(၂၀၁၉) ခုနှစ်အတွင်းမှာ ပရိသတ်တွေကြားရေပန်းစားခဲ့တဲ့ ဝတ်မှုန်ရွှေရည်ရဲ့နာမည်ကြီး ဇာတ်ကား(၃)ကား

ဝတ်မှုန်ရွှေရည်ကတော့ မြန်မာနိုင်ငံက လူတိုင်းနီးပါးသိတဲ့နာမည်ကြီး မင်းသမီးတစ်လက်ပါ။ဆယ်စုနှစ်တစ်ခုကျော်အချိန်တွင်းမှာ အနုပညာအလုပ်တွေကို အကောင်းဆုံးကြိုးစားလာခဲ့ရာက ထိပ်တန်းနေရာကိုရောက်ရှိခဲ့သူလည်းဖြစ်ပါတယ်။တက်သစ်စတွေအတွက်လည်း စံထားရမယ့် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်သလို ပရိသတ်တွေအတွက်လည်း တန်းဖိုးရှိတဲ့အနုပညာအရည်အချင်းတွေနဲ့ပေးဆပ်နေသူတစ်ယောက်ပါ။


သိပ်မကြာခင်မှာကျင်းပမယ့် အကယ်ဒမီဆုပေးပွဲကြီးဟာလည်း ဝတ်မှုန်ရွှေရည်ရဲ့ ပရိသတ်တွေအတွက် ရင်ခုန်စရာကောင်းနေမှာပါ။(၂၀၁၉) ခုနှစ်အတွင်းမှာ ဝတ်မှုန်ရွှေရည်ရဲ့ရုပ်ရှင်ဇာတ်ကားများစွာ ရုံတင်ခဲ့ပေမဲ့ လူပြောများကာရေပန်းစားတဲ့ ဇာတ်ကား(၃)ကားရှိပါတယ်။ဒီဇာတ်ကားတွေဟာ ပရိသတ်တွေရဲ့ချီးကျူးသံတွေများစွာရရှိခဲ့သလို အာရှမှာတန်းဝင်တဲ့ မြန်မာနိုင်ငံရဲ့မင်းသမီးအဖြစ်လည်း ပရိသတ်တွေအနေနဲ့ကျေနပ်စေခဲ့တဲ့ဇာတ်ကားကောင်းတွေပါဝင်ပါတယ်။


အဲ့ဒီဇာတ်ကားတွေကတော့ လိပ်ပြာစံအိမ်၊ဒဏ္ဍာရီမိုးနဲ့ တိမ်တွေပေါ်ကပန်းတို့ပဲ ဖြစ်ပါတယ်။ဒဏ္ဍာရီမိုးဇာတ်ကားဟာ (၃)ပွင့်ဆိုင်အချစ်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ခဲ့သလို ရဲတိုက်၊ရွှေထူး၊ဒေါင်းစတဲ့ မင်းသား(၃)လက်နဲ့အပေးအယူမျှမျှသရုပ်ဆောင်ကာ ပရိသတ်ကိုစိတ်ကကျေနပ်မှုများစွာပေးခဲ့တာပါ။(၂၀၁၉)နှစ်ကုန်ပိုင်းမှာ ပြသခဲ့တဲ့ တိမ်တွေပေါ်ကပန်း ဇာတ်ကားမှာလည်း စိတ်ဒဏ်ရာရတာကြောင့် လူတောမတိုးဝံ့သူ မိန်းကလေးတစ်ယောက်အဖြစ်ကနေ စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ရပ်တည်လာနိုင်တဲ့ မိန်းကလေးအဖြစ် သဘာဝကျစွာသရုပ်ဆောင်သွားခဲ့တာပါ။

လိပ်ပြာစံအိမ်ကတော့ ဒီနှစ်အတွင်းမှာအအောင်မြင်ဆုံးဇာတ်ကားတစ်ကားလို့တောင်ဆိုရမှာပါ။ဒီဇာတ်ကားနဲ့တင် ဝတ်မှုန်ရွှေရည်ဟာ Asian Creative Academy ဆုပေးပွဲကြီးမှာ အမျိုးသမီးဇာတ်ဆောင်ဆုအတွက် Regional winner အဖြစ်သတ်မှတ်ခံရကာ ဆန်ကာတင်ဝင်ခဲ့တာပါ။Cele Gabar ပရိသတ်ကြီးရေ (၂၀၁၉) ခုနှစ်မှာ ရွှေကစ်ရဲ့ဘယ်ဇာတ်ကားကို အကြိုက်ဆုံးဖြစ်ခဲ့လဲနော်…
Source : WuttHmoneShweYi
Moe – CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

(၂၀၁၉) ခုႏွစ္အတြင္းမွာ ပရိသတ္ေတြၾကားေရပန္းစားခဲ့တဲ့ ၀တ္မွုန္ေရႊရည္ရဲ႕နာမည္ႀကီး ဇာတ္ကား(၃)ကား
၀တ္မွဳန္ေရႊရည္ကေတာ့ ျမန္မာႏိုင္ငံက လူတိုင္းနီးပါးသိတဲ့နာမည္ၾကီး မင္းသမီးတစ္လက္ပါ။ဆယ္စုႏွစ္တစ္ခုေက်ာ္အခ်ိန္တြင္းမွာ အႏုပညာအလုပ္ေတြကို အေကာင္းဆံုးၾကိဳးစားလာခဲ့ရာက ထိပ္တန္းေနရာကိုေရာက္ရွိခဲ့သူလည္းျဖစ္ပါတယ္။တက္သစ္စေတြအတြက္လည္း စံထားရမယ့္ သရုပ္ေဆာင္ေကာင္းတစ္ေယာက္ျဖစ္သလို ပရိသတ္ေတြအတြက္လည္း တန္းဖိုးရွိတဲ့အႏုပညာအရည္အခ်င္းေတြနဲ႔ေပးဆပ္ေနသူတစ္ေယာက္ပါ။


သိပ္မၾကာခင္မွာက်င္းပမယ့္ အကယ္ဒမီဆုေပးပြဲၾကီးဟာလည္း ၀တ္မွုန္ေရႊရည္ရဲ႕ ပရိသတ္ေတြအတြက္ ရင္ခုန္စရာေကာင္းေနမွာပါ။(၂၀၁၉) ခုႏွစ္အတြင္းမွာ ၀တ္မွုန္ေရႊရည္ရဲ႕ရုပ္ရွင္ဇာတ္ကားမ်ားစြာ ရံုတင္ခဲ့ေပမဲ့ လူေျပာမ်ားကာေရပန္းစားတဲ့ ဇာတ္ကား(၃)ကားရွိပါတယ္။ဒီဇာတ္ကားေတြဟာ ပရိသတ္ေတြရဲ႕ခ်ီးက်ဴးသံေတြမ်ားစြာရရွိခဲ့သလို အာရွမွာတန္း၀င္တဲ့ ျမန္မာႏိုင္ငံရဲ႕မင္းသမီးအျဖစ္လည္း ပရိသတ္ေတြအေနနဲ႔ေက်နပ္ေစခဲ့တဲ့ဇာတ္ကားေကာင္းေတြပါ၀င္ပါတယ္။


အဲ့ဒီဇာတ္ကားေတြကေတာ့ လိပ္ျပာစံအိမ္၊ဒ႑ာရီမိုးနဲ႔ တိမ္ေတြေပၚကပန္းတို႔ပဲ ျဖစ္ပါတယ္။ဒ႑ာရီမုိးဇာတ္ကားဟာ (၃)ပြင့္ဆုိင္အခ်စ္ဇာတ္လမ္းေကာင္းတစ္ပုဒ္ျဖစ္ခဲ့သလို ရဲတိုက္၊ေရႊထူး၊ေဒါင္းစတဲ့ မင္းသား(၃)လက္နဲ႔အေပးအယူမ်ွမ်ွသရုပ္ေဆာင္ကာ ပရိသတ္ကိုစိတ္ကေက်နပ္မွုမ်ားစြာေပးခဲ့တာပါ။(၂၀၁၉)ႏွစ္ကုန္ပိုင္းမွာ ျပသခဲ့တဲ့ တိမ္ေတြေပၚကပန္း ဇာတ္ကားမွာလည္း စိတ္ဒဏ္ရာရတာေၾကာင့္ လူေတာမတိုး၀ံ့သူ မိန္းကေလးတစ္ေယာက္အျဖစ္ကေန စိတ္ဓာတ္ၾကံ႕ခိုင္စြာနဲ႔ရပ္တည္လာႏိုင္တဲ့ မိန္းကေလးအျဖစ္ သဘာ၀က်စြာသရုပ္ေဆာင္သြားခဲ့တာပါ။လိပ္ျပာစံအိမ္ကေတာ့ ဒီႏွစ္အတြင္းမွာအေအာင္ျမင္ဆံုးဇာတ္ကားတစ္ကားလို႔ေတာင္ဆိုရမွာပါ။ဒီဇာတ္ကားနဲ႔တင္ ၀တ္မွုန္ေရႊရည္ဟာ Asian Creative Academy ဆုေပးပြဲၾကီးမွာ အမ်ိဳးသမီးဇာတ္ေဆာင္ဆုအတြက္ Regional winner အျဖစ္သတ္မွတ္ခံရကာ ဆန္ကာတင္၀င္ခဲ့တာပါ။Cele Gabar ပရိသတ္ၾကီးေရ (၂၀၁၉) ခုႏွစ္မွာ ေရႊကစ္ရဲ႕ဘယ္ဇာတ္ကားကို အၾကိဳက္ဆံုးျဖစ္ခဲ့လဲေနာ္…

x
error: Content is protected !!