“အလွမ်း သီချင်းလေးတွေနဲ့ ပရိသတ်တွေရဲ့အသည်းကို သိမ်းပိုက်ထားတဲ့ လူငယ်အဆိုတော် (၃)ဦး”

မြန်မာနိုင်ငံရဲ့ တေးချစ်ပရိသတ်တွေရဲ့ အသည်းနှလုံးကို အလွမ်းသီချင်းလေးတွေနဲ့ သိမ်းပိုက်ထားတဲ့ လူငယ်အဆိုတော်(၃)ဦးကတော့ အဆိုတော် ဂျိုးလေး၊ မင်းခန့်(Chinese) ၊SHINE (ရှိုင်း) တို့ပဲဖြစ်ပါတယ်။

(၁) ဂျိုးလေး

“ထွက်သက်မတိုင်မှီ” ဆိုတဲ့ အလွမ်းသီချင်းလေးရဲ့ နားထောင်သူတိုင်းကို မျက်ရည်လည်စေအောင်ရေးသားထားတဲ့ စာသားလေးတွေနဲ့ ထူးခြားတဲ့အသံကာလာကြောင့် ပရိသတ်တွေရဲ့ အသည်နှလုံးကို သိမ်းပိုက်ထားသူကတော့ အဆိုတော်ဂျိုးလေးပဲဖြစ်ပါတယ်။သူကတော့ ထွက်သမျှသီချင်းတိုင်းလိုမှာ ပရိသတ်တွေရဲ့ရင်ကိုလှုပ်ခတ်နိုင်ခဲ့ပြီး ဂျိုးလေးဟာ သီချင်းမထွက်လဲမထွက်ဘူး ထွက်ပြီဆိုလဲ ရင်ထဲရောက်အောင် အမြဲဆိုနိုင်တဲ့ ပါရမီရှင်အဆိုတော်တစ်ယောက်ပါ။လက်ရှိမှာလည်း “ခွင့်မလွှတ်ခြင်းနဲ့ချစ်ပါ” ဆိုတဲ့ အလွမ်းအဆွေးသီချင်းသစ်လေး ထွက်ရှိထားပြီး စာသားတွေက ထိမိလွန်းပြီး နားထောင်ရသူတိုင်း တစ်ယောက်ယောက်ကိုလွမ်းတယ်ဆိုတဲ့ ခံစားချက်ကိုခံစားစေရမယ့် သီချင်းပဲဖြစ်ပါတယ်။

(၂) မင်းခန့်(Chinese)

“ပြန်ချစ်ကြမယ်” ဆိုတဲ့ အလွမ်းသီချင်းလေးနဲ့ ပရိသတ်တွေစတင် သတိပြုအားပေးလာတဲ့ မင်းခန့်(Chinese) ကတော့ မကြာသေးမှီကမှ ထွက်ရှိလာတဲ့ “အဆင်ပြေဖို့ခက်တယ်” သီချင်းသစ်နဲ့အတူ ပရိသတ်တွေရဲ့ အသည်းနှလုံးကိုသိမ်းပိုက်ခဲ့ကာ ပရိသတ်တွေရဲ့ အကြိုက်ဆုံး သီချင်းနံပါတ်(၁)ကို (၂)ပတ်တိတိ ရပ်တည်ခဲ့ပါတယ်။မင်းခန့်ကတော့ Chinese Pop အမျိုးအစား သီချင်းအေးအေးလေးတွေသီဆိုတာဖြစ်ပြီး သူရဲ့ အအောင်မြင်ဆုံးအလွမ်းသီချင်းကိုတော့ ကိုယ်တိုင်ရေးသားထားပါတယ်။

(၃) SHINE(ရှိုင်း)

(၈)တန်းနှစ်လောက်ကတည်းကို သီချင်းဘက်ကိုအရမ်းရူးသွပ်စိတ်ဝင်စားလာတဲ့ ရခိုင်တိုင်ရင်းသား SHINE(ရှိုင်း)ကိုတော့ “PROPOSER” ဆိုတဲ့ အချစ်သီချင်းလေးနဲ့ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုရရှိခဲ့ပြီး “The Old You” ဆိုတဲ့ အလွမ်းသီချင်းလေးကတော့ နားထောင်သူတိုင်းရဲ့ ရင်ကိုရိုက်ခက်ခဲ့ကာ ပရိသတ်တွေရဲ့ အသည်းနှလုံးကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။သူကတော့ R&B အမျိုးအစားသီချင်းတွေကို ရေးသားသီဆိုပြီး ပရိသတ်အခိုင်အမာရရှိနေပြီဖြစ်တဲ့ လူငယ်အဆိုတော်တစ်ဦးပဲဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရော တေးချစ်ပရိသတ်တွေရဲ့ အသည်းနှလုံးကို အလွမ်းသီချင်းလေးတွေနဲ့ သိမ်းပိုက်ထားတဲ့ အဆိုတော် ဂျိုးလေး၊ မင်းခန့်(Chinese) ၊SHINE (ရှိုင်း) လူငယ်အဆိုတော်(၃)ဦးထဲမှ ဘယ်သူသီချင်းတွေကို ပိုကြိုက်နှစ်သက်ကြလဲ။

DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်



(၁) ဂျိုးလေး


(၂) မင်းခန့်(Chinese)


(၃) SHINE(ရှိုင်း)



error: Content is protected !!