“မျက်နှာပြုပြင်ပြီးနောက် ယောင်နေပြီး သိပ်မသက်သာသေးတဲ့အကြောင်းရင်ဖွင့်လာတဲ့ ထွန်းအိန္ဒြာဗိုလ်”

ပရိသတ်တွေကချစ်စနိုးနဲ့ မခိုင်ကြီးလို့ ခေါ်ကြတဲ့ အဆိုတော် ထွန်းအိန္ဒြာဗိုလ်ကတော့ မကြာသေးမီက မျက်ရစ် ခွဲစိပ်ခြင်း၊အသားအရည်ပြောင်းလဲခြင်း၊အသားအရည် ပင့်တင်ခြင်းတွေကို ကိုရီးယားနိုင်ငံ ဆိုလ်းမြို့မှာ သွားရောက် ပြုလုပ်ထားတာ ပရိသတ်တွေသိရှိပြီးဖြစ်မှာပါ။ပရိသတ်တွေကတော့ မခိုင်ကြီးတစ်ယောက် ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုပြီး မျက်နှာပြုပြီးနောက်ပြောင်းလဲသွားတဲ့ ပုံလေးတွေကို ပြဖို့အတွက်ကိုလည်း တောင်းဆိုနေကြပါသေးတယ်။

မခိုင်ကြီးကတော့ ကုသမှုရဲ့ ရလဒ်ဟာ (၆)လကြာပြီးမှသာအသားကျပြီး ရလဒ်အမှန်ကို သိရှိရမှာဖြစ်တဲ့အကြောင်းကိုလည်းပရိသတ်တွေကို အသိပေးထားပါသေးတယ်။သို့ပေမဲ့ မျက်နှာပြုပြင်ပြောင်းလဲခြင်းပြုလုပ်ပြီး (၂၅)ရက်မြောက်နေ့မှာတော့ ပြောင်းလဲလာတဲ့ မျက်နှာလေးကို ပရိသတ်တွေတောင်းဆိုနေတာကြောင့် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ဓာတ်ပုံလေးတွေကိုတင်ပြီး မျက်နှာလေးကို ထုတ်ပြခဲ့ပါတယ်။

မခိုင်ကြီးကို ချစ်ပြီးအားပေးတဲ့ ပရိသတ်တွေကတော့ အမြဲလိုလို မခိုင်ကြီးတစ်ယောက် မျက်နှာပြုပြင်ထားတာ သက်သာရဲ့လားလို့ အမြဲတမ်းလိုလို ဂရုတစိုက်နဲ့ မေးမြန်းနေကြတာဖြစ်ပြီး မခိုင်ကြီးကတော့ ပရိသတ်တွေမေးမြန်းနေကြတဲ့ မေးခွန်းလေးအတွက်ကို “မျက်နှာ ယောင်တာ သက်သာလားလို့ မေးကြတဲ့ fans တွေအတွက်ပါ။ သိပ်မသက်သာသေးဘူးလေ”လို့ အရမ်းကြီးမသက်သာသေးတဲ့ အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖြေကြားပေးထားပါတယ်။CeleGabar ပရိသတ်ကြီးရေ မခိုင်ကြီးရဲ့ လက်ရှိမျက်နှာပုံလေးတွေကိုလည်း မျှဝေပေးလိုက်ပါတယ်။

Source – Htun Aeindra Bo
CleoPaTra – CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်။

 





Source – Htun Aeindra Bo
CleoPaTra – CeleGabar

error: Content is protected !!