“ပရိသတ်တွေအထင်မြင်လွဲမှားနေတဲ့ နန်းဆုနဲ့ ဗီဒီယိုဖိုင်ကိုဖြေရှင်းလိုက်တဲ့ အဆိုတော် စည်သူနှင်းမိုး”
လတ်တလောမှာတော့ နိုင်ငံကျော်မင်းသမီးချောလေး နန်းဆုရတီစိုး ဟာတော့ ပရိသတ်တွေရဲ့ အကြီးအကျယ်ဝေဖန်မှုတွေနဲ့ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ အကြောင်းကတော့ အဆိုတော် စည်သူနှင်းမိုးရဲ့ ဖေ့စ်ဘွတ်ခ်အကောင့် MyDay မှာ တင်လိုက်တဲ့ ဗီဒီယိုဖိုင်လေးကြောင့်ပဲဖြစ်ပြီး လက်ရှိမှာတော့ စည်သူနှင်းမိုးမှ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ “behind the scenes | We Chill ,We Shoot [Footage_GH010343] #BTS #SHOT” လို့သီချင်း MTV ရိုက်ကူးနေခဲ့တဲ့အကြောင်း ပြန်လည်ဖြေရှင်ထားပါတယ်။
နန်းဆုရတီစိုး အပေါ်ဝေဖန်မှုတွေစတင်ခဲ့တာကတော့ ဝေဖန်မှုတွေဖြစ်ပေါ်ခဲ့တဲ့ ဗီဒီယိုဖိုင်ကတော့ ဒီဇင်ဘာလ (၂၈)ရက်နေ့ထဲက တင်ခဲ့တာဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ Happy New Year ညမှာ အဆိုတော် G-Fatt တစ်ယောက် Myanmar Countdown 2020 ကြီးမှာ အသည်းကွဲသီချင်းတစ်ပုဒ်ဖြစ်တဲ့ “နာရတဲ့ကဗျာ” သီချင်းကို ခံစားချက်အပြည့်ဖြင့်သီဆိုပြီးနောက်ပိုင်းမှာ တိုင်ဆိုင်မှုများစွာဖြင့် ပရိသတ်တွေကြား နန်းဆုတစ်ယောက် ချစ်သူအသစ်ရနေပြီဆိုတဲ့ ဝေဖန်အပြစ်ပြောဆိုမှုတွေရှိလာခဲ့တာဖြစ်ပါတယ်။ နန်းဆုရတီစိုးနဲ့ G-Fatt တို့ကတော့ ပရိသတ်တွေရဲ့ Idol Couple အဖြစ်သက်မှတ်ခံရတဲ့အထိ (၂)နှစ်ကျော် (၃)နှစ်နီးပါးလက်တွဲခဲ့ကြတဲ့ အနုပညာရှင်စုံတွြတွေဖြစ်ပြီး လက်ရှိမှာတော့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကာ အနုပညာလမ်းကိုကိုယ်စီလျှောက်လှမ်းနေကြပါတယ်။
CeleGabar ပရိသတ်ကြီးရေ မင်းသမီးချော နန်းဆုရတီစိုးတစ်ယောက် ချစ်သူအသစ်ရနေပြီးဆိုတဲ့ ကောလဟာလတွေက အမှန်တကယ်မဟုတ်ပဲ ပရိသတ်တွေအထင်မြင်လွဲမှားခဲ့တဲ့ ဗီဒိယိုဖိုင်ဟာ ဆိုရင်လည်း အဆိုတော် စည်သူနှင်းမိုးနဲ့အတူ သီချင်း MTV ရိုက်ကူးနေတာပါတဲ့နော်။ ပရိသတ်တွေကလည်း နန်းဆုအပေါ်အပြစ်မမြင်ကြပါပဲ အရင်အတိုင်းဆက်လက်ချစ်ခင်အားပေးကြမှာမဟုတ်လား။
Source: Si Thu Hnin Moe
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်
x
error: Content is protected !!