မြန်မာ့ရုပ်ရှင်ထူးချွန်ဆုတွေအပြင် နိုင်ငံတကာကဆုတွေကိုပါတစ်ဆုပြီးတစ်ဆုသိမ်းပိုက်ခဲ့တဲ့ ဝတ်မှုန်ရွှေရည်

ဝတ်မှုန်ရွှေရည်ကတော့မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်အဖြစ်သတ်မှတ်ခံထားရသူတစ်ဦးပါ။အကယ်ဒမီဆုနှစ်ဆုကိုရရှိထားသူဖြစ်ပြီး အခုဆိုရင် ပြည်ပကနေပြီး ဆုချီးမြှင့်ခြင်းခံရတဲ့ မင်းသမီးတစ်လက်ဖြစ်နေပါပြီ။ရွှေကစ်လို့လည်းခေါ်ကြတဲ့ ဝတ်မှုန်ရွှေရည်ဟာ အနုပညာလောကမှာဆယ်စုနှစ်ကျော်ရှိနေပြီဖြစ်ပြီး အောင်မြင်တဲ့မင်းသမီးတစ်လက်ဖြစ်သလို ကြော်ငြာဘုရင်မတစ်ယောက်လို့လည်းဆိုရမှာပါ။


ရွှေကစ်ဟာ အခု(၂၀၁၉)ခုနှစ်အတွင်းမှာ Asia Model Fastival ကနေပြီးတော့ချီးမြှင့်တဲ့ Asia Special Award ကိုရရှိတဲ့ ရှားရှားပါးပါးမင်းသမီးတစ်လက်ဖြစ်လာခဲ့ပါပြီ။ဒါ့အပြင် စင်္ကာပူနိုင်ငံမှာကျင်းပတဲ့Asian Academy Creative Awards မှာ လိပ်ပြာစံအိမ်ဇာတ်ကားနဲ့ Best Actress Leading Role မှာတော့ Regional winnerဖြစ်ခဲ့ပါတယ်။ဒါ့အပြင် (၂၀၁၉) ခုနှစ်အတွက် အကယ်ဒမီဆုကြီးကိုရင်အခုန်ရဆုံးမင်းသမီးတွေထဲမှာလည်းပါဝင်နေပါတယ်။


ရွှေကစ်ဟာ နိုင်ငံတကာကဆုတွေကိုရရှိနေသလို ချစ်ကြည်ရေးဇာတ်ကားမှာ ပါဝင်လေ့ရှိတဲ့မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။ရွှေကစ်ဟာ အသက်နဲ့မလိုက်အောင် ကလေးလေးလိုချစ်စရာကောင်းသလို ဇာတ်ရုပ်တိုင်းကိုလည်း ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ဖို့ ကြိုးစားအားထုတ်သူတစ်ယောက်ပါ။ထိပ်တန်းမင်းသမီးနေရာမှာရပ်တည်နေနိုင်လောက်အောင်ထူးချွန်တဲ့ရွှေကစ်ဟာ အခုဆိုရင် နိုင်ငံတကာကပေးအပ်တဲ့ဆုတွေကိုရရှိခဲ့တာကြောင့် မြန်မာပရိသတ်တွေအတွက်တော့ ဂုဏ်ယူစရာပါပဲနော်…
Source : WuttHmoneShweYi,Moe – CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်






x
error: Content is protected !!