မကြာခင်မှာ ထွက်ရှိတော့မှာဖြစ်တဲ့မောင်ချိုရဲ့ပထမဆုံး တေးအယ်လ်ဘမ် “Eleven”

Myanmar Idol Season-3 ရဲ့ Winner ဆုနဲ့လွဲချော်ခဲ့ရတဲ့ ချမ်းမြေ့မောင်ချိုကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲစဉ်တွေ တစ်လျှောက်လုံးမှာ ပရိသတ်တွေတစ်ခဲနက်အားပေးခြင်းခံခဲ့ရတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ပါ။ ကျန်းမာရေးအခြေအနေကြောင့် Winner ဆုနဲ့လွှဲချော်ခဲ့ရပေမယ့်လည်း အမာခံပရိသတ်တချို့ရဲ့ရင်ထဲမှာတော့ ပထမဆုရှင်လို့သတ်မှတ်ထားခြင်းခံရသူတစ်ယောက် လို့ဆိုရမှာပါ။ သူ့ရဲ့အသက်(၂၀)ပြည့်မွေးနေ့မှာလည်း ပရိသတ်တွေက စုပေါင်းပြီးကားသစ်တစ်စီးဝယ်ပေးခဲ့တာဖြစ်လို့ မောင်ချိုရဲ့ပရိသတ်အင်အားကတော့ ကြောက်ခမန်းလိလိလို့ ပြောရမှာပါ။

ချမ်းမြေ့မောင်ချိုရဲ့ဆရာအရင်းတစ်ယောက်ဖြစ်သူ တီချယ်ထရေစီကတော့ ထွက်ရှိလာတော့မယ့် ပထမဆုံးအခွေအတွက် “သမီးလေးမောင်ချို…ပြိုင်ပွဲမှာ နောက်ဆုံး Final ကိုမပြိုင်လိုက်ရပေမယ့် ဒီ Album ကိုပရိသတ်အားပေးမှုအများဆုံး Winner ဖြစ်ပါစေလို့ Teacher ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ Final မှာWinner ဖြစ်အောင် Vote ခွင့်မရလိုက်သူများ အခု Vote လုပ်သလို အများကြီး အများကြီးအားပေးကြပါလို့” ဆိုပြီးထွက်ရှိလာတော့မယ် အယ်လ်ဘမ်အသစ်အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့တာဖြစ်ပါတယ်။

မောင်ချိုကတော့ သူ့ရဲ့ပထမဆုံးတစ်ကိုယ်တော်အခွေလေးရဲ့နာမည်ကို သူပြိုင်ပွဲဝင်ခဲ့စဉ်ကနံပါတ်ဖြစ်တဲ့ (11) “Eleven” လို့ပေးထားပြီး နိုဝင်ဘာလ(၁၁)ရက်နေ့မှာ အမှတ်တရအနေနဲ့ထွက်ရှိနိုင်ဖို့ မျှော်မှန်းထားခဲ့တာဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် (၁၁)လပိုင်း(၁၁)ရက်နေ့မှာ “Eleven” အခွေလေးကိုမထွက်ရှိနိုင်ခဲ့ပေမယ့် မကြာခင်မှာတော့ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ မောင်ချိုရဲ့သီချင်းကောင်းလေးတွေ တစ်ဝကြီးနားဆင်ရတော့မှာဆိုတော့ ပရိသတ်ကြီးရေ အားပေးဖို့အသင့်ပဲမလား။

Source – Chanmyae Mgcho, Tracy-Vocal Coach
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

မၾကာခင္မွာ ထြက္ရွိေတာ့မွာျဖစ္တဲ့ေမာင္ခ်ိဳရဲ႕ပထမဆုံး ေတးအယ္လ္ဘမ္ “Eleven”

Myanmar Idol Season-3 ရဲ႕ Winner ဆုနဲ႔လြဲေခ်ာ္ခဲ့ရတဲ့ ခ်မ္းေျမ့ေမာင္ခ်ိဳကေတာ့ ျမန္မာအိုင္ေဒါၿပိဳင္ပြဲစဥ္ေတြ တစ္ေလွ်ာက္လုံးမွာ ပရိသတ္ေတြတစ္ခဲနက္အားေပးျခင္းခံခဲ့ရတဲ့ ၿပိဳင္ပြဲဝင္တစ္ေယာက္ပါ။ က်န္းမာေရးအေျခအေနေၾကာင့္ Winner ဆုနဲ႔လႊဲေခ်ာ္ခဲ့ရေပမယ့္လည္း အမာခံပရိသတ္တခ်ိဳ႕ရဲ႕ရင္ထဲမွာေတာ့ ပထမဆုရွင္လို႔သတ္မွတ္ထားျခင္းခံရသူတစ္ေယာက္ လို႔ဆိုရမွာပါ။ သူ႔ရဲ႕အသက္(၂၀)ျပည့္ေမြးေန႔မွာလည္း ပရိသတ္ေတြက စုေပါင္းၿပီးကားသစ္တစ္စီးဝယ္ေပးခဲ့တာျဖစ္လို႔ ေမာင္ခ်ိဳရဲ႕ပရိသတ္အင္အားကေတာ့ ေၾကာက္ခမန္းလိလိလို႔ ေျပာရမွာပါ။

ခ်မ္းေျမ့ေမာင္ခ်ိဳရဲ႕ဆရာအရင္းတစ္ေယာက္ျဖစ္သူ တီခ်ယ္ထေရစီကေတာ့ ထြက္ရွိလာေတာ့မယ့္ ပထမဆုံးအေခြအတြက္ “သမီးေလးေမာင္ခ်ိဳ…ၿပိဳင္ပြဲမွာ ေနာက္ဆုံး Final ကိုမၿပိဳင္လိုက္ရေပမယ့္ ဒီ Album ကိုပရိသတ္အားေပးမႈအမ်ားဆုံး Winner ျဖစ္ပါေစလို႔ Teacher ဆုမြန္ေကာင္းေတာင္းလိုက္ပါတယ္။ Final မွာWinner ျဖစ္ေအာင္ Vote ခြင့္မရလိုက္သူမ်ား အခု Vote လုပ္သလို အမ်ားႀကီး အမ်ားႀကီးအားေပးၾကပါလို႔” ဆိုၿပီးထြက္ရွိလာေတာ့မယ္ အယ္လ္ဘမ္အသစ္အတြက္ ဆုမြန္ေကာင္းေတာင္းေပးခဲ့တာျဖစ္ပါတယ္။

ေမာင္ခ်ိဳကေတာ့ သူ႔ရဲ႕ပထမဆုံးတစ္ကိုယ္ေတာ္အေခြေလးရဲ႕နာမည္ကို သူၿပိဳင္ပြဲဝင္ခဲ့စဥ္ကနံပါတ္ျဖစ္တဲ့ (11) “Eleven” လို႔ေပးထားၿပီး ႏိုဝင္ဘာလ(၁၁)ရက္ေန႔မွာ အမွတ္တရအေနနဲ႔ထြက္ရွိႏိုင္ဖို႔ ေမွ်ာ္မွန္းထားခဲ့တာျဖစ္ပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ (၁၁)လပိုင္း(၁၁)ရက္ေန႔မွာ “Eleven” အေခြေလးကိုမထြက္ရွိႏိုင္ခဲ့ေပမယ့္ မၾကာခင္မွာေတာ့ ထြက္ရွိလာေတာ့မွာျဖစ္ပါတယ္။ ေမာင္ခ်ိဳရဲ႕သီခ်င္းေကာင္းေလးေတြ တစ္ဝႀကီးနားဆင္ရေတာ့မွာဆိုေတာ့ ပရိသတ္ႀကီးေရ အားေပးဖို႔အသင့္ပဲမလား။

Source – Chanmyae Mgcho, Tracy-Vocal Coach
Rainbow- Cele Gabar

x