“၃-က” ရုပ်ရှင်ဇာတ်ကားသစ်ကြီးမှာ မြင်တွေ့ရမယ့် မင်းသမီးချောလေးနန်းဆုဦး

မင်းသမီးလေးတွေထဲမှာ သရုပ်ဆောင်ချက်ကောင်းမွန်တာကြောင့် ပရိသတ်တွေအသိအမှတ်ပြုခံထားရတာကတော့ နန်းဆုဦးဖြစ်ပါတယ်။ခပ်ချေချေမျက်နှာအမူအရာနဲ့အတူ ဆွဲဆောင်မှုရှိရှိဖက်ရှင်ကျကျဝတ်စားတတ်တာကတော့ နန်းဆုဦးရဲ့ပင်ကိုယ်စတိုင်ပါပဲ။


နန်းဆုဦးကို အခုနှစ်မှာတော့ အနန္တ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ မြင်တွေ့ခဲ့ကြရမှာပါ။အခုလည်း (၂၀၂၀)ရဲ့နှစ်စပိုင်းမှာ ပရိသတ်တွေဆီကို ၃-က ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားသစ်ကြီးနဲ့ပြန်လည်ရောက်ရှိလာတော့မှာပါ။ ဖိနှိပ်ခံ မိန်းကလေးများရဲ့ ဘဝအကြောင်းတွေကို လှည့်ကွက်များနဲ့ ဖြစ်ရပ်မှန် အကြောင်းအရာပေါ်မူတည်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကြီးလည်းဖြစ်ပါတယ်။


ဒီဇာတ်ကားမှာတော့ နန်းဆုဦးဟာ အဓိကဇာတ်ဆောင်ဖြစ်ပြီး ပညာမတတ်၊ပိုက်ဆံလည်းမရှိ၊မိဘတွေဘယ်သူမှန်းလည်းမသိတဲ့ မိန်းကလေး ခေါင်ဆိုင်နေရာကနေပြီးတော့ သရုပ်ဆောင်ထားတာပါ။နန်းဆုဦးရဲ့သရုပ်ဆောင်ချက်တွေကိုတော့ ပရိသတ်တွေက အသိအမှတ်ပြုပြီးသားဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့ Official Teaser ကို Cele Gabar ပရိသတ်ကြီးဆီကို ပြန်လည်မျှဝေလိုက်ပါတယ်နော်…


Source : ၃-က ရုပ်ရှင်ဇာတ်ကားကြီး,Moe – Cele Gabar
ဇော်ဂျီဖြင့်ဖတ်ရန်






 

error: Content is protected !!