“ပြန်လာမှာကိုမျှော်နေရှာတဲ့ ရဲဘော်လေးတွေရှိရာ နိုင်ငံခြားသို့ထွက်ခွာလာပြီ ဖြစ်တဲ့ နိုင်နိုင်း”

နိုင်ငံကျော်သရုပ်ဆောင်မင်းသားချော နိုင်နိုင်းကတော့ ချစ်ဇနီးလေးနဲ့သားသမီးလေးတွေရှိရာ နိုင်ငံခြားသို့ထွက်ခွာသွားပြီ ဖြစ်တဲ့အကြောင်းကို “ရဲဘော်လေးများဆီသို့….Family time ဖြစ်သွားပါပြီ..ချစ်သော ပရိသတ်ကြီး လဲ ပျော်ရွှင်စရာ မိသားစု အချိန်ဖြစ်ပါစေ” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ပြည်သူအချစ်တော် သရုပ်ဆောင်နိုင်နိုင်းဟာ ဆယ်စုနှစ်တစ်ခုကြာအောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။သူဟာ ချစ်စရာကောင်းပြီး ချောမောတဲ့ ဇနီးချောလေးကိုပိုင်ဆိုင်ထားပြီး သားသမီး (၄)ယောက်နဲ့ ပျော်ရွှင်သာယာတဲ့မိသားစုကိုရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ထို့အတူ ချစ်စရာကောင်းတဲ့ သားသမီး (၄)ယောက်နဲ့ ဇနီးကတော့ နိုင်ငံခြားမှာအခြေချနေထိုင်တာ ဖြစ်ပြီး သူ့ရဲ့ အနုပညာအလုပ်တွေအားလပ်ချိန်မှာ သူ့ရဲ့မိသားစုဆီသို့ သွားရောက်ကာ အားလပ်ချိန်တွေကို ကုန်ဆုံးလေ့ရှိတာပဲ ဖြစ်ပါတယ်။

နိုင်ငံကျော်သရုပ်ဆောင်မင်းသားချော နိုင်နိုင်းကတော့ မကြာခင်မှာကျရောက်တော့မှာ နှစ်တစ်ကုန်ဆုံးပြီးနှစ်တစ်နှစ်စတင်တဲ့ New Year အခါသမယလေးကို မိသားစုတွေနဲ့အတူ ဖြတ်သန်းသွားမှာဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ နိုင်နိုင်းကတော့ New Year အခါသမယလေးကို မိသားစုတွေနဲ့အတူ ဖြတ်သန်းသွားဖို့အတွက် မိသားစုရှိရာနိုင်ငံခြားကိုထွက်ခွာသွာပြီလည်းဖြစ်ပါတယ်။

Source: Actor 99
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်





x
error: Content is protected !!