ယောကျာ်းတစ်ယောက်ရဲ့ဝေခွဲမရတဲ့ချစ်ခြင်းတွေနဲ့ ခွင့်လွှတ်ချစ်တတ်လွန်းတဲ့မိန်းမတစ်ယောက်တို့ကြားက အဆုံးသတ်ဟာဘယ်လိုဖြစ်လာမလဲ

အချစ်နဲ့မကင်းတဲ့လူသားတွေရဲ့ဘဝမှာ မိမိရဲ့အချစ်ရေး၊အိမ်ထောင်ရေးကို သာယာပျော်ရွှင်စွာနဲ့အကောင်းဆုံးတည်ဆောက်ကြတာပါ။မျှော်လင့်မထားတာတွေလည်းဖြစ်တတ်တဲ့ လောကကြီးမှာ ပျော်ရွှင်ရမယ်မျှော်လင့်ခဲ့ပေမဲ့ တကယ်တမ်းရင်နာကြေကွဲစရာအဖြစ်အပျက်တွေကိုလည်း ကြုံရတတ်ပါသေးတယ်။သုံးပွင့်ဆိုင်အချစ်တွေကြားက ချည်ဟာ ကြေကွဲစရာအဖြစ်အပျက်တွေပါဝင်နေပါတယ်။ဒီဇာတ်ကားဟာ ဒါရိုက်တာညွန့်မြန်မာညီညီအောင်ရိုက်ကူးထားပြီး နေတိုး၊သက်မွန်မြင့်နဲ့ရွှေသမီး တို့ အဓိကပါဝင်သရုပ်ဆောင်ထားတာပါ။


ပရိသတ်အချစ်တော်သက်မွန်မြင့်ကတော့ မူရာဆိုတဲ့အမျိုးသမီးတစ်ယောက်အနေနဲ့ ပါဝင်ထားပြီး ခင်ပွန်းဖြစ်သူအပေါ်စံထားလောက်အောင် ချစ်တတ်လွန်းတဲ့မိန်းမသားတစ်ယောက်ပါ။မူရာရဲ့ခင်ပွန်းဖြစ်သူအပေါ်နားလည်ခွင့်လွှတ်မှုဟာ”မူရာပေးတဲ့လက်ဆောင်ကိုမောင်တခြားတစ်ယောက်ကိုပေးတယ်ဆိုမှတော့ မောင်အလေးထားလို့ပေါ့။မောင်အလေးထားတဲ့သူဆို မောင်ချစ်တဲ့ခင်တဲ့သူဆိုရင် မူရာကလည်းအလိုလိုချစ်ပြီးသားပါ” ဆိုပြီး စိတ်သဘောထားကြီးမားတာကိုတွေ့ရမှာပါ။ဒါ့အပြင် ခင်ပွန်းသည်ကို တခြားအမျိုးသမီးတစ်ယောက်နဲ့သတင်းတွေကြားချိန်မှာလည်း ဒေါသမထွက်ရက်ဘဲ “ရက်စက်လိုက်တာ” ဆိုပြီး ယူကြုံးမရခြင်းနဲ့အတူ မျက်ရည်ကျခဲ့သူပါ။မိမိဆီကခင်ပွန်းဖြစ်သူက ထွက်သွားတော့မယ်လို့ခံစားရချိန်မှာတောင်မှ❝ မောင်.. ငါ့ဆီက ထွက်သွားရင်တောင်ငါ့ကိုမုန်းလို့ထွက်သွားတာမျိုး မဖြစ်ချင်ဘူး ..မောင်.. စိတ်ချမ်းသာတာကိုပဲ ငါမြင်ချင်တယ်❞ဆိုတဲ့ အချစ်ကြီးချစ်တတ်သူ မူရာပါ…


မူရာရဲ့ခင်ပွန်းဖြစ်သူ ခွန်းဒအနေနဲ့ပါဝင်သရုပ်ဆောင်ထားတဲ့နေတိုးဟာလည်း ဇနီးဖြစ်သူနဲ့ မိမိကိုစိတ်ယိုင်နေတဲ့မိန်းကလေးကြားမှာ ဝေခွဲမရစွာဖြစ်နေခဲ့ရသူပါ။တစ်ဖက်မှာလည်း ချစ်တဲ့ဇနီးသည်နဲ့သမီးဖြစ်သူတို့နဲ့အတူတည်ဆောက်ထားတဲ့အိမ်ထောင်ရေး တစ်ဖက်မှာလည်း မိမိကိုယ်တမ်းတမ်းစွဲကာရူးရူးမိုက်မိုက်ချစ်နေတဲ့မိန်းမငယ်လေးကြား “ကိုယ်တိုင် မသိလိုက်တဲ့
ငြိတွယ်ခြင်းတွေကြား ငါ ဘာတွေလုပ်နေမိတာလဲ…” လို့ ရေရွတ်ကာဝေခွဲမရဖြစ်နေခဲ့ပါပြီ။


ရှေ့ဆက်ဖို့ခက်နေတဲ့ ဒီအခြေအနေမှာ ခွန်းဒဟာ နားလည်ခွင့်လွှတ်တတ်သူဇနီးနဲ့သမီးလေးကိုပဲ ရွေးချယ်မလား ရူးရူးမိုက်မိုက်အချစ်သရဲမလေးကိုပဲရွေးချယ်မလားဆိုတာ ခန့်မှန်းရခက်နေပါပြီနော်။မထင်မှတ်ဘဲကြုံရတတ်တဲ့ အိမ်ထောင်ရေးပြဿနာတွေကြားမှာ ချည်ဇာတ်ကားဟာ ပရိသတ်ကိုဘယ်လိုတွေချည်မယ်ဆိုတာကတော့ ဒီဇင်ဘာလ(၂၆)ရက်နေ့မှာ ရင်ခုန်စွာကြည့်ရှု့ရတော့မှာပါ။
Source : ချည်ရုပ်ရှင်ဇာတ်ကားကြီး
Moe – CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

ေယာက်ာ္းတစ္ေယာက္ရဲ႕ေဝခြဲမရတဲ့ခ်စ္ျခင္းေတြနဲ႔ ခြင့္လႊတ္ခ်စ္တတ္လြန္းတဲ့မိန္းမတစ္ေယာက္တို႔ၾကားက အဆုံးသတ္ဟာဘယ္လိုျဖစ္လာမလဲ
အခ်စ္နဲ႔မကင္းတဲ့လူသားေတြရဲ႕ဘဝမွာ မိမိရဲ႕အခ်စ္ေရး၊အိမ္ေထာင္ေရးကို သာယာေပ်ာ္႐ႊင္စြာနဲ႔အေကာင္းဆုံးတည္ေဆာက္ၾကတာပါ။ေမွ်ာ္လင့္မထားတာေတြလည္းျဖစ္တတ္တဲ့ ေလာကႀကီးမွာ ေပ်ာ္႐ႊင္ရမယ္ေမွ်ာ္လင့္ခဲ့ေပမဲ့ တကယ္တမ္းရင္နာေၾကကြဲစရာအျဖစ္အပ်က္ေတြကိုလည္း ႀကဳံရတတ္ပါေသးတယ္။သုံးပြင့္ဆိုင္အခ်စ္ေတြၾကားက ခ်ည္ဟာ ေၾကကြဲစရာအျဖစ္အပ်က္ေတြပါဝင္ေနပါတယ္။ဒီဇာတ္ကားဟာ ဒါ႐ိုက္တာၫြန႔္ျမန္မာညီညီေအာင္႐ိုက္ကူးထားၿပီး ေနတိုး၊သက္မြန္ျမင့္နဲ႔ေ႐ႊသမီး တို႔ အဓိကပါဝင္သ႐ုပ္ေဆာင္ထားတာပါ။


ပရိသတ္အခ်စ္ေတာ္သက္မြန္ျမင့္ကေတာ့ မူရာဆိုတဲ့အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ ပါဝင္ထားၿပီး ခင္ပြန္းျဖစ္သူအေပၚစံထားေလာက္ေအာင္ ခ်စ္တတ္လြန္းတဲ့မိန္းမသားတစ္ေယာက္ပါ။မူရာရဲ႕ခင္ပြန္းျဖစ္သူအေပၚနားလည္ခြင့္လႊတ္မႈဟာ”မူရာေပးတဲ့လက္ေဆာင္ကိုေမာင္တျခားတစ္ေယာက္ကိုေပးတယ္ဆိုမွေတာ့ ေမာင္အေလးထားလို႔ေပါ့။ေမာင္အေလးထားတဲ့သူဆို ေမာင္ခ်စ္တဲ့ခင္တဲ့သူဆိုရင္ မူရာကလည္းအလိုလိုခ်စ္ၿပီးသားပါ” ဆိုၿပီး စိတ္သေဘာထားႀကီးမားတာကိုေတြ႕ရမွာပါ။ဒါ့အျပင္ ခင္ပြန္းသည္ကို တျခားအမ်ိဳးသမီးတစ္ေယာက္နဲ႔သတင္းေတြၾကားခ်ိန္မွာလည္း ေဒါသမထြက္ရက္ဘဲ “ရက္စက္လိုက္တာ” ဆိုၿပီး ယူႀကဳံးမရျခင္းနဲ႔အတူ မ်က္ရည္က်ခဲ့သူပါ။မိမိဆီကခင္ပြန္းျဖစ္သူက ထြက္သြားေတာ့မယ္လို႔ခံစားရခ်ိန္မွာေတာင္မွ❝ ေမာင္.. ငါ့ဆီက ထြက္သြားရင္ေတာင္ငါ့ကိုမုန္းလို႔ထြက္သြားတာမ်ိဳး မျဖစ္ခ်င္ဘူး ..ေမာင္.. စိတ္ခ်မ္းသာတာကိုပဲ ငါျမင္ခ်င္တယ္❞ဆိုတဲ့ အခ်စ္ႀကီးခ်စ္တတ္သူ မူရာပါ…


မူရာရဲ႕ခင္ပြန္းျဖစ္သူ ခြန္းဒအေနနဲ႔ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ေနတိုးဟာလည္း ဇနီးျဖစ္သူနဲ႔ မိမိကိုစိတ္ယိုင္ေနတဲ့မိန္းကေလးၾကားမွာ ေဝခြဲမရစြာျဖစ္ေနခဲ့ရသူပါ။တစ္ဖက္မွာလည္း ခ်စ္တဲ့ဇနီးသည္နဲ႔သမီးျဖစ္သူတို႔နဲ႔အတူတည္ေဆာက္ထားတဲ့အိမ္ေထာင္ေရး တစ္ဖက္မွာလည္း မိမိကိုယ္တမ္းတမ္းစြဲကာ႐ူး႐ူးမိုက္မိုက္ခ်စ္ေနတဲ့မိန္းမငယ္ေလးၾကား “ကိုယ္တိုင္ မသိလိုက္တဲ့
ၿငိတြယ္ျခင္းေတြၾကား ငါ ဘာေတြလုပ္ေနမိတာလဲ…” လို႔ ေရ႐ြတ္ကာေဝခြဲမရျဖစ္ေနခဲ့ပါၿပီ။


ေရွ႕ဆက္ဖို႔ခက္ေနတဲ့ ဒီအေျခအေနမွာ ခြန္းဒဟာ နားလည္ခြင့္လႊတ္တတ္သူဇနီးနဲ႔သမီးေလးကိုပဲ ေ႐ြးခ်ယ္မလား ႐ူး႐ူးမိုက္မိုက္အခ်စ္သရဲမေလးကိုပဲေ႐ြးခ်ယ္မလားဆိုတာ ခန႔္မွန္းရခက္ေနပါၿပီေနာ္။မထင္မွတ္ဘဲႀကဳံရတတ္တဲ့ အိမ္ေထာင္ေရးျပႆနာေတြၾကားမွာ ခ်ည္ဇာတ္ကားဟာ ပရိသတ္ကိုဘယ္လိုေတြခ်ည္မယ္ဆိုတာကေတာ့ ဒီဇင္ဘာလ(၂၆)ရက္ေန႔မွာ ရင္ခုန္စြာၾကည့္ရႈ႕ရေတာ့မွာပါ။

x
error: Content is protected !!