နေခြည်ဦးရဲ့အကစွမ်းရည်တွေကို ပရိသတ်တွေသဘောကျခဲ့ရတဲ့ Dancing With The Stars အစီအစဉ်
Beauty Blogger တစ်ယောက်အဖြစ်ကနေ မင်းသမီးတစ်လက်ဖြစ်လာတဲ့နေခြည်ဦးကိုတော်တော်များများသိကြမှာပါ။နေခြည်ဦးဟာ Beauty Blogger အနေနဲ့နာမည်ကြီးလာခဲ့သူတစ်ယောက်ဖြစ်ပြီး မင်းသမီးတစ်ယောက်အနေနဲ့အချိန်တိုအတွင်းအောင်မြင်လာခဲ့တာပါ။မကြာသေးခင်ကပဲ မင်းသားချောမိုရီဆာကီဝင်းနဲ့တွဲဖက်ပြီး”အိမ်မက်တွေမိုးထားတဲ့အိမ်” ဆိုတဲ့ ဇာတ်လမ်းတွဲလေးကိုရိုက်ကူးပြီးစီးခဲ့တာပါ။
နေခြည်ဟာဘက်စုံတော်တဲ့သူတစ်ယောက်လို့ ချီးကျူးရဦးမယ့်အချက်ကတော့ တီဗွီအစီအစဉ်တစ်ခုမှာ နေခြည်ပါဝင်လာတာကြောင့်ဖြစ်ပါတယ်။MRTV-4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသနေတဲ့ Dancing With The Stars အစီအစဉ်ကတော့ ပရိသတ်တွေအကြိုက်တွေ့နေတဲ့အစီအစဉ်လေးတစ်ခုပါ။ဒီအစီအစဉ်လေးကို အဓိကကူညီပံ့ပိုးပေးတဲ့ Rexona ရဲ့ Brand Embassador ဖြစ်တဲ့ နေခြည်ဦးကတော့ ဒီပွဲလေးမှာRexona ရဲ့ အဖွင့်လေးကိုကပြပေးခဲ့ပါတယ်။
အရောင်တောက်တောက်ဝတ်စုံလေးကိုဝတ်ပြီး ကပြခဲ့တဲ့နေခြည်ကတော့ ပရိသတ်တွေကို ဆွဲဆောင်ခဲ့ပါတယ်။နေခြည်ကတော့ အချိန်တိုအတွင်းအောင်မြင်လာတဲ့ မင်းသမီးအနေနဲ့သတ်မှတ်ခံထားရသလို အကစွမ်းရည်တွေကိုလည်းပရိသတ်ကိုချပြခဲ့ပြန်ပါပြီ။ဘက်စုံတော်လွန်းနေတဲ့ နေခြည်ကို ပရိသတ်ေတွေကတော့ အချစ်နေပိုနေရပါပြီနော်…
Source : NayChiOo
Moe – CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်
x
error: Content is protected !!