“ရေချွေတာဖို့ နည်းလမ်းသစ်ကို ချပြလိုက်တဲ့ တိုင်ရွန်”

ပရိသတ်အချစ်တော် မော်ဒယ်မင်းသားချော တိုင်ရွန်ကတော့ မြန်မာနိုင်ငံမှာသာမက အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံအထိ အနုပညာအလုပ်တွေ သွားရောက်လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ မင်းသားချော တိုင်ရွန်ရဲ့ ဖေ့စ်ဘွတ်ခ် My Day မှာ မြင်ရတဲ့ ပရိသတ်တိုင်းကို အံ့သြမှင်သက်စေသွားစေမယ့် ပုံရိပ်လေးနဲ့အတူ”Shower Together Save Water” ဆိုတဲ့ စာသားလေးရေးသားကာ ရေချွေတာဖို့ နည်းလမ်းသစ်ကို ချပြလိုက်တာလည်းဖြစ်ပါတယ်။

သူကတော့ မော်ဒယ်တစ်ယောက်အနေဖြင့် အနုပညာလောကထဲကို ဝင်ရောက်လာကာ ယခုဆိုရင် သရုပ်ဆောင်မင်းသားတစ်လက် အဖြစ် ရုပ်ရှင်ဇာတ်ကားကြီး တော်တော်များများမှာ ပါဝင်ခွင့်ရလာခဲ့ပြီး ပရိသတ်အခိုင်အမာရရှိနေပါပြီ။သူရဲ့ အမိုက်စား Body Structure ကိုထိန်းသိမ်းထားမှုကြောင့် ယောက်ျားလေးပရိသတ်တွေရဲ့ အားကျလေးစားမှုကို ရရှိထားပါသေးတယ်။လက်ရှိမှာတော့ (၇၅) နှစ်မြောက် စိန်ရတုတပ်မတော်နေ့ ဂုဏ်ပြုတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ” Legends Of Warriors (တစ်စစ်တစ်မက် ကိုယ်နှင့်သက်ကို) ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ခေါင်းဆောင်ဇာတ်လိုက်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

CeleGabar ပရိသတ်ကြီးရေ မြန်မာနိုင်ငံမှာသာမက အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံအထိ အနုပညာအလုပ်တွေ သွားရောက်လုပ်ကိုင်နေတဲ့ မင်းသားချော တိုင်ရွန်ရဲ့ ရေချွေတာနည်းလေးကို သဘောကျရဲ့လား။

Source: Tyron Bejay
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်





error: Content is protected !!