“မီးတွင်းကာလမှာ အင်တာဗျူးဖြေတာတွေရပ်နားထားတဲ့ သဉ္ဇာနွယ်ဝင်း”

ကိုရီးယားမလေးတွေလို ချစ်စရာကောင်းလှတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ သဉ္ဇာနွယ်ဝင်းကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ မော်ဒယ်မင်းသမီးချောလေးတစ်ဦးပဲဖြစ်ပါတယ်။အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ နေရာတစ်နေရာရရှိထားတဲ့ သဉ္ဇာနွယ်ဝင်းဟာ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်းမရှိတော့ဘဲ ရပ်နားထားတာပဲဖြစ်ပါတယ်။အခုလို အနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်းမရှိတော့ပေမဲ့လည်း သူ့ကို အားပေးချစ်ခင်တဲ့ ပရိသတ်တွေကတော့ ယနေ့အချိန်ထိ ရှိနေဆဲပါ။

အောင်မြင်မှုတွေရရှိနေတဲ့ မင်းသမီးတစ်ယောက်ရဲ့ ဘဝကို စွန့်လွှတ်ပြီး ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကိုတည်ဆောက်ထားတဲ့ သဉ္ဇာနွယ်ဝင်းကတော့ လက်ရှိမှာ ချစ်စရာကောင်းတဲ့ သားသားလေးတစ်ယောက်အပြင် နောက်ထပ်မီးမီးလေးတစ်ယောက်ကိုလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၉)ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။လတ်တလောသဉ္ဇာနွယ်ဝင်းဟာ မီးမီးလေးကို မွေးဖွားပြီးတာ ရက်ပိုင်းမျှသာရှိသေးတာဖြစ်ပြီး မီးတွင်းကာလဖြစ်နေတာကြောင့် အင်တာဗျူးဖြေဆိုတာတွေကို ရပ်နားမှာဖြစ်တဲ့ အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ

“သဉ္ဇာကလေးမွေးပြီး တစ်လခွဲအထိ interview တွေခဏနားထားပါတယ်နော် မီးတွင်းထဲမှာဆိုတော့ မိတ်ကပ်လိမ်းလို့လဲအဆင်မပြေလို့ပါ”လို့ဆိုပြီး ဖော်ပြထားတာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ သဉ္ဇာနွယ်ဝင်းကတော့ လက်ရှိမှာ အားရှိအောင် အစားအများကြီးစားနေရတာကြောင့် ဝနေပြီး အင်တာဗျူးတွေဖြေတဲ့ အခါမှာ ကင်မရာနဲ့ မဆန့်မှာဆိုးလို့ အင်တာဗျူးမဖြေတာပါလို့လည်း စနောက်ပြီး ဖော်ပြထားပါသေးတယ်။

Source – Thinzar Nwe Win
CleoPaTra – CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်။

“မီးတြင္းကာလမွာ အင္တာဗ်ဴးေျဖတာေတြရပ္နားထားတဲ့ သဥၨာႏြယ္ဝင္း”

ကိုရီးယားမေလးေတြလို ခ်စ္စရာေကာင္းလွတဲ့ မ်က္ႏွာေလးကိုပိုင္ဆိုင္ထားတဲ့ သဥၨာႏြယ္ဝင္းကေတာ့ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကို အျပည့္အဝရရွိထားတဲ့ ေမာ္ဒယ္မင္းသမီးေခ်ာေလးတစ္ဦးပဲျဖစ္ပါတယ္။အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြနဲ႕ ေနရာတစ္ေနရာရရွိထားတဲ့ သဥၨာႏြယ္ဝင္းဟာ အိမ္ေထာင္က်ၿပီးေနာက္ပိုင္းမွာေတာ့ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ျခင္းမရွိေတာ့ဘဲ ရပ္နားထားတာပဲျဖစ္ပါတယ္။အခုလို အႏုပညာအလုပ္ေတြကို လုပ္ကိုင္ျခင္းမရွိေတာ့ေပမဲ့လည္း သူ႔ကို အားေပးခ်စ္ခင္တဲ့ ပရိသတ္ေတြကေတာ့ ယေန႕အခ်ိန္ထိ ရွိေနဆဲပါ။

ေအာင္ျမင္မႈေတြရရွိေနတဲ့ မင္းသမီးတစ္ေယာက္ရဲ႕ ဘဝကို စြန္႕လႊတ္ၿပီး ေပ်ာ္ရႊင္ခ်မ္းေျမ႕ဖြယ္ေကာင္းတဲ့ မိသားစုဘဝေလးကိုတည္ေဆာက္ထားတဲ့ သဥၨာႏြယ္ဝင္းကေတာ့ လက္ရွိမွာ ခ်စ္စရာေကာင္းတဲ့ သားသားေလးတစ္ေယာက္အျပင္ ေနာက္ထပ္မီးမီးေလးတစ္ေယာက္ကိုလည္း ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ (၂၉)ရက္ေန႕မွာ ေမြးဖြားခဲ့ပါတယ္။လတ္တေလာသဥၨာႏြယ္ဝင္းဟာ မီးမီးေလးကို ေမြးဖြားၿပီးတာ ရက္ပိုင္းမွ်သာရွိေသးတာျဖစ္ၿပီး မီးတြင္းကာလျဖစ္ေနတာေၾကာင့္ အင္တာဗ်ဴးေျဖဆိုတာေတြကို ရပ္နားမွာျဖစ္တဲ့ အေၾကာင္းကို သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန

“သၪၨာကေလးေမြးၿပီး တစ္လခြဲအထိ interview ေတြခဏနားထားပါတယ္ေနာ္ မီးတြင္းထဲမွာဆိုေတာ့ မိတ္ကပ္လိမ္းလို႔လဲအဆင္မေျပလို႔ပါ”လို႔ဆိုၿပီး ေဖာ္ျပထားတာပဲျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးေရ သဥၨာႏြယ္ဝင္းကေတာ့ လက္ရွိမွာ အားရွိေအာင္ အစားအမ်ားႀကီးစားေနရတာေၾကာင့္ ဝေနၿပီး အင္တာဗ်ဴးေတြေျဖတဲ့ အခါမွာ ကင္မရာနဲ႕ မဆန္႕မွာဆိုးလို႕ အင္တာဗ်ဴးမေျဖတာပါလို႕လည္း စေနာက္ၿပီး ေဖာ္ျပထားပါေသးတယ္။

Source – Thinzar Nwe Win
CleoPaTra – CeleGabar

error: Content is protected !!