“လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ Tik Tok လေးတစ်ခုနဲ့ ဈေးဗန်းခင်းလိုက်တဲ့ အပျိုကြီးမမ အေးမြတ်သူ”

ပါးချိုင့်လေးနဲ့ ပရိသတ်ရဲ့အချစ်ကိုသိမ်းပိုက်ထားတဲ့ မင်းသမီးချောလေးအေးမြတ်သူကတော့ ပရိသတ်တွေရဲ့ရင်ထဲမှာ အခိုင်အမာအမြစ်တွယ်နေရာယူထားသူတစ်ယောက်ပါ။ အနုပညာလောကကို စတင်ဝင်ရောက်စဉ်ကတည်းက ပရိသတ်ရဲ့လက်ခံအားပေးမှုကို ရရှိခဲ့သူတစ်ယောက်ဖြစ်ပြီး ယနေ့အချိန်ထိလည်း အောင်မြင်မှုကို ထိန်းထားနိုင်ဆဲလို့ ဆိုရမှာပါ။

အနုပညာအရည်အသွေးပြည့်ဝသူတစ်ယောက်ဖြစ်ပြီး အနုပညာခရီးလမ်းမှာမှတ်တိုင်တစ်ခုအနေနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို “နောက်တွင်ဥဒါန်းတည်စေသတည်း” ဇာတ်ကားကြီးနဲ့ထိုက်ထိုက်တန်တန် ရရှိခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေပဲ လုပ်နေရင်းအချိန်ကုန်နေတဲ့ မြတ်လေးကတော့ အချစ်ရေးကိုလည်း ပရိသတ်ကို ချပြထားခြင်းမရှိသေးပါဘူး။

မြတ်လေးက မနေ့ညကတော့ လူငယ်တွေကြားမှာရေပန်းစားနေတဲ့ “အရမ်း Fine တဲ့ မမ” သီချင်းလေးနဲ့ ဈေးဗန်းခင်းခဲ့တာဖြစ်ပါတယ်။ “မမဟာ ရင့်ကျက်..ကလေးလေးလို မရစ်တတ်”အဲ့ဒီသီချင်းလေးနဲ့ Tik Tok ဆော့တာကတော့ လူငယ်တွေကြားမှာ ရေပန်းစားနေတာဖြစ်ပြီး Tik Tok ဆော့လေ့ဆော့ထမရှိတဲ့ မြတ်လေးကိုယ်တိုင်က “မအိပ်သေးတဲ့ချစ်ရသူတွေကို ဈေးဗန်းလာခင်းတာ…မမက မရစ်တတ်..မမရဲ့ဘဝထဲလာ” ဆိုပြီး ဗွီဒီယိုလေးနဲ့တကွ သူ့ရဲ့ဖေ့ဘွတ်ခ်အကောင့်မှာ တင်ပေးခဲ့တာဖြစ်ပါတယ်။

Source – Aye Myat Thu
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“လူငယ္ေတြၾကားမွာ ေရပန္းစားေနတဲ့ Tik Tok ေလးတစ္ခုနဲ႔ ေစ်းဗန္းခင္းလိုက္တဲ့ အပ်ိဳၾကီးမမ ေအးျမတ္သူ”

ပါးခ်ိဳင့္ေလးနဲ႔ ပရိသတ္ရဲ႕အခ်စ္ကိုသိမ္းပိုက္ထားတဲ့ မင္းသမီးေခ်ာေလးေအးျမတ္သူကေတာ့ ပရိသတ္ေတြရဲ႕ရင္ထဲမွာ အခုိင္အမာအျမစ္တြယ္ေနရာယူထားသူတစ္ေယာက္ပါ။ အႏုပညာေလာကကို စတင္ဝင္ေရာက္စဥ္ကတည္းက ပရိသတ္ရဲ႕လက္ခံအားေပးမွုကို ရရွိခဲ့သူတစ္ေယာက္ျဖစ္ျပီး ယေန႔အခ်ိန္ထိလည္း ေအာင္ျမင္မွုကို ထိန္းထားႏုိင္ဆဲလို႔ ဆိုရမွာပါ။

အႏုပညာအရည္အေသြးျပည့္ဝသူတစ္ေယာက္ျဖစ္ျပီး အႏုပညာခရီးလမ္းမွာမွတ္တုိင္တစ္ခုအေနနဲ႔ အေကာင္းဆံုးအမ်ိဳးသမီးဇာတ္ပို႔ဆုကို “ေနာက္တြင္ဥဒါန္းတည္ေစသတည္း” ဇာတ္ကားၾကီးနဲ႔ထုိက္ထုိက္တန္တန္ ရရွိခဲ့သူတစ္ေယာက္လည္းျဖစ္ပါတယ္။ ပရိသတ္ေတြအတြက္ အႏုပညာအလုပ္ေတြပဲ လုပ္ေနရင္းအခ်ိန္ကုန္ေနတဲ့ ျမတ္ေလးကေတာ့ အခ်စ္ေရးကိုလည္း ပရိသတ္ကို ခ်ျပထားျခင္းမရွိေသးပါဘူး။

ျမတ္ေလးက မေန႔ညကေတာ့ လူငယ္ေတြၾကားမွာေရပန္းစားေနတဲ့ “အရမ္း Fine တဲ့ မမ” သီခ်င္းေလးနဲ႔ ေစ်းဗန္းခင္းခဲ့တာျဖစ္ပါတယ္။ “မမဟာ ရင့္က်က္..ကေလးေလးလို မရစ္တတ္”အဲ့ဒီသီခ်င္းေလးနဲ႔ Tik Tok ေဆာ့တာကေတာ့ လူငယ္ေတြၾကားမွာ ေရပန္းစားေနတာျဖစ္ျပီး Tik Tok ေဆာ့ေလ့ေဆာ့ထမရွိတဲ့ ျမတ္ေလးကိုယ္တုိင္က “မအိပ္ေသးတဲ့ခ်စ္ရသူေတြကို ေစ်းဗန္းလာခင္းတာ…မမက မရစ္တတ္..မမရဲ႕ဘဝထဲလာ” ဆုိျပီး ဗြီဒီယိုေလးနဲ႔တကြ သူ႔ရဲ႕ေဖ့ဘြတ္ခ္အေကာင့္မွာ တင္ေပးခဲ့တာျဖစ္ပါတယ္။
Source – Aye Myat Thu
Rainbow- Cele Gabar

error: Content is protected !!