“ပေးထားတဲ့ကတိအတိုင်း မြန်မာနိုင်ငံရဲ့တတိယမြောက် ရွှေကိုအရယူပေးနိုင်ခဲ့ပြီဖြစ်တဲ့ မြန်မာရိုးရာလှေလှော်အဖွဲ့”

အကြိမ်(၃၀)မြောက် SEA Games ပြိုင်ပွဲကြီးကတော့ လက်ရှိဖိလစ်ဖိုင်နိုင်ငံမှာကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ပြိုင်ပွဲစဉ်အချို့ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပေမယ့် လက်ရှိအချိန်ထိကျင်းပပြုလုပ်နေဆဲပြိုင်ပွဲအချို့လည်း ကျန်ရှိနေပါသေးတယ်။ ဒီဇင်ဘာလ(၅)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့တဲ့ပွဲစဉ်တွေမှာဆိုရင် မြန်မာနိုင်ငံဟာ ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၈)ခုနဲ့ ကြေးတံဆိပ်(၂၃)ခုတို့သာ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မြန်မာအားကစားသမားတွေအတွက် ရွှေတံဆိပ်ဆုထပ်မံရရှိရန် အခွင့်အလမ်းပေးနိုင်မယ့်အားကစားလည်း သိပ်မကျန်တော့တာမို့ မြန်မာပြည်သူတွေစိတ်ဓာတ်ကျနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာလှေလှော်အသင်းကတော့ ကြီးမားခဲ့တဲ့ အစဉ်အလာအတိုင်း ဒီတစ်ခေါက်မှာလည်း “ပြည်သူနဲ့အတူလှေ၊ လှေနဲ့အတူရွှေ” ဆိုတဲ့ဆောင်ပုဒ်လေးတိုင်း ပြည်သူတွေရဲ့အားပေးမှုနဲ့အတူ တတိယမြောက်ရွှေကို ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

လှေလှော်အားကစားတွေကိုတော့ မနေ့က ဒီဇင်ဘာ(၆)ရက်နေ့မှာ စတင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး မီတာ(၂၀၀)ကနူးတစ်ယောက်လှော်မှာ မျိုးလှိုင်ဝင်းက ငွေတံဆိပ်ရယူခဲ့ပြီး ဒီနေ့ကျင်းပတဲ့ အမျိုးသမီးလေးယောက်တွဲ ရိုးရာလှေပြိုင်ပွဲမှာတော့ တတိယမြောက်ရွှေကို ရယူပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ကိုယ်တတ်ကျွမ်းတဲ့အားကစားနဲ့ မြန်မာနိုင်ငံရဲ့ဂုဏ်ကိုဆောင်ခဲ့တဲ့ ရိုးရာလှေလှော်အသင်းရဲ့ပုံရိပ်တချို့ကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။


Source – Myanmar Rowing & Canoeing Federation
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“ေပးထားတဲ့ကတိအတိုင္း ျမန္မာႏိုင္ငံရဲ႕တတိယေျမာက္ ေ႐ႊကိုအရယူေပးႏိုင္ခဲ့ၿပီျဖစ္တဲ့ ျမန္မာ႐ိုးရာေလွေလွာ္အဖြဲ႕”

အႀကိမ္(၃၀)ေျမာက္ SEA Games ၿပိဳင္ပြဲႀကီးကေတာ့ လက္ရွိဖိလစ္ဖိုင္ႏိုင္ငံမွာက်င္းပျပဳလုပ္ေနတာျဖစ္ပါတယ္။ ၿပိဳင္ပြဲစဥ္အခ်ိဳ႕က်င္းပျပဳလုပ္ခဲ့ၿပီးျဖစ္ေပမယ့္ လက္ရွိအခ်ိန္ထိက်င္းပျပဳလုပ္ေနဆဲၿပိဳင္ပြဲအခ်ိဳ႕လည္း က်န္ရွိေနပါေသးတယ္။ ဒီဇင္ဘာလ(၅)ရက္ေန႔ထိ က်င္းပျပဳလုပ္ခဲ့တဲ့ပြဲစဥ္ေတြမွာဆိုရင္ ျမန္မာႏိုင္ငံဟာ ေ႐ႊတံဆိပ္(၂)ခု၊ ေငြတံဆိပ္(၈)ခုနဲ႔ ေၾကးတံဆိပ္(၂၃)ခုတို႔သာ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ျမန္မာအားကစားသမားေတြအတြက္ ေ႐ႊတံဆိပ္ဆုထပ္မံရရွိရန္ အခြင့္အလမ္းေပးႏိုင္မယ့္အားကစားလည္း သိပ္မက်န္ေတာ့တာမို႔ ျမန္မာျပည္သူေတြစိတ္ဓာတ္က်ေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ျမန္မာေလွေလွာ္အသင္းကေတာ့ ႀကီးမားခဲ့တဲ့ အစဥ္အလာအတိုင္း ဒီတစ္ေခါက္မွာလည္း “ျပည္သူနဲ႔အတူေလွ၊ ေလွနဲ႔အတူေ႐ႊ” ဆိုတဲ့ေဆာင္ပုဒ္ေလးတိုင္း ျပည္သူေတြရဲ႕အားေပးမႈနဲ႔အတူ တတိယေျမာက္ေ႐ႊကို ရယူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ေလွေလွာ္အားကစားေတြကိုေတာ့ မေန႔က ဒီဇင္ဘာ(၆)ရက္ေန႔မွာ စတင္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး မီတာ(၂၀၀)ကႏူးတစ္ေယာက္ေလွာ္မွာ မ်ိဳးလႈိင္ဝင္းက ေငြတံဆိပ္ရယူခဲ့ၿပီး ဒီေန႔က်င္းပတဲ့ အမ်ိဳးသမီးေလးေယာက္တြဲ ႐ိုးရာေလွၿပိဳင္ပြဲမွာေတာ့ တတိယေျမာက္ေ႐ႊကို ရယူေပးႏိုင္ခဲ့တာပဲျဖစ္ပါတယ္။ ကိုယ္တတ္ကၽြမ္းတဲ့အားကစားနဲ႔ ျမန္မာႏုိင္ငံရဲ႕ဂုဏ္ကိုေဆာင္ခဲ့တဲ့ ရုိးရာေလွေလွာ္အသင္းရဲ႕ပံုရိပ္တခ်ိဳ႕ကို ဆယ္လီကမာၻပရိသတ္ၾကီးအတြက္ မွ်ေဝေပးလိုက္ပါတယ္ေနာ္။
Source – Myanmar Rowing & Canoeing Federation
Rainbow- Cele Gabar

x
error: Content is protected !!