“အိမ်လာလည်တဲ့သူတွေကို အိမ်သာထဲမှာပါဓာတ်ပုံရိုက်ဖို့လှလှလေးပြင်ဆင်ပေးထားတဲ့ စမိုင်းလ်”

စမိုင်းလ်ကတော့ ပရိသတ်တွေနဲ့အထူးမိတ်ဆက်စရာမလိုလောက်အောင် ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်နေမှာပါနော်။ အစစအရာရာ လိုလေးသေးမရှိအောင် ဖြည့်ဆည်းပေးတတ်တဲ့ခင်ပွန်းကိုပိုင်ဆိုင်ထားတဲ့အပြင် တစ်နေ့ထက်တစ်နေ့ တိုးတိုးပြီးလှလာသူမို့ မိန်းကလေးတိုင်းလေးစားအားကျနေရသူတစ်ယောက်လည်း ဖြစ်ပါတယ်။

လိမ္မာရေးခြားရှိပြီး ချစ်ဖို့ကောင်းတဲ့သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပြီး အလှူရေစက် လက်နဲ့မကွာဆိုသလို အလှူအတန်းရက်ရောသူတစ်ယောက်လည်း ဖြစ်ပါတယ်။ စမိုင်းလ်ရဲ့လက်ရှိနေတဲ့အိမ်ကြီးကတော့ ခမ်းနားထည်ဝါလွန်းလှတာကြောင့် ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာဖြစ်ပါတယ်။ စမိုင်းလ်ကတော့ မိသားစုတွေနားခိုဖို့ နွေးထွေးတဲ့ရိပ်မြုံလေးတစ်ခုဖြစ်တဲ့ အိမ်ကိုတော့ အမြဲတစေနေချင်စဖွယ်ဖြစ်အောင် ထိန်းသိမ်းပြုပြင်လေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။

ဒီနေ့မှာတော့ သူ့အိမ်ရဲ့အိမ်သာထဲမှာ ရိုက်ထားတဲ့ Mirror Selfie ပုံတချို့နဲ့အတူ “ကိုယ့်အိမ်လာတဲ့သူတွေ အိမ်သာထဲမှာပါ ဓာတ်ပုံရိုက်ဖို့လှလှလေးလုပ်ပေးထားတယ် လာလည်မလား” လို့ရေးသားပြီး မျှဝေခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အိမ်သာအခန်းကိုတောင် ခမ်းနားထည်ဝါအောင်ဆောက်ထားတာဖြစ်လို့ အံ့အားသင့်နေကြတာဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက်လည်း စမိုင်းလ်ရဲ့ခမ်းနားထည်ဝါလှတဲ့အိမ်လေးထဲက အိမ်သာခန်းပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။


Source – Smile စမိုင်းလ်
Rainbow – Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“အိမ္လာလည္တဲ့သူေတြကို အိမ္သာထဲမွာပါဓာတ္ပံုရိုက္ဖို႔လွလွေလးျပင္ဆင္ေပးထားတဲ့ စမိုင္းလ္”

စမုိင္းလ္ကေတာ့ ပရိသတ္ေတြနဲ႔အထူးမိတ္ဆက္စရာမလိုေလာက္ေအာင္ ရင္းႏွီးကၽြမ္းဝင္ျပီးသားျဖစ္ေနမွာပါေနာ္။ အစစအရာရာ လိုေလးေသးမရွိေအာင္ ျဖည့္ဆည္းေပးတတ္တဲ့ခင္ပြန္းကိုပိုင္ဆုိင္ထားတဲ့အျပင္ တစ္ေန႔ထက္တစ္ေန႔ တိုးတိုးျပီးလွလာသူမို႔ မိန္းကေလးတိုင္းေလးစားအားက်ေနရသူတစ္ေယာက္လည္း ျဖစ္ပါတယ္။

လိမၼာေရးျခားရွိျပီး ခ်စ္ဖို႔ေကာင္းတဲ့သမီးေလးႏွစ္ေယာက္ကို ပိုင္ဆိုင္ထားသူတစ္ေယာက္ျဖစ္ျပီး အလွဴေရစက္ လက္နဲ႔မကြာဆိုသလို အလွဴအတန္းရက္ေရာသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ စမုိင္းလ္ရဲ႕လက္ရွိေနတဲ့အိမ္ၾကီးကေတာ့ ခမ္းနားထည္ဝါလြန္းလွတာေၾကာင့္ ပရိသတ္ေတြၾကားမွာေရပန္းစားခဲ့တာျဖစ္ပါတယ္။ စမုိင္းလ္ကေတာ့ မိသားစုေတြနားခိုဖို႔ ေႏြးေထြးတဲ့ရိပ္ျမံဳေလးတစ္ခုျဖစ္တဲ့ အိမ္ကိုေတာ့ အျမဲတေစေနခ်င္စဖြယ္ျဖစ္ေအာင္ ထိန္းသိမ္းျပဳျပင္ေလ့ရွိသူတစ္ေယာက္ျဖစ္ပါတယ္။

ဒီေန႔မွာေတာ့ သူ႔အိမ္ရဲ႕အိမ္သာထဲမွာ ရိုက္ထားတဲ့ Mirror Selfie ပံုတခ်ိဳ႕နဲ႔အတူ “ကိုယ့္အိမ္လာတဲ့သူေတြ အိမ္သာထဲမွာပါ ဓာတ္ပံုရိုက္ဖို႔လွလွေလးလုပ္ေပးထားတယ္ လာလည္မလား” လို႔ေရးသားျပီး မွ်ေဝခဲ့တာျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ အိမ္သာအခန္းကိုေတာင္ ခမ္းနားထည္ဝါေအာင္ေဆာက္ထားတာျဖစ္လို႔ အံ့အားသင့္ေနၾကတာျဖစ္ပါတယ္။ ဆယ္လီကမာၻပရိသတ္ၾကီးအတြက္လည္း စမုိင္းလ္ရဲ႕ခမ္းနားထည္ဝါလွတဲ့အိမ္ေလးထဲက အိမ္သာခန္းပံုေလးေတြကို မွ်ေဝေပးလုိက္ပါတယ္ေနာ္။
Source – Smile စမုိင္းလ္
Rainbow – Cele Gabar

error: Content is protected !!