“သြစတေးလျတောမီးလောင်မှုအတွက် NSW မီးသတ်ဌာနကို ဒေါ်လာ(၃)သောင်း လှူဒါန်းခဲ့တဲ့ Jay Park”

ကိုရီးယားနိုင်ငံရဲ့ နိုင်ငံကျော် အဆိုတော်ဖြစ်တဲ့ Jay Park ကတော့ လတ်တလော သြစတေးလျနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တောမီးလောင်မှုအတွက်ကို အလှူငွေတွေ ပါဝင်ကူညီလှူဒါန်းခဲ့ပါတယ်။ဒီနေ့ ဇန်နဝါရီလ (၆) ရက်မှာ Jay Park က NSW ကျေးလက်မီးသတ်ဌာနကို ဒေါ်လာ (၃)သောင်းတိတိလှူဒါန်းကြောင်းကို သူ့ရဲ့ တွစ်တာအကောင့်ကနေထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။

NSW ကျေးလက်မီးသတ်ဌာနဟာဆိုရင် စေတနာ့ဝန်ထမ်းအဖွဲ့ဝင် (၇)သောင်းကျော်ရှိတဲ့ ကမ္ဘာ့အကြီးဆုံးစေတနာ့ဝန်ထမ်းမီးသတ်ဌာနဖြစ်ပါတယ်။သြစတေးလျတောမီးလောင်မှုဟာဆိုရင် ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်ကစပြီး သြစတြေးလျနိုင်ငံ၊ ဝိတိုရိယပြည်နယ်အနှံ့မှာ ဖြစ်ပွားနေကာ အရေးပေါ်အနီရောင်အဆင့်ထိသတ်မှတ်ထားတာပဲဖြစ်ပါတယ်။မီးသတ်သမား(၂၀၀၀)ကျော်၊ မီးသတ်ကား(၃၀၀)ကျော်၊ မီးသတ်ရဟတ်လေယာဉ်(၃၃)စီးနဲ့ တောမီးကို ငြိမ်းသတ်ဖို့အတွက်ကြိုးစားနေကြပါတယ်။

ဒီတောမီးလောင်မှုကြောင့် တောရိုင်းတိရိစ္ဆာန်တွေလည်း သေကြေပျက်စီးမှုတွေလည်း ရှိနေခဲ့ပြီး လတ်တလောမှာ တော်တော်လေးကို စိတ်မကောင်းဖြစ်စရာသတင်းတစ်ခုဖြစ်နေပါတယ်။CeleGabar ပရိသတ်ကြီးရေ ကိုရီးယားနိုင်ငံရဲ့ နိုင်ငံကျော် ကြယ်ပွင့်ဖြစ်တဲ့ Jay Parkကတော့ အခုလိုလှူဒါန်းခဲ့တဲ့အပြင် လာမည့်ဇန်နဝါရီလ (၁၀)ရက်နေ့မှာတော့ ကိုယ်တိုင်ကိုယ်ကျ သြစတေးလျနိုင်ငံကို သွားရောက်ဦးမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

Source – JAY BUM PARK
Chilli – CeleGabar
ဇော်ဂျီဖြင့် ဖတ်ရန်။

“ၾသစေတးလ်ေတာမီးေလာင္မႈအတြက္ NSW မီးသတ္ဌာနကို ေဒၚလာ(၃)ေသာင္း လႉဒါန္းခဲ့တဲ့ Jay Park”

ကိုရီးယားႏိုင္ငံရဲ႕ ႏိုင္ငံေက်ာ္ အဆိုေတာ္ျဖစ္တဲ့ Jay Park ကေတာ့ လတ္တေလာ ၾသစေတးလ်ႏိုင္ငံမွာ ျဖစ္ပြားေနတဲ့ ေတာမီးေလာင္မႈအတြက္ကို အလႉေငြေတြ ပါဝင္ကူညီလႉဒါန္းခဲ့ပါတယ္။ဒီေန႔ ဇန္နဝါရီလ (၆) ရက္မွာ Jay Park က NSW ေက်းလက္မီးသတ္ဌာနကို ေဒၚလာ (၃)ေသာင္းတိတိလႉဒါန္းေၾကာင္းကို သူ႔ရဲ႕ တြစ္တာအေကာင့္ကေနထုတ္ျပန္ခဲ့တာပဲျဖစ္ပါတယ္။

NSW ေက်းလက္မီးသတ္ဌာနဟာဆိုရင္ ေစတနာ့ဝန္ထမ္းအဖြဲ႕ဝင္ (၇)ေသာင္းေက်ာ္ရွိတဲ့ ကမာၻ႔အႀကီးဆုံးေစတနာ့ဝန္ထမ္းမီးသတ္ဌာနျဖစ္ပါတယ္။ၾသစေတးလ်ေတာမီးေလာင္မႈဟာဆိုရင္ ၿပီးခဲ့တဲ့ ရက္အနည္းငယ္ေလာက္ကစၿပီး ၾသစေၾတးလ်ႏိုင္ငံ၊ ဝိတိုရိယျပည္နယ္အႏွံ႕မွာ ျဖစ္ပြားေနကာ အေရးေပၚအနီေရာင္အဆင့္ထိသတ္မွတ္ထားတာပဲျဖစ္ပါတယ္။မီးသတ္သမား(၂၀၀၀)ေက်ာ္၊ မီးသတ္ကား(၃၀၀)ေက်ာ္၊ မီးသတ္ရဟတ္ေလယာဥ္(၃၃)စီးနဲ႔ ေတာမီးကို ၿငိမ္းသတ္ဖို႔အတြက္ႀကိဳးစားေနၾကပါတယ္။

ဒီေတာမီးေလာင္မႈေၾကာင့္ ေတာ႐ိုင္းတိရိစာၦန္ေတြလည္း ေသေၾကပ်က္စီးမႈေတြလည္း ရွိေနခဲ့ၿပီး လတ္တေလာမွာ ေတာ္ေတာ္ေလးကို စိတ္မေကာင္းျဖစ္စရာသတင္းတစ္ခုျဖစ္ေနပါတယ္။CeleGabar ပရိသတ္ႀကီးေရ ကိုရီးယားႏိုင္ငံရဲ႕ ႏိုင္ငံေက်ာ္ ၾကယ္ပြင့္ျဖစ္တဲ့ Jay Parkကေတာ့ အခုလိုလွဴဒါန္းခဲ့တဲ့အျပင္ လာမည့္ဇန္နဝါရီလ (၁၀)ရက္ေန႕မွာေတာ့ ကိုယ္တိုင္ကိုယ္က် ၾသစေတးလ်ႏိုင္ငံကို သြားေရာက္ဦးမွာျဖစ္တယ္လို႕လည္း သိရွိရပါတယ္။

Source – JAY BUM PARK
Chilli – CeleGabar

x
error: Content is protected !!