“မလေးရှားနိုင်ငံမှာ လေ့ကျင့်ရေးတွေ လုပ်ကိုင်နေတဲ့ သက်ထားသူဇာ”

မြန်မာနိုင်ငံရဲ့ နိုင်ငံဂုဏ်ဆောင် အားကစားမယ်လေး သက်ထားသူဇာကတော့ လတ်တလော မလေးရှားနိုင်ငံကိုရောက်ရှိနေပါတယ်။ သက်ထားသူဇာဟာ မလေးရှားနိုင်ငံမှာ Asia Olympic Project ကနေစီစဉ်ပေးသောTrainingတွင် လေ့ကျင့်မှုများပြုလုပ်ရန်အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၅)ရက်နေ့ကတည်းကမြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံကို ထွက်ခွာသွားခဲ့တာပါ။

သက်ထားသူဇာက Asia Olympic Project မှာတော့ အီရန်၊လက်ဘနွန်၊ မော်လ်ဒိုက်စ်၊လာအို၊မြန်မာ၊ဗီယက်နမ်၊ဂျော်ဒန်၊ပါကစ္စတန်၊သီရိလင်္ကာ စတဲ့နိုင်ငံတွေမှ ကစားသမားပေါင်း အယောက်(၂၀)နဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ပေးနေတာလည်း ဖြစ်ပါတယ်။လာမည့် ဒီဇင်ဘာလ (၂၅)ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် အမျိုးသားတံခွန်စိုက် ကြက်တောင်ရိုက်ပြိုင်ပွဲကြီးအမှီ သက်ထားသူဇာကတော့ မြန်မာနိုင်ငံကိုပြန်လာမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

CeleGabar ပရိသတ်ကြီးရေ သက်ထားသူဇာကတော့ မြန်မာနိုင်ငံအတွက် လက်ရွေးစင်အားကစားသမားအနေနဲ့ ပြိုင်ပွဲပေါင်းများစွာကို ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်တွေကိုလည်း ရယူပေးထားနိုင်တဲ့ နိုင်ငံဂုဏ်ဆောင်အားကစားမယ်လေးတစ်ယောက်ပါ။အသက် (၇)နှစ်အရွယ်ကတည်းက ကြက်တောင်အားကစားကို စတင်ကစားခဲ့ပြီး ထိုင်းနိုင်ငံရဲ့ ဘုရင်မင်းမြတ်ကိုယ်တိုင်ကချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဆု (၆)ဆုအထိကို ရရှိထားတဲ့အထိကို တော်တဲ့ သူတစ်ယောက်ပါ။

Source – THET HTAR Thuzar, Badminton Asia Development
Chilli – CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်။





Chilli – CeleGabar

x
error: Content is protected !!