“ရွှေတံဆိပ်ထပ်မံရရှိဖို့မျှော်လင့်နိုင်တဲ့ အားကစားတစ်ခုမို့လို့ ပြည်သူလူထုကလည်း တစ်ခဲနက်အားပေးကြဖို့ တိုက်တွန်းလိုက်တဲ့ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်”

အကြိမ်(၃၀)မြောက် SEA games အားကစားပြိုင်ပွဲကြီးကိုတော့ လက်ရှိဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ပြိုင်ပွဲစဉ်အချို့ကျင်းပပြုလုပ်ပြီးခဲ့ပေမယ့် လက်ရှိအချိန်ထိယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲစဉ်တချို့လည်း ကျန်ရှိနေပါသေးတယ်။ ယှဉ်ပြိုင်ခဲ့ပြီးတဲ့ ပွဲစဉ်တွေမှာဆိုရင် မြန်မာနိုင်ငံကအားကစားသမားတွေဟာ ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၈)ခုနဲ့ ကြေးတံဆိပ်(၂၃)ခုတို့ကို ရယူနိုင်ခဲ့ပြီး အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ဖိလစ်ပိုင်နိုင်ငံကတော့ ရွှေတံဆိပ်(၆၆)ခု၊ ငွေတံဆိပ်(၄၈)ခုနဲ့ ကြေးတံဆိပ်(၃၂)ခုတို့ကိုရရှိပိုင်ဆိုင်ထားပြီး ပထမအဆင့်နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

မြန်မာအားကစားသမားတွေအနေနဲ့ ရွှေတံဆိပ်ရရှိဖို့ဆိုတာခဲယဉ်းနေတဲ့ အနေအထားမှာရောက်ရှိနေတာဖြစ်ပြီး ရှားရှားပါးပါးရွှေမျှော်လင့်စရာအားကစားနည်းဆိုလို့ ဘိလိယက်၊ စစ်တုရင်နဲ့ လှေလှော်အားကစားနည်းတို့ပဲရှိလောက်တော့တဲ့အကြောင်းကို “မြန်မာအားကစားအဖွဲ့ဟာ ဒီဇင်ဘာ(၅)ရက်ပြိုင်ပွဲများအပြီးအထိ ရွှေတံဆိပ်(၂)ခုပဲ ရယူနိုင်ပါသေးတယ်။ ဒီဂဏန်းအရေအတွက်ပြောင်းလဲဖို့အတွက် အားထားမျှော်လင့်စရာ အားကစားနည်းများများလည်း မရှိတော့ပါဘူး။ ရှားရှားပါးပါးရွှေမျှော်လင့်စရာအားကစားနည်းဆိုလိုု့ ဘိလိယက်၊ စစ်တုရင်နဲ့ လှေလှော်အားကစားနည်းတို့လောက်ပဲရှိပါတော့တယ်”လို့ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်က ရေးသားထားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် “ပြည်သူနဲ့အတူလှေ၊ လှေနဲ့အတူရွှေ” ဆိုတဲ့ဆောင်ပုဒ်လေးနဲ့အညီ “လှေလှော်အဖွဲ့ချုပ်နဲ့ လှေလှော်ကစားသမားတွေအားလုံး ပြည်သူတွေအတွက် အသည်းချင်းပေါက် ကြိုးစားကြမှာဖြစ်ပြီး ပြည်သူတွေကလည်း လှေအဖွဲ့နဲ့အတူ ရှိပေးပြီး တစ်ခဲနက်အားပေးကြပါလို့ တိုက်တွန်းပန်ကြားအပ်ပါတယ်။ ပြည်သူတွေရဲ့အားပေးမှုကြောင့် လှေနဲ့အတူ ရွှေတွေကိုမြင်တွေ့ကြရမှာ မလွဲပါလို့ တစ်ထစ်ချယုံကြည်ပါကြောင်း” ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီနေ့မနက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာကနူးလှေလှော်မီတာ(၁၀၀၀)တစ်ယောက်လှော်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်သန့်ဇင်ဦးကတော့ အုပ်စုပထမနဲ့ ဖိုင်နယ်တက်ရောက်သွားပြီဖြစ်ပါတယ်။ အားကစားသမားတွေ အားသွန်ခွန်စိုက်ယှဉ်ပြိုင်နိုင်ဖို့ ပြည်သူတွေရဲ့အားကလည်း တစ်တပ်တစ်အားမို့ ပရိသတ်ကြီးကိုလည်း အားပေးကြဖို့ ဆယ်လီကမ္ဘာမှတိုက်တွန်းလိုက်ပါတယ်နော်။


Source – Myanmar Rowing & Canoeing Federation, 2019 SEA Games
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“ေရႊတံဆိပ္ထပ္မံရရွိဖို႔ေမွ်ာ္လင့္ႏုိင္တဲ့ အားကစားတစ္ခုမို႔လို႔ ျပည္သူလူထုကလည္း တစ္ခဲနက္အားေပးၾကဖို႔ တိုက္တြန္းလိုက္တဲ့ ျမန္မာႏုိင္ငံေလွေလွာ္အဖြဲ႔ခ်ဳပ္”

အၾကိမ္(၃၀)ေျမာက္ SEA games အားကစားျပိဳင္ပြဲၾကီးကိုေတာ့ လက္ရွိဖိလစ္ပိုင္ႏုိင္ငံမွာ က်င္းပျပဳလုပ္ေနတာျဖစ္ပါတယ္။ ျပိဳင္ပြဲစဥ္အခ်ိဳ႕က်င္းပျပဳလုပ္ျပီးခဲ့ေပမယ့္ လက္ရွိအခ်ိန္ထိယွဥ္ျပိဳင္ေနတဲ့ ျပိဳင္ပြဲစဥ္တခ်ိဳ႕လည္း က်န္ရွိေနပါေသးတယ္။ ယွဥ္ျပိဳင္ခဲ့ျပီးတဲ့ ပြဲစဥ္ေတြမွာဆိုရင္ ျမန္မာႏုိင္ငံကအားကစားသမားေတြဟာ ေရႊတံဆိပ္(၂)ခု၊ ေငြတံဆိပ္(၈)ခုနဲ႔ ေၾကးတံဆိပ္(၂၃)ခုတုိ႔ကို ရယူႏုိင္ခဲ့ျပီး အိမ္ရွင္အျဖစ္လက္ခံက်င္းပေနတဲ့ ဖိလစ္ပိုင္ႏုိင္ငံကေတာ့ ေရႊတံဆိပ္(၆၆)ခု၊ ေငြတံဆိပ္(၄၈)ခုနဲ႔ ေၾကးတံဆိပ္(၃၂)ခုတို႔ကိုရရွိပိုင္ဆိုင္ထားျပီး ပထမအဆင့္ေနရာမွာရပ္တည္ေနတာျဖစ္ပါတယ္။

ျမန္မာအားကစားသမားေတြအေနနဲ႔ ေရႊတံဆိပ္ရရွိဖို႔ဆိုတာခဲယဥ္းေနတဲ့ အေနအထားမွာေရာက္ရွိေနတာျဖစ္ျပီး ရွားရွားပါးပါးေရႊေမွ်ာ္လင့္စရာအားကစားနည္းဆိုလို႔ ဘိလိယက္၊ စစ္တုရင္နဲ႔ ေလွေလွာ္အားကစားနည္းတို႔ပဲရွိေလာက္ေတာ့တဲ့အေၾကာင္းကို “ျမန္မာအားကစားအဖြဲ႔ဟာ ဒီဇင္ဘာ(၅)ရက္ျပိဳင္ပြဲမ်ားအျပီးအထိ ေရႊတံဆိပ္(၂)ခုပဲ ရယူႏိုင္ပါေသးတယ္။ ဒီဂဏန္းအေရအတြက္ေျပာင္းလဲဖို႔အတြက္ အားထားေမွ်ာ္လင့္စရာ အားကစားနည္းမ်ားမ်ားလည္း မရွိေတာ့ပါဘူး။ ရွားရွားပါးပါးေရႊေမွ်ာ္လင့္စရာအားကစားနည္းဆိုလိုဳ႔ ဘိလိယက္၊ စစ္တုရင္နဲ႔ ေလွေလွာ္အားကစားနည္းတို႔ေလာက္ပဲရွိပါေတာ့တယ္”လို႔ ျမန္မာႏုိင္ငံေလွေလွာ္အဖြဲ႔ခ်ဳပ္က ေရးသားထားခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ “ျပည္သူနဲ႔အတူေလွ၊ ေလွနဲ႔အတူေရႊ” ဆိုတဲ့ေဆာင္ပုဒ္ေလးနဲ႔အညီ “ေလွေလွာ္အဖြဲ႔ခ်ဳပ္နဲ႔ ေလွေလွာ္ကစားသမားေတြအားလံုး ျပည္သူေတြအတြက္ အသည္းခ်င္းေပါက္ ၾကိဳးစားၾကမွာျဖစ္ျပီး ျပည္သူေတြကလည္း ေလွအဖြဲ႔နဲ႔အတူ ရွိေပးျပီး တစ္ခဲနက္အားေပးၾကပါလို႔ တုိက္တြန္းပန္ၾကားအပ္ပါတယ္။ ျပည္သူေတြရဲ႕အားေပးမွုေၾကာင့္ ေလွနဲ႔အတူ ေရႊေတြကိုျမင္ေတြ႔ၾကရမွာ မလြဲပါလို႔ တစ္ထစ္ခ်ယံုၾကည္ပါေၾကာင္း” ေရးသားခဲ့တာျဖစ္ပါတယ္။ ဒီေန႔မနက္ယွဥ္ျပိဳင္ခဲ့တဲ့ ျမန္မာကႏူးေလွေလွာ္မီတာ(၁၀၀၀)တစ္ေယာက္ေလွာ္ျပိဳင္ပြဲမွာ ျပိဳင္ပြဲဝင္သန္႔ဇင္ဦးကေတာ့ အုပ္စုပထမနဲ႔ ဖိုင္နယ္တက္ေရာက္သြားျပီျဖစ္ပါတယ္။ အားကစားသမားေတြ အားသြန္ခြန္စိုက္ယွဥ္ျပိဳင္ႏုိင္ဖို႔ ျပည္သူေတြရဲ႕အားကလည္း တစ္တပ္တစ္အားမုိ႔ ပရိသတ္ၾကီးကိုလည္း အားေပးၾကဖို႔ ဆယ္လီကမာၻမွတိုက္တြန္းလိုက္ပါတယ္ေနာ္။
Source – Myanmar Rowing & Canoeing Federation, 2019 SEA Games
Rainbow- Cele Gabar

x
error: Content is protected !!