“အချစ်ရေးအဆင်မပြေမှုတွေအပြီးမှာ ‘တစ်ယောက်ထဲ ဘုရင်မပဲလုပ်တော့မယ်’လို့ ဆိုလာတဲ့ဆုအိမ့်စံ”

ဆုအိမ့်စံကတော့ မော်ဒယ်၊ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကကို ဝင်ရောက်လာသူဖြစ်ပြီး ပရိသတ်လက်ခံအားပေးမှုကို ရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မျက်နှာဖူးဖူးလေးနဲ့ စွဲမက်ဖွယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာကြောင့် အမျိုးသားပရိသတ်တွေကြားမှာလည်း ရေပန်းစားပါသေးတယ်။

ချစ်သူဟောင်းဖြစ်သူ သူရိယနဲ့အချစ်ရေးကို ပွင့်ပွင့်လင်းလင်းချပြခဲ့ပြီး ပရိသတ်ချစ်ခင်အားကျမှုကို ရရှိခဲ့သည်အထိ အချစ်ရေးမှာပျော်ရွှင်စရာတွေရရှိခဲ့ပေမယ့် လတ်တလောအချိန်မှာတော့ ပြတ်ဆဲကြောင်းသတင်းထွက်ပေါ်ခဲ့တာပဲဖြစ်ပါတယ်။ မထင်မှတ်တဲ့သတင်းကြောင့် ပရိသတ်တွေအံ့အားသင့်ခဲ့ရတာဖြစ်ပြီး ဆုဆုကိုယ်တိုင်လည်း ဒီအခြေအနေကိုဖြတ်ကျော်ဖို့ အကောင်းဆုံး ကြိုးစားခဲ့ရတယ်လို့ဆိုရမှာပါ။အခုအချိန်မှာတော့ ကိုယ်ပိုင်အားအင်အသစ်တွေနဲ့ ထွန်းလင်းတောက်ပဖို့ကြိုးစားနေတဲ့ ဆုဆုကိုတွေ့မြင်ရမှာပါ။ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်နေတဲ့အပြင် လက်ရှိထုတ်လွှင့်ပြသနေတဲ့ “Dancing with the Stars” အစီအစဉ်မှာ ပရိသတ်တွေအတွက် အကောင်းဆုံးယှဉ်ပြိုင်ဖျော်ဖြေနေတာပဲဖြစ်ပါတယ်။

ဆုဆုကတော့ ကံဆိုးမှုတွေအပြီးမှာ စိတ်ဓာတ်ကိုအကောင်းဆုံး ပြန်လည်ပြင်ဆင်နိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး “တစ်ယောက်ထဲ ဘုရင်မပဲလုပ်တော့မယ်” လို့လည်း သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့ပါသေးတယ်။ စိတ်မချမ်းသာစရာတွေဖြစ်လာပြီးနောက်ပိုင်းမှာ အမြန်ဆုံးနလန်ပြန်ထူလာနိုင်ခဲ့တဲ့ ဆုဆုရဲ့စိတ်ဓာတ်ကတော့ အတုယူစရာပါပဲ ပရိသတ်ကြီးရေ။

Source – Hsu Eaint San
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“အခ်စ္ေရးအဆင္မေျပမွုေတြအျပီးမွာ ‘တစ္ေယာက္ထဲ ဘုရင္မပဲလုပ္ေတာ့မယ္’လို႔ ဆိုလာတဲ့ဆုအိမ့္စံ”

ဆုအိမ့္စံကေတာ့ ေမာ္ဒယ္၊ သရုပ္ေဆာင္တစ္ေယာက္အေနနဲ႔ အႏုုပညာေလာကကို ဝင္ေရာက္လာသူျဖစ္ျပီး ပရိသတ္လက္ခံအားေပးမွုကို ရရွိခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာဖူးဖူးေလးနဲ႔ စြဲမက္ဖြယ္ခႏၶာကိုယ္ကို ပုိင္ဆုိင္ထားတာေၾကာင့္ အမ်ိဳးသားပရိသတ္ေတြၾကားမွာလည္း ေရပန္းစားပါေသးတယ္။

ခ်စ္သူေဟာင္းျဖစ္သူ သူရိယနဲ႔အခ်စ္ေရးကို ပြင့္ပြင့္လင္းလင္းခ်ျပခဲ့ျပီး ပရိသတ္ခ်စ္ခင္အားက်မွုကို ရရွိခဲ့သည္အထိ အခ်စ္ေရးမွာေပ်ာ္ရႊင္စရာေတြရရွိခဲ့ေပမယ့္ လတ္တေလာအခ်ိန္မွာေတာ့ ျပတ္္ဆဲေၾကာင္းသတင္းထြက္ေပၚခဲ့တာပဲျဖစ္ပါတယ္။ မထင္မွတ္တဲ့သတင္းေၾကာင့္ ပရိသတ္ေတြအံ့အားသင့္ခဲ့ရတာျဖစ္ျပီး ဆုဆုကိုယ္တုိင္လည္း ဒီအေျခအေနကိုျဖတ္ေက်ာ္ဖို႔ အေကာင္းဆံုး ၾကိဳးစားခဲ့ရတယ္လို႔ဆိုရမွာပါ။အခုအခ်ိန္မွာေတာ့ ကိုယ္ပုိင္အားအင္အသစ္ေတြနဲ႔ ထြန္းလင္းေတာက္ပဖို႔ၾကိဳးစားေနတဲ့ ဆုဆုကိုေတြ႔ျမင္ရမွာပါ။ အႏုပညာအလုပ္ေတြကို ဆက္တိုက္လုပ္ေနတဲ့အျပင္ လက္ရွိထုတ္လႊင့္ျပသေနတဲ့ “Dancing with the Stars” အစီအစဥ္မွာ ပရိသတ္ေတြအတြက္ အေကာင္းဆံုးယွဥ္ျပိဳင္ေဖ်ာ္ေျဖေနတာပဲျဖစ္ပါတယ္။

ဆုဆုကေတာ့ ကံဆိုးမွုေတြအျပီးမွာ စိတ္ဓာတ္ကုိအေကာင္းဆံုး ျပန္လည္ျပင္ဆင္ႏုိင္ခဲ့သူတစ္ေယာက္ျဖစ္ျပီး “တစ္ေယာက္ထဲ ဘုရင္မပဲလုပ္ေတာ့မယ္” လို႔လည္း သူ႔ရဲ႕ေဖ့ဘြတ္ခ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါေသးတယ္။ စိတ္မခ်မ္းသာစရာေတြျဖစ္လာျပီးေနာက္ပိုင္းမွာ အျမန္ဆံုးနလန္ျပန္ထူလာႏုိင္ခဲ့တဲ့ ဆုဆုရဲ႕စိတ္ဓာတ္ကေတာ့ အတုယူစရာပါပဲ ပရိသတ္ၾကီးေရ။

Source – Hsu Eaint San
Rainbow- Cele Gabar

error: Content is protected !!