“လူဦးရေ(၁၂၇၀) အတွက် ကျိုက်ငါးကျိုက်အဓိဌာန်ဝင်နိုင်ဖို့ စီစဉ်ပေးသွားမယ့် စမိုင်းလ်”

ရုပ်ရှင်သရုပ်ဆောင်စမိုင်းလ်ကတော့ လက်ရှိအချိန်မှာမိန်းကလေးတိုင်းအားကျနေရသူတစ်ယောက်ပါ။ ခင်ပွန်းဖြစ်သူရဲ့လိုလေသေးမရှိဖြည့်ဆည်းပံ့ပိုးခြင်းကို ရရှိထားတဲ့အပြင် အလှူအတန်းဆိုလက်မနှေးလှူဒါန်းတတ်သူတစ်ယောက်ပါ။ တနေ့တခြားအလှတိုးလာတဲ့အပြင် လိမ္မာရေးခြားရှိတဲ့သမီးလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားသူပါ။

ဒါ့အပြင် အနုပညာအလုပ်တွေဆက်မလုပ်ဖြစ်ပေမယ့် အားပေးသူအမာခံပရိသတ်ပေါင်းများစွာရှိတဲ့စမိုင်းလ်ဟာ မကြာသေးခင်ကမှ Fan Meeting ပြုလုပ်ခဲ့ပြီး ပရိသတ်တွေနဲ့တွေ့ဆုံခဲ့ပါသေးတယ်။ သူ့ကိုချစ်တဲ့သူတွေစုစည်းထားတဲ့ Smiley အဖွဲ့လေးလည်းရှိပြီး အဖွဲ့ဝင်တွေနဲ့ ဘာသာရေး၊ အလှအပကျန်းမာရေးတွေကိုမျှဝေပေးနိုင်ဖို့ကြိုးစားနေသူပါ။ စမိုင်းလ်ကတော့ အဓိဌာန်မကြာခဏဆိုသလိုပြုလုပ်လေ့ရှိပြီး သူကိုးကိုယ်ယုံကြည်တဲ့သစ်တံခါးဆရာတော်ကြီးရဲ့အဆုံးအမအရ ကျိုက်ငါးကျိုက်အဓိဌာန်လေးကို သူ့ရဲ့ချစ်ရတဲ့ပရိသတ်တွေနဲ့အတူတူ ကုသိုလ်ရေးလုပ်နိုင်ဖို့စီစဉ်ထားခဲ့တာပါ။ လိုက်ပါကုသိုလ်ရေးပြုလုပ်မယ့် လူဦးရေက မထင်မှတ်ထားအောင်များပြားခဲ့တာမို့ စမိုင်းလ်ကတော့ ကားအခက်အခဲကြောင့် လူဦးရေ(၁၂၇၀)မှာ စာရင်းပိတ်လိုက်ကြောင်း ရေးသားခဲ့ပါတယ်။

လူဦးရေ (၁၂၇၀)ယောက်အတွက် ကားအစီးရေ(၂၄)စီးနဲ့သွားမှာဖြစ်ပြီး စမိုင်းလ်ကအကုန်အကျခံကာစီစဉ်ပေးသွားမှာပါ။ ဒါပေမယ့် စမိုင်းလ်ကတော့ တခြားလိုက်ပါဆောင်ရွက်ချင်သူတွေရှိသေးတာကြောင့် မလိုက်ဖြစ်သူများကိုကြိုတင်အကြောင်းပေးပါရန် တောင်းဆိုထားပါသေးတယ်။ ပရိသတ်ကြီးရေ စမိုင်းလ်ကတော့ ကုသိုလ်ထူးရအောင် တစ်ပါးသူကိုလည်းကူညီဖို့ လက်မနှေးတတ်တာကြောင့်လည်း ပရိသတ်ရဲ့ရင်ထဲမှာ အခိုင်အမာအမြစ်တွယ်နေရာယူနိုင်ခဲ့တာဆိုရင်လည်း မှားမယ်မထင်ပါဘူးနော်။


Source – စမိုင်းလ် Smile
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“လူဦးေရ(၁၂၇၀) အတြက္ က်ိဳက္ငါးက်ိဳက္အဓိဌာန္ဝင္ႏုိင္ဖို႔ စီစဥ္ေပးသြားမယ့္ စမိုင္းလ္”

ရုပ္ရွင္သရုပ္ေဆာင္စမုိင္းလ္ကေတာ့ လက္ရွိအခ်ိန္မွာမိန္းကေလးတိုင္းအားက်ေနရသူတစ္ေယာက္ပါ။ ခင္ပြန္းျဖစ္သူရဲဲ႕လိုေလေသးမရွိျဖည့္ဆည္းပံ့ပိုးျခင္းကို ရရွိထားတဲ့အျပင္ အလွဴအတန္းဆိုလက္မေႏွးလွဴဒါန္းတတ္သူတစ္ေယာက္ပါ။ တေန႔တျခားအလွတိုးလာတဲ့အျပင္ လိမၼာေရးျခားရွိတဲ့သမီးေလးႏွစ္ေယာက္ကိုလည္း ပိုင္ဆိုင္ထားသူပါ။

ဒါ့အျပင္ အႏုပညာအလုပ္ေတြဆက္မလုုပ္ျဖစ္ေပမယ့္ အားေပးသူအမာခံပရိသတ္ေပါင္းမ်ားစြာရွိတဲ့စမုိင္းလ္ဟာ မၾကာေသးခင္ကမွ Fan Meeting ျပဳလုပ္ခဲ့ျပီး ပရိသတ္ေတြနဲ႔ေတြ႔ဆံုခဲ့ပါေသးတယ္။ သူ႔ကိုခ်စ္တဲ့သူေတြစုစည္းထားတဲ့ Smiley အဖြဲ႔ေလးလည္းရွိျပီး အဖြဲ႔ဝင္ေတြနဲ႔ ဘာသာေရး၊ အလွအပက်န္းမာေရးေတြကိုုမွ်ေဝေပးႏုိင္ဖို႔ၾကိဳးစားေနသူပါ။ စမုိင္းလ္ကေတာ့ အဓိဌာန္မၾကာခဏဆိုသလိုျပဳလုပ္ေလ့ရွိျပီး သူကိုးကိုယ္ယံုၾကည္တဲ့သစ္တံခါးဆရာေတာ္ၾကီးရဲ႕အဆံုးအမအရ က်ိဳက္ငါးက်ိဳက္အဓိဌာန္ေလးကို သူ႔ရဲ႕ခ်စ္ရတဲ့ပရိသတ္ေတြနဲ႔အတူတူ ကုသိုလ္ေရးလုပ္ႏုိင္ဖို႔စီစဥ္ထားခဲ့တာပါ။ လိုက္ပါကုသိုလ္ေရးျပဳလုပ္မယ့္ လူဦးေရက မထင္မွတ္ထားေအာင္မ်ားျပားခဲ့တာမို႔ စမိုင္းလ္ကေတာ့ ကားအခက္အခဲေၾကာင့္ လူဦးေရ(၁၂၇၀)မွာ စာရင္းပိတ္လိုက္ေၾကာင္း ေရးသားခဲ့ပါတယ္။

လူဦးေရ (၁၂၇၀)ေယာက္အတြက္ ကားအစီးေရ(၂၄)စီးနဲ႔သြားမွာျဖစ္ျပီး စမိုင္းလ္ကအကုန္အက်ခံကာစီစဥ္ေပးသြားမွာပါ။ ဒါေပမယ့္ စမုိင္းလ္ကေတာ့ တျခားလိုက္ပါေဆာင္ရြက္ခ်င္သူေတြရွိေသးတာေၾကာင့္ မလိုက္ျဖစ္သူမ်ားကုိၾကိဳတင္အေၾကာင္းေပးပါရန္ ေတာင္းဆိုထားပါေသးတယ္။ ပရိသတ္ၾကီးေရ စမိုင္းလ္ကေတာ့ ကုသိုလ္ထူးရေအာင္ တစ္ပါးသူကိုလည္းကူညီဖို႔ လက္မေႏွးတတ္တာေၾကာင့္လည္း ပရိသတ္ရဲ႕ရင္ထဲမွာ အခိုင္အမာအျမစ္တြယ္ေနရာယူႏုိင္ခဲ့တာဆိုရင္လညး္ မွားမယ္မထင္ပါဘူးေနာ္။
Source – စမုိင္းလ္ Smile
Rainbow- Cele Gabar

x
error: Content is protected !!