“ထိုင်းအသင်းကိုရှုံးခဲ့တဲ့ ရှုံးကြွေးကိုပြန်ဆပ်ပေးဖို့တောင်းဆိုလိုက်တဲ့ ကျော်ကျော်”
ဒီနေ့ ဒီဇင်ဘာလ (၅)ရက်နေ့ ညနေ (၆)နာရီခွဲအချိန်မှာတော့ မြန်မာနိုင်ငံကိုယ်စားပြု မိန်းကလေးဘောလုံးအသင်းနဲ့ ထိုင်းကိုယ်စားပြု မိန်းကလေး အသင်းတို့ကယှဉ်ပြိုင်ကစားသွားမှာပဲဖြစ်ပါတယ်။အခုကန်မယ့် ပွဲစဉ်ကတော့ မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ရဲ့ စီမီးဖိုင်နယ်ပွဲစဉ်ဖြစ်ပြီး အနိုင်ရတဲ့ အသင်းကတော့ ဖိုင်နယ်ပွဲစဉ်ကို တက်ရောက်နိုင်မှာဖြစ်တာကြောင့် နှစ်သင်းစလုံးအတွက် တော်တော်လေးကို အရေးကြီးတဲ့ ပွဲစဉ်တစ်ပွဲပဲဖြစ်ပါတယ်။
မြန်မာမိန်းကလေးဘောလုံးအသင်းဟာ ထိုင်းလက်ရွေးစင်အမျိုးသမီးအသင်းကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ဆီးဂိမ်းပြိုင်ပွဲကိုလက်ခံကျင်းပခဲ့တဲ့ပွဲမှာတော့ သရေရလဒ်ကို ရရှိထားခဲ့တာဖြစ်ပြီး ပယ်နယ်တီ အဆုံးအဖြတ်ကန်ချိန်မှာတော့ ရှုံးနိမ့်ခဲ့တာပဲဖြစ်ပါတယ်။အခုလို ဒုတိယအကြိမ် ထိပ်တိုက်ပြန်လည်တွေ့ဆုံရတဲ့ ဒီပွဲကိုတော့ မြန်မာပရိသတ်တွေကလည်း မြန်မာအသင်းအနေနဲ့ ရှုံးကြွေးကိုပြန်ဆပ်နိုင်မလားဆိုတာ တော်တော်လေးစိတ်ဝင်တစားရှိနေကြတာဖြစ်ပြီး အခုလို စိတ်ဝင်တစားအားပေးနေကြတဲ့ အထဲမှာတော့ မင်းသာချောလေးကျော်ကျော်ကလည်း အပါအဝင်ပဲဖြစ်ပါတယ်။
ကျော်ကျော်ကတော့ ပြီးခဲ့တဲ့ပွဲစဉ်မှာ ထိုင်းကိုရှုံးပြီး မြန်မာပရိသတ်တွေ အသည်းကွဲခဲ့ရတာကြောင့် အခုပွဲမှာ ရှုံးကြွေးပြန်ဆပ်ပေးဖို့ကို “ခုထိ မှတ်မိနေသေးတယ်။မြန်မာမှာ Sea Game လုပ်တုန်းက ပယ်နယ်တီနဲ့ ထိုင်းကိုရူံးပီးအသဲတွေကွဲခဲ့တာ။မှတ်မှတ်ရရ ငိုတောင်ငိုမိတယ်။အဲ့တုန်းက မန်းလေးမှာ။ ကဲ ဒီနေ့တော့ ရူံးကြွေးတွေပြန်ဆပ်ပေးကြပါ ညီမလေးတို့ရေ” သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတောင်းဆိုထားတာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးတွေရော ထိုင်းနဲ့ မြန်မာအသင်းတို့ရဲ့ ပွဲစဉ်အတွက်ရင်ခုန်နေကြပြီလား……
Source – Kyaw Naing Oo
CleoPaTra – CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်။
Source – Kyaw Naing Oo
CleoPaTra – CeleGabar
x
error: Content is protected !!