“နှစ်သစ်အစမှာ လူရွှင်တော်ကြီးတွေအတွက်လှူဒါန်းမှု(၁၁)ကြိမ်မြောက် ပြုလုပ်ပေးနိုင်ခဲ့ပြီဖြစ်တဲ့ ခင်လှိုင်”

ခင်လှိုင်ကတော့ ဟာသသရုပ်ဆောင်၊ ဇာတ်ပို့ဇာတ်ရံတစ်ယောက်အနေနဲ့ အနုပညာလောကမှာ နှစ်အတော်ကြာ အောင်မြင်မှုရရှိနေသူတစ်ယောက်ပါ။ လက်ရှိအချိန်မှာတော့ ဒါရိုက်တာအဖြစ်နဲ့ပါ ဇာတ်ကားတွေလက်ခံရိုက်ကူးနေပြီဖြစ်ပြီး ပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားကြီးအနေနဲ့ ချိုးရုပ်မှာအောင်မြင်မှုအကြီးအကျယ်ရခဲ့ပြီးနောက် တောက်ချလိုက်မယ် ဇာတ်ကားကြီးမှာလည်း ပရိသတ်ရဲ့အားပေးမှုကို ရရှိခဲ့ပါသေးတယ်။ ဒါ့အပြင် Bo Bo Film Production ကနေ (၂၀၂၀)ခုနှစ်အတွက် ပထမဆုံးရိုက်ကူးမယ့်ဇာတ်ကားကြီးမှာလည်း ဒါရိုက်တာအနေနဲ့ ကမ်းလှမ်းခံရပါသေးတယ်။

ဘာအလုပ်ပဲလုပ်လုပ် စေတနာထားလုပ်တတ်ပြီး ဘာသာတရားရိုသေကိုင်းရှိုင်းသူဦးခင်လှိုင်အတွက်တော့ ပရိသတ်ရဲ့အားပေးချစ်ခင်မှုကိုရရှိတာ မဆန်းပါဘူးနော်။ဒါ့အပြင် ခင်လှိုင်ကတော့ သူကိုယ်တိုင်တည်ထောင်ထားတဲ့ ဇဝနဖောင်ဒေးရှင်းကနေလည်း ဟာသလူရွှင်တော်ကြီးတွေအတွက် လစဉ်မဲနှိုက်ကာ ငွေကြေးလှူဒါန်းမှုတွေပြုလုပ်ပေးနေတာဖြစ်ပြီး အခုတစ်ခေါက်မှာတော့(၁၁)ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ဒီဖောင်ဒေးရှင်းကတော့ အသက်(၆၅)နှစ်အထက် လူရွှင်တော်ကြီးတွေကို ရန်ကုန်နဲ့ မန္တလေးခွဲကာ တစ်လတစ်ခါ မဲနှိုက်လှူဒါန်းပေးတာဖြစ်ပြီး ကိုယ်ပိုင် မတည်ငွေအပြင် အလှူရှင်တွေဆီကနေရတဲ့ပိုက်ဆံတွေနဲ့ လစဉ်(၁၂)သိန်းဝန်းကျင်လောက်တော့ လှူဒါန်းပေးနိုင်တာဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ရန်ကုန်က လူရွှင်တော်ကြီးဦးမိုးဝါက မဲပေါက်ခဲ့တာဖြစ်ပြီး လစဉ်လတိုင်းဒီအလှူလေးကို (၁)ရက်နေ့မှာ မဲနှိုက်တာမို့ ဒီလအတွက်တော့ နှစ်ဦးအလှူလေးလို့ဆိုရမှာပါ။ ဝါရင့်လူရွှင်တော်ကြီးတွေအတွက် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အလှူအတန်းပြုလုပ်ပေးနေတဲ့ ဦးခင်လှိုင်တစ်ယောက်ဒီထက်မက ပိုပြီးအောင်မြင်နိုင်ပါစေလို့ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Source – Khin Hlaing

Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်




Source – Khin Hlaing
Rainbow- Cele Gabar

x
error: Content is protected !!