“မွေးနေ့မှာ ယောကီးရဲ့ ဆေးထိုးတာကို ခံလိုက်ရတဲ့ Mooler”

ဒီနေ့ ဒီဇင်ဘာလ (၂၅)ရက်နေ့လေးကတော့ Myanmar Idol Season (4) ပြိုင်ပွဲကြီးရဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ Moolerရဲ့ မွေးနေ့ရက်မြက်ကျရောက်တဲ့နေ့လေးပဲဖြစ်ပါတယ်။Moolerဟာဆိုရင် Myanmar Idol Season (4)ပြိုင်ပွဲကြီးမှာ Top (4)အထိပါဝင်ခွင့်ရရှိခဲ့ပြီး ပြီးခဲ့တဲ့ တစ်ပတ်ယှဉ်ပြိုင်မှုမှာတော့ အကောင်းဆုံးဖျော်ဖြေနိုင်ခဲ့ပေမဲ့လည်း Voting Result အရတော့ ပြိုင်ပွဲကြီးက နှုတ်ဆက်ထွက်ခွာခဲ့ရတာပါ။

ဒီနေ့လေးမှာကျရောက်တဲ့ Moolerရဲ့မွေးနေ့လေးအတွက်ကိုတော့ အတူတူပြိုင်ပွဲဝင်ခဲ့တဲ့ ယောကီးက “ံHappybirthday ပါ သားလေး အမြဲ စတိုင်ကျကျ အိပ်နိုင်ပါစေ။ပြီးတော့ အကို့စကားကို အမြဲနားထောင်နိုင်ပါစေ။အဲ့လဲ အဲ့မယ်”ဆိုပြီး အိပ်နေတဲ့ ပုံလေးတွေဆေးထိုးပြီး မွေးနေ့ဆုတောင်ပေးခဲ့ပါသေးတယ်။Moolerနဲ့ ယောကီးတို့ နှစ်ယောက်က ပြိုင်ပွဲမှာ အတူတူယှဉ်ပြိုင်ခဲ့ရပေမဲ့ ညီအစ်ကို အရင်းတွေလို ချစ်ခင်ကြတဲ့သူနှစ်ယောက်ပဲဖြစ်ပါတယ်။

အတူတူပြိုင်ပွဲဝင်နေခဲ့စဉ်တုန်းကလည်း တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ အမြဲတမ်းလိုလို ပရိသတ်တွေကို Live လွှင့်ကာ နှစ်ယောက်အတူတူသီချင်းတွေ ဆိုပြလေ့ရှိခဲ့ပါတယ်။ ပရိသတ်တွေကတော့ အခုလို Mooler နဲ့ ယောကီးတို့ ချစ်ချစ်ခင်ခင်နဲ့ ပျော်ပျော်ရွှင်ရွှင်စနောက်နေကြတာကိုလည်း သဘောကျနေကြပါသေးတယ်။CeleGabar ပရိသတ်ကြီးတွေရော ဒီနေ့မှာကျရောက်တဲ့ Mooler ရဲ့ မွေးနေ့လေးအတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ပြောသွားပေးပါဦး။

Souece – Yaw Kee
Chilli – CeleGabar
ဇော်ဂျီဖြင့် ဖတ်ရန်။





Souece – Yaw Kee
Chilli – CeleGabar

x
error: Content is protected !!