Top – 4 အဆင့်အထိတက်လှမ်းဖို့အတွက်အခွင့်အရေးရရှိသွားနိုင်တဲ့ ပြိုင်ပွဲဝင်(၄)ဦးကဘယ်သူတွေဖြစ်လဲ

ပရိသတ်တွေစိတ်ဝင်တစားနဲ့ရင်ခုန်ရမယ့် မြန်မာအိုင်ဒေါ Week 7 ရဲ့Result Show ကတော့ ဒီညကျင်းပမှာဖြစ်ပါတယ်။ဒီတစ်ပန်မှာတော့ Top -5 သာကျန်ရှိတော့တာဖြစ်ပြီး မနေ့ကလည်း ထင်ရှားကျော်ကြားတေးသီချင်းများ နဲ့သီဆိုယှဉ်ပြိုင်ခဲ့ကြတာပါ။


သူတို့(၅)ဦးကတော့ Mooler က တစ်ယောက်တည်းပါ၊အေးမြဖြူကတော့ အဆင်ပြေပါတယ်၊အက်စတာက အသဲကွဲအထိမ်းအမှတ်၊ယောကီးကတော့ မရှိတော့ဘူး နဲ့ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဘင်ဂျမင်းဆုမ်းကတော့ ဆေး သီချင်းနဲ့အကောင်းဆုံးသီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။ဒီတစ်ပတ် Performance Show မှာတော့ မြန်မာအိုင်ဒေါပြိုင်ပွဲဝင်တွေကတော့ တစ်ယောက်တစ်မျိုးစီ အကောင်းဆုံးသီဆိုယှဉ်ပြိုင်ခဲ့ကြတာပါ။


ပရိသတ်တွေကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲရဲ့ပဏာမပြိုင်ပွဲကျင်းပကတည်းက စိတ်ဝင်တစားနဲ့စောင့်ကြည့်အားပေးလာခဲ့ကြတာပါ။အခုဆိုရင်တော့ ဆန်ကာတင်ရွေးချယ်လိုက်တဲ့ Top Finalist (၁၁) ဦးထဲက နောက်ဆုံး(၅)ယောက်သာကျန်တော့တာပါ။ဒီညကျင်းပမဲ့ Result Show မှာ ဆိုရင် နောက်ထပ်တစ်ဦးကအိမ်ပြန်ရမှာဖြစ်ပြီး Top – 4 လေးဦးသာကျန်တော့မှာပါ။တဖြည်းဖြည်းနဲ့ Winner ဆုရရှိဖို့အခွင့်အရေးကိုနီးကပ်လာတာဖြစ်ပြီး အရမ်းကိုရင်ခုန်စရာကောင်းနေပါပြီနော်။Cele Gabar ပရိသတ်ကြီးကရော ဒီညမှာဘယ်သူကအိမ်ပြန်ရမယ်လို့ထင်ပါသလဲနော်….
Source : MMID
Moe – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်






x
error: Content is protected !!