“မန္တလေးကလေးဆေးရုံကြီးရှေ့ ကားထိုးအိပ်ခဲ့ကာ ကင်ဆာရောဂါသည် ကလေးတွေကို ဖျော်ဖြေခဲ့တဲ့ Five Star လူရွှင်တော်အဖွဲ့”

ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေဖို့ ဟာဒယရွှင်ဆေးတိုက်ပြီး ဖျော်ဖြေတဲ့ လူရွှင်တော်တွေထဲကမှ ပရိသတ်အချစ်တော် Five Star အဖွဲ့ကတော့ မန္တလေးကလေးဆေးရုံကြီးမှ ကင်ဆာရောဂါသည် ကလေးတွေကို ဖျော်ဖြေဖြစ်ခဲ့ပုံကို “ ကလေးဆေးရုံကကင်ဆာကလေးအမေ တစ်ယောက်က ဖုန်းဆက်အကူအညီတောင်းလို့သနားတာ နဲ့ကျန်တဲ့အဖွဲ့သားတွေဆန္ဒကိုမေးတော့ သူတို့ကလဲကူညီချင်တယ်ဆိုလို့ ဒီညရွှေဘိုမှာကပြီးတာနဲ့ ညတွင်းချင်း ကိုထွက်လာမယ် မနက်ကျလာခေါ်ဦး’လို့ပြောပါတယ်။” လို့ “ကုတင်၃၀၀ဆံကလေးဆေးရုံကြီး မန္တလေး ကလေးသွေးရောဂါနှင့်ကင်ဆာဌာန ကျန်းမာရေးမိသားစု နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲ” အခန်းအနားရဲ့ တာဝန်ရှိသူတစ်ယောက်ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Five Star အဖွဲ့ကတော့ အပြင်မှာလည်းသိကျွမ်းချင်းမရှိတဲ့ ကလေးဆေးရုံကကင်ဆာကလေးအမေ တစ်ယောက်က ဖုန်းဆက်အကူအညီတောင်းတာကို ကူညီပေးချင်တာတဲ့ စိတ်ဓာတ်လေးကတော့ လေးစားစရာပါပဲနော်။သူတို့ကတော့ ရွှေဘိုမှာ ကပြီးတာနဲ့ ညတွင်းချင်းထွက်လာရတာမို့ မနက်(၅)နာရီလောက်ရောက်ခဲ့တာနဲ့ မန္တလေးကလေးဆေးရုံရှေ့မှာ ကားထိုးပြီးအိပ်ခဲ့ကာ အိပ်ရေးမဝတဝ၊ မျက်နှာလဲမသစ်ရနဲ့ကလေးတွေကို ဖျော်ဖြေပေးခဲ့တာကို “မနက်ကိုအောင်သော်ဖုန်းဆက်တော့ ဘယ်လာခေါ်ရမလဲမေးလိုက်တော့ ‘ဆေးရုံကြီး ရှေ့မှာလေ မနက်၅နာရီရောက်တာနဲ့ဆေးရုံကြီးရှေ့ ကားတွေထိုးပြီးအိပ်လိုက်တာကိုဝမ်း’ သွားကြည့်တော့တကယ့် ကိုဆေးရုံကြီးရှေ့ကားတွေထိုးပြီးအိပ်နေကြတာအဲ့ဒါနဲ့ သူတို့အဖွဲ့ကိုနိူးပြီး မနက်စာလိုက်ကျွေးပြီး ဆေးရုံတန်းခေါ်သွားတော့ အိပ်ရေးမဝတဝနဲ့မျက်နှာလဲမသစ်ရနဲ့ကလေး တွေပျော်ဖို့ဖျော်ဖြေပေးကြရှာပါတယ်။” လို့ Five Star လူရွှင်တော့်အဖွဲ့ရဲ့ချစ်စရာစိတ်ဓာတ်လေးကို ဂုဏ်ပြုရေးသားထားတာလည်းဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ ပရိသတ်တွေကို ဟာဒယရွှင်ဆေးတိုက်ပြီး ပျော်ရွှင်မှုတွေပေးနေတဲ့ Five Star အဖွဲ့ကတော့ ညဘက်ပွဲကပြီးတာတောင် မနားပဲ မန္တလေးကလေးဆေးရုံကြီးမှ ကင်ဆာရောဂါသည် ကလေးတွေအတွက် ဆေးရှံရှေ့ကားထိုးအိပ်ကာ အပြုံးမပျက်ဖျော်ဖြေခဲ့တဲ့ စိတ်ဓိတ်ကတော့ လေးစားစရာပါ။အပြင်မှာလည်းသိကျွမ်းချင်းမရှိတဲ့ ကလေးဆေးရုံကကင်ဆာကလေးအမေ တစ်ယောက်က ဖုန်းဆက်အကူအညီတောင်းတာကို ကူညီပေးခဲ့တာနော်။

Source: စိုင်းနေမျိုး မောင်မောင်, Aung Thaw
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

“မႏၲေလးကေလးေဆး႐ုံႀကီးေရွ႕ ကားထိုးအိပ္ခဲ့ကာ ကင္ဆာေရာဂါသည္ ကေလးေတြကို ေဖ်ာ္ေျဖခဲ့တဲ့ Five Star လူ႐ႊင္ေတာ္အဖြဲ႕”

ပရိသတ္ေတြကို ရယ္ေမာေပ်ာ္႐ႊင္ေစဖို႔ ဟာဒယ႐ႊင္ေဆးတိုက္ၿပီး ေဖ်ာ္ေျဖတဲ့ လူ႐ႊင္ေတာ္ေတြထဲကမွ ပရိသတ္အခ်စ္ေတာ္ Five Star အဖြဲ႕ကေတာ့ မႏၲေလးကေလးေဆး႐ုံႀကီးမွ ကင္ဆာေရာဂါသည္ ကေလးေတြကို ေဖ်ာ္ေျဖျဖစ္ခဲ့ပုံကို “ ကေလးေဆး႐ုံကကင္ဆာကေလးအေမ တစ္ေယာက္က ဖုန္းဆက္အကူအညီေတာင္းလို႔သနားတာ နဲ႔က်န္တဲ့အဖြဲ႕သားေတြဆႏၵကိုေမးေတာ့ သူတို႔ကလဲကူညီခ်င္တယ္ဆိုလို႔ ဒီညေ႐ႊဘိုမွာကၿပီးတာနဲ႔ ညတြင္းခ်င္း ကိုထြက္လာမယ္ မနက္က်လာေခၚဦး’လို႔ေျပာပါတယ္။” လို႔ “ကုတင္၃၀၀ဆံကေလးေဆး႐ုံႀကီး မႏၲေလး ကေလးေသြးေရာဂါႏွင့္ကင္ဆာဌာန က်န္းမာေရးမိသားစု ႏွစ္သစ္ကူးေပ်ာ္ပြဲ႐ႊင္ပြဲ” အခန္းအနားရဲ႕ တာဝန္ရွိသူတစ္ေယာက္ရဲ႕လူမႈကြန္ရက္ စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။

Five Star အဖြဲ႕ကေတာ့ အျပင္မွာလည္းသိကြၽမ္းခ်င္းမရွိတဲ့ ကေလးေဆး႐ုံကကင္ဆာကေလးအေမ တစ္ေယာက္က ဖုန္းဆက္အကူအညီေတာင္းတာကို ကူညီေပးခ်င္တာတဲ့ စိတ္ဓာတ္ေလးကေတာ့ ေလးစားစရာပါပဲေနာ္။သူတို႔ကေတာ့ ေ႐ႊဘိုမွာ ကၿပီးတာနဲ႔ ညတြင္းခ်င္းထြက္လာရတာမို႔ မနက္(၅)နာရီေလာက္ေရာက္ခဲ့တာနဲ႔ မႏၲေလးကေလးေဆး႐ုံေရွ႕မွာ ကားထိုးၿပီးအိပ္ခဲ့ကာ အိပ္ေရးမဝတ၀၊ မ်က္ႏွာလဲမသစ္ရနဲ႔ကေလးေတြကို ေဖ်ာ္ေျဖေပးခဲ့တာကို “မနက္ကိုေအာင္ေသာ္ဖုန္းဆက္ေတာ့ ဘယ္လာေခၚရမလဲေမးလိုက္ေတာ့ ‘ေဆး႐ုံႀကီး ေရွ႕မွာေလ မနက္၅နာရီေရာက္တာနဲ႔ေဆး႐ုံႀကီးေရွ႕ ကားေတြထိုးၿပီးအိပ္လိုက္တာကိုဝမ္း’ သြားၾကည့္ေတာ့တကယ့္ ကိုေဆး႐ုံႀကီးေရွ႕ကားေတြထိုးၿပီးအိပ္ေနၾကတာအဲ့ဒါနဲ႔ သူတို႔အဖြဲ႕ကိုႏိူးၿပီး မနက္စာလိုက္ေကြၽးၿပီး ေဆး႐ုံတန္းေခၚသြားေတာ့ အိပ္ေရးမဝတဝနဲ႔မ်က္ႏွာလဲမသစ္ရနဲ႔ကေလး ေတြေပ်ာ္ဖို႔ေဖ်ာ္ေျဖေပးၾကရွာပါတယ္။” လို႔ Five Star လူ႐ႊင္ေတာ့္အဖြဲ႕ရဲ႕ခ်စ္စရာစိတ္ဓာတ္ေလးကို ဂုဏ္ျပဳေရးသားထားတာလည္းျဖစ္ပါတယ္။

CeleGabar ပရိသတ္ႀကီးေရ ပရိသတ္ေတြကို ဟာဒယ႐ႊင္ေဆးတိုက္ၿပီး ေပ်ာ္႐ႊင္မႈေတြေပးေနတဲ့ Five Star အဖြဲ႕ကေတာ့ ညဘက္ပြဲကၿပီးတာေတာင္ မနားပဲ မႏၲေလးကေလးေဆး႐ုံႀကီးမွ ကင္ဆာေရာဂါသည္ ကေလးေတြအတြက္ ေဆးရွံေရွ႕ကားထိုးအိပ္ကာ အၿပဳံးမပ်က္ေဖ်ာ္ေျဖခဲ့တဲ့ စိတ္ဓိတ္ကေတာ့ ေလးစားစရာပါ။အျပင္မွာလည္းသိကြၽမ္းခ်င္းမရွိတဲ့ ကေလးေဆး႐ုံကကင္ဆာကေလးအေမ တစ္ေယာက္က ဖုန္းဆက္အကူအညီေတာင္းတာကို ကူညီေပးခဲ့တာေနာ္။

x
error: Content is protected !!