရ ထူးခၽြန္ၿပီးထက္ျမတ္တဲ့ လူမင္းရဲ႕ သားနဲ႕ သမီးအတြက္ ဂုဏ္ျပဳစကားေလးေတြေျပာသြားေပးပါဦး။

Source – Ayarwady Lu Min
CleoPaTra – CeleGabar

error: Content is protected !!