“တောက်ချလိုက်မယ်”ရုပ်ရှင်ဇာတ်ကားကြီးထဲက ပုံစံတူအိမ်နှစ်လုံးက မြင့်မြင့်ခင်ထိုးမုန့်တိုက်ကို အကူအညီတောင်းခဲ့ရတာပါလို့ဆိုလာတဲ့ ခန့်စည်သူ

ခန့်စည်သူကတော့ အရင်အချိန်တွေကတည်းက အောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်ထိလည်း ရုပ်ရှင်ဇာတ်ကားကြီးများစွာကို ရိုက်ကူးနေရသူတစ်ယောက် ဖြစ်ပါတယ်။ မကြာခင်မှာ ရုံတင်ပြသတော့မှာဖြစ်တဲ့ “တောက်ချလိုက်မယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာဆိုရင်လည်း ဟာသမြောက်အောင်အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ဒီဇာတ်ကားကို အကောင်းဆုံးပံ့ပိုးပေးနိုင်မယ့် ဆင်တူအိမ်နှစ်လုံးရှာဖွေရာမှာတော့ အခက်အခဲရှိခဲ့တာဖြစ်ပြီး ဒါရိုက်တာရဲ့သဘောကျ ထုတ်လုပ်သူတွေကိုယ်တိုင်ရော ဘယ်လိုမှရှာလို့မရခဲ့ဘူးလို့ဆိုပါတယ်။ နောက်ဆုံးမှာတော့ ခန့်စည်သူက ညီမအရင်းလို ရင်းနှီးချစ်ခင်ရတဲ့ မန္တလေးမြင့်မြင့်ခင်(ထိုးမုန့်တိုက်) ကိုအကူညီတောင်းပြီး ဒီအိမ်လေးနှစ်လုံးကို ရခဲ့တယ်လို့ဆိုပါတယ်။ ပထမတော့ ရိုက်ကူးရေးအတွက်အိမ်ကိုငှားဖို့ လက်မခံခဲ့ပေမယ့် အနုပညာကိုချစ်ခင်တဲ့စိတ်ကြောင့် ငှားပေးဖြစ်ခဲ့တယ်လို့ ခန့်စည်သူကဆိုပါတယ်။

 

ဒီဇာတ်ကားဟာဆိုရင် ခင်လှိုင်ရဲ့ဒါရိုက်တာအနေနဲ့ ပထမဆုံးစတင်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပြီး မြင့်မြတ်၊ခန့်စည်သူ၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ ပက်ထရစ်ရှာနဲ့ ရွှေသမီးတို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ အစစအရာရာလိုက်ပြိုင်ကြတဲ့ အိမ်ကအစ ဆင်တူဆောက်ထားကြတဲ့ မိသားစုနှစ်ခုရဲ့အားပြိုင်မှုကို ဟာသလေးစွက်ကာရိုက်ကူးထားတာဖြစ်ပြီး ဒီဇာတ်ကားထဲက အမိုက်စားဘေးချင်းကပ်အိမ်နှစ်လုံးကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကို မနက်ဖြန်မှာ ရုံတင်ပြသတော့မှာဖြစ်တာကြောင့် ဘဝအမောတွေပြေချင်တဲ့ပရိသတ်ကြီးအတွက် သွားရောက်ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ခုဖြစ်ကြောင်း ဆယ်လီကမ္ဘာမှ မျှဝေပေးလိုက်ပါတယ်။


Source – Exclusive on Cele Gabar
Rainbow –Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“ေတာက္ခ်လိုက္မယ္”ရုပ္ရွင္ဇာတ္ကားၾကီးထဲက ပံုစံတူအိမ္ႏွစ္လံုးက ျမင့္ျမင့္ခင္ထိုးမုန္႔တုိက္ကို အကူအညီေတာင္းခဲ့ရတာပါလို႔ဆိုလာတဲ့ ခန္႔စည္သူ

ခန္႔စည္သူကေတာ့ အရင္အခ်ိန္ေတြကတည္းက ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ ရုပ္ရွင္သရုပ္ေဆာင္တစ္ေယာက္ျဖစ္ျပီး လက္ရွိအခ်ိန္ထိလည္း ရုပ္ရွင္ဇာတ္ကားၾကီးမ်ားစြာကို ရိုက္ကူးေနရသူတစ္ေယာက္ ျဖစ္ပါတယ္။ မၾကာခင္မွာ ရံုတင္ျပသေတာ့မွာျဖစ္တဲ့ “ေတာက္ခ်လိုက္မယ္” ရုပ္ရွင္ဇာတ္ကားၾကီးမွာဆိုရင္လည္း ဟာသေျမာက္ေအာင္အေကာင္းဆံုးပါဝင္သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။

 

ဒီဇာတ္ကားကို အေကာင္းဆံုးပံ့ပိုးေပးႏုိင္မယ့္ ဆင္တူအိမ္ႏွစ္လံုးရွာေဖြရာမွာေတာ့ အခက္အခဲရွိခဲ့တာျဖစ္ျပီး ဒါရိုက္တာရဲ႕သေဘာက် ထုတ္လုပ္သူေတြကိုယ္တိုင္ေရာ ဘယ္လိုမွရွာလို႔မရခဲ့ဘူးလို႔ဆိုပါတယ္။ ေနာက္ဆံုးမွာေတာ့ ခန္႔စည္သူက ညီမအရင္းလို ရင္းႏွီးခ်စ္ခင္ရတဲ့ မႏၱေလးျမင့္ျမင့္ခင္(ထုိးမုန္႔တိုက္) ကိုအကူညီေတာင္းျပီး ဒီအိမ္ေလးႏွစ္လံုုးကို ရခဲ့တယ္လို႔ဆိုပါတယ္။ ပထမေတာ့ ရိုက္ကူးေရးအတြက္အိမ္ကိုငွားဖို႔ လက္မခံခဲ့ေပမယ့္ အႏုပညာကိုခ်စ္ခင္တဲ့စိတ္ေၾကာင့္ ငွားေပးျဖစ္ခဲ့တယ္လို႔ ခန္႔စည္သူကဆုိပါတယ္။

ဒီဇာတ္ကားဟာဆိုရင္ ခင္လွိုင္ရဲ႕ဒါရိုက္တာအေနနဲ႔ ပထမဆံုးစတင္ရိုက္ကူးထားတဲ့ဇာတ္ကားျဖစ္ျပီး ျမင့္ျမတ္၊ခန္႔စည္သူ၊ ခင္လွိုင္၊ ဒိန္းေဒါင္၊ ပက္ထရစ္ရွာနဲ႔ ေရႊသမီးတို႔က ပါဝင္သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။ အစစအရာရာလုိက္ျပိဳင္ၾကတဲ့ အိမ္ကအစ ဆင္တူေဆာက္ထားၾကတဲ့ မိသားစုႏွစ္ခုရဲ႕အားျပိဳင္မွုကို ဟာသေလးစြက္ကာရိုက္ကူးထားတာျဖစ္ျပီး ဒီဇာတ္ကားထဲက အမိုက္စားေဘးခ်င္းကပ္အိမ္ႏွစ္လံုးကို ေတြ႔ျမင္ရမွာျဖစ္ပါတယ္။ ဒီဇာတ္ကားၾကီးကို မနက္ျဖန္မွာ ရံုတင္ျပသေတာ့မွာျဖစ္တာေၾကာင့္ ဘဝအေမာေတြေျပခ်င္တဲ့ပရိသတ္ၾကီးအတြက္ သြားေရာက္ၾကည့္ရွုသင့္တဲ့ဇာတ္ကားေလးတစ္ခုျဖစ္ေၾကာင္း ဆယ္လီကမာၻမွ မွ်ေဝေပးလိုက္ပါတယ္။
Source – Exclusive on Cele Gabar
Rainbow –Cele Gabar

error: Content is protected !!