““Love With Flaws” ဒရမ်မာဇာတ်လမ်းတွဲမှ မင်းသား Cha In Ha ပါဝင်သောအခန်းများကို ဆက်လက်ထုတ်လွင့်ပြသမည့်”

ဒီဇင်ဘာလ(၃)ရက်နေ့တွင် ကြွေလွင့်သွားခဲ့တဲ့ မင်းသား Cha In Ha ပါဝင်သရုပ်ဆောင်ထားတဲ့ “Love With Flaws” ဒရမ်မာဇာတ်လမ်းတွဲကိုတော့ MBC ရုပ်သံလိုင်းမှ ဗုဒ္ဓဟူး၊ကြာသပတေးနေ့များမှာ ထုတ်လွင့်ပြသလျှက်ရှိပြီး Cha In Ha ပါဝင်တဲ့ ဇာတ်ဝင်ခန်းများကို ဆက်လက်ထုတ်လွင့်သွားမယ်လို့ “Love With Flaws” ရုပ်ရှင်ထုတ်လုပ်သူအဖွဲ့မှ ကြေငြာခဲ့ပါတယ်။

“Love With Flaws” ရုပ်ရှင်ထုတ်လုပ်သူအဖွဲ့မှ ” Cha In Ha တစ်ယောက်အခုလို ရုတ်တရက်သွားတဲ့အတွက် ရုပ်ရှင်အဖွဲသားများ၊သရုပ်ဆောင်များမှလည်း မိသားစုနဲ့အတူ ထပ်တူဝမ်းနည်းကြွေကွဲပြီး အခုလို့ မိသားစုဝင်တစ်ယောက် ရုတ်တရက်နဲ့ စောစီးစွာထွက်ခွာသွားတာဟာ မိသားစုဝင်တွေအတွက် ဘယ်လောက်ဝမ်းနည်းပူဆွေးရမလဲဆိုတာ နာလည်းကြောင်း။ Cha In Ha ဟာ ဒီရုပ်ရှင်ရိုက်ကူးနေချိန်မှာ လူတိုင်ထက် တတ်တတ်ကြွကြွနဲ့ အလုပ်ကိုလုပ်လေ့ရှိသူပါ။ သူရဲ့ ကြိုးစားမှုနဲ့ ဒရမ်မာဇာတ်လမ်းကို အကောင်းဆုံပုံဖော်တတ်ပုံတွေကို ကျွန်တော်တို့ သတိရနေမှာပါ။ သူ့မိသားစုရဲ့ ဆန္ဒကိုလေးစားသောအားဖြင့် “Love With Flaws” ဒရမ်မာဇာတ်လမ်းတွဲကို ထူးထူးခြားခြား တည်းဖြတ်မှုတွေ မလုပ်ဘဲ ပုံမှန်အတိုင်း ဆက်လက်ထုတ်လွင့်သွားပါမယ်” လို့ကြေငြာခဲ့ပါတယ်။

“မင်းသား Cha In Ha ငြိမ်းသက်အးချမ်းရာတွင် အနားယူနိုင်ပါစေ။သူရဲ့ ဒရမ်မာအတွက် ကြိုးစားပြီး သရုပ်ဆောင်မှုတွေကို သတိရနေပါမယ်” လို့ ကြေငြာခဲ့ပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ ကြွေလွင့်သွားပြီဖြစ်တဲ့ မင်းသား Cha In Ha ကိုအလွမ်းပြေ အနေနဲ့ကတော့ ဗုဒ္ဓဟူး၊ကြာသပတေးနေ့များမှာ ထုတ်လွင့်ပြသလျှက်ရှိတဲ့ “Love With Flaws” ဒရမ်မာဇာတ်လမ်းတွဲ ကိုကြည့်ရှု့အားပေးနိုင်ပါတယ်နော်။

Source: soompi
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်





error: Content is protected !!