မထင်မှတ်ထားဘဲ ပထမဆုံး Bottomခုံမှာထိုင်ခဲ့ရတဲ့ အက်စတာ

ပရိသတ်တွေအားလုံး ရင်ခုန်စိတ်လှုပ်ရှားရမယ့် Myanmar Idol Season-4 ရဲ့ ဟေမာန်ဆောင်းသီဆိုမှုကြီးအပြီးမှာတော့ ပြိုင်ပွဲဝင်တွေရင်ခုန်ရတဲ့ Result Show ညကိုရောက်ရှိလာခဲ့ပါပြီ ။ ပြိုင်ပွဲဝင်(၆) ယောက်လုံးက အသီးသီးအရည်ချင်းရှိကြတဲ့ ပြိုင်ပွဲဝင်တွေဖြစ်သလို ဖန်အင်အားတောင့်တင်းကြသူတွေဖြစ်တဲ့အတွက် ဘယ်သူက ဒီနေ့ပြိုင်ပွဲက နှုတ်ဆက်ထွက်ခွာရမလဲဆိုတာ မခန့်မှန်းနိုင်လောက်ပါပဲ ပရိသတ်ကြီးရေ ..။ ဒါပေမယ့် ဒီနေ့ Result Show ညရဲ့ ပထမဆုံး Result အနေနဲ့ မထင်မှတ်ထားတဲ့ ပြိုင်ပွဲဝင်တစ်ယောက်က ပထမဆုံး Bottom ခုံမှာထိုင်ခဲ့ရပါတယ် ။

 

 

ပထမဆုံး Bottom ခုံမှာ ထိုင်လိုက်ရတဲ့ ပြိုင်ပွဲဝင်ကတော့ အဆိုအရမ်းကောင်းပြီး အမှားနည်းတယ်လို့ ဒိုင်တွေ မှတ်ချက်ပေးခဲ့ကြတဲ့ ပြိုင်ပွဲဝင် အက်စတာပဲဖြစ်ပါတယ် ။ အက်စတာက ပွဲစဉ်တစ်လျှောက်လုံး ဒိုင်တွေဆီ က မှတ်ချက်ကောင်းတွေရခဲ့တဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်သလို အမာခံဖန်တွေအများကြီး ရှိတဲ့အတွက် Bottomခုံမှာ ထိုင်ရမယ်လို့ ဘယ်သူမှမမျှော်လင့်ထားကြပါဘူး ။ ဒါပေမယ့် အက်စတာကတော့ မနေ့ညက သီဆိုယှဉ်ပြိုင်မှုအပြီးမှာထဲက သူမကိုယ်သူမ Bottomထိုင်ရမယ်ထင်တယ်လို့ ပရိသတ်တွေကိုပြောပြခဲ့ပါသေးတယ် ။

 

သူမ ထင်မှတ်ထားသလိုပဲ အက်စတာ က ဒီညအတွက် Bottom ခုံမှာထိုင်ခဲ့ရပါပြီ ။ နောက်ထပ် Bottom ခုံထိုင်ရမယ့်သူတွေ ရှိနေသေးတာဖြစ်တဲ့အတွက် ဒီညအတွက် အက်စတာက နှုတ်ဆက်ထွက်ခွာရမှာလား ဒါမှမဟုတ် Save ဖြစ်ပြီး နောက်တစ်ပတ်အတွက် ဆက်လက်ယှဉ်ပြိုင်ရမလားဆိုတာကတော့ ရင်ခုန်စရာပါပဲနော် ။

Source : Myanmar Idol Season -4
Emily ( Cele Gabar )
ဇော်ဂျီဖြင့်ဖတ်ရန်

 

မထင္မွတ္ထားဘဲ ပထမဆံုး Bottomခံုမွာထိုင္ခဲ့ရတဲ့ အက္စတာ




Emily ( Cele Gabar )

error: Content is protected !!