

 

 

 


 

 


 



ယူနီကုတ်ဖြင့်ဖတ်ရန်

ကောင်းမွန်စွာ အသက်ရှင်ခွင့်ရတဲ့အတွက် မိဘနှစ်ပါးကို ကျေးဇူးတင်ကြောင်း ဆိုလာတဲ့ ထက်ထက်ထွန်း

ထက်ထက်ထွန်းကတော့miss Universe အလှမယ်ဟောင်းတစ်ယောက်အနေနဲ့ အနုပညာလောကကို ဝင်ရောက်လာသူဖြစ်ပြီး လက်ရှိမှာ အောင်မြင်နေတဲ့ မော်ဒယ်၊ မင်းသမီးတစ်ယောက် ဖြစ်ပါတယ်။ လတ်တလောမှာ ရုပ်ရှပ်ရိုက်ရင်း မတော်တဆ ထိခိုက်ဒဏ်ရာရတာကြောင့် ရိုက်ကူးမူကို ရပ်နားခဲ့တာဖြစ်ပြီး ဇွန်လ (၂၀) ရက်နေ့ကတော့ သူ့မရဲ့ မွေးနေ့လေးဖြစ်သလို မွေးနေ့မှာ အကျိုးရှိရှိ ကောင်းမွန်စွာ အသက်ရှင်ခွင့်ရတဲ့အတွက် မွေးမိခင် ဖခင်ကို ကျေးဇူးတင်ကြောင်း ဆိုတာကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားခဲ့တာဖြစ်ပါတယ်။

“ဒီနေ့ ဒီရက်ထိ အကျိုးရှိရှိ ကောင်းမွန်စွာ အသက်ရှင်ခွင့်ရတဲ့အတွက် မွေးမိခင် ဖခင်နှင့်အတူ ဖြတ်သန်းခဲ့တဲ့အချိန်တိုင်းမှာ ကောင်းအတူဆိုးဖက် နားလည်မှုများစွာနဲ့ ချစ်ခင်ပေးကြသော ချစ်သူ ခင်သူ ဆွေမျိုး မိတ်ဆွေတစ်ဦးချင်းစီနဲ့အတူ စိန်ထက်ရဲ့ ချစ်သော စိန်တုံးလေးများ တစ်တုံးချင်းစီကို ကျေးဇူးတင်ပါတယ်ရှင့်။ တောင်းနေကျဆုလေးတစ်ခုဖြစ်တဲ့ဆုလေးပြန်တောင်းချင်ပါတယ်။ ထက်ထက်ထွန်းရဲ့ ရှင်သန်ခြင်းက အများအကျိုးအတွက် တန်ဖိုးရှိတဲ့ အသုံးဝင်တဲ့ အသက်လေးတစ်ချောင်း ဖြစ်ရပါစေလို့ ဖြစ်အောင်လည်း ကြိုးစားပါမယ်ရှင့်။ ” ဆိုပြီးတော့ မွေးနေ့မှာ အကျိုးရှိရှိ ကောင်းမွန်စွာ အသက်ရှင်ခွင့်ရတဲ့အတွက် မွေးမိခင် ဖခင်တွေကို ကျေးဇူးတင်ပါတယ် ဆိုတာကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားခဲ့တာဖြစ်ပါတယ်။

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ အကျိုးရှိရှိ ကောင်းမွန်စွာ အသက်ရှင်ခွင့်ရတဲ့အတွက် မွေးမိခင် ဖခင်ကို ကျေးဇူးတင်ကြောင်း ဆိုလာတဲ့ ထက်ထက်ထွန်းအတွက် မှတ်ချက်လေးရေးပေးခဲ့ပါဦး။
ချစ်သဲမေ @CeleGabar / Source : Htet Htat Thun