“ခိုင်နှင်းဝေရဲ့ရင်သွေးလေးများဂေဟာမှာ မွေးနေ့အလှူသွားရောက်လှူဒါန်းခဲ့တဲ့ရဲလေး”

ဒီနေ့ (၁၁.၁.၂၀၂၀) ရက်နေ့လေးကတော့ ရုပ်ရှင်သရုပ်ဆောင်၊အဆိုတော် ရဲလေးရဲ့(၃၆)နှစ်ပြည့်မွေးနေ့ဖြစ်ပြီး သူကတော့ ဒီနေ့ကျရောက်တဲ့မွေးနေ့လေးမှာ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာမှာ သွားရောက်လှူဒါန်းခဲ့တာပါ။

သူလာရောက်လှူဒါန်းခဲ့တဲ့အကြောင်းကိုတော့ ဂေဟာကိုတည်ထောင်သူ မခိုင်နှင်းဝေက “(၁၁.၂.၂၀၂၀) မှာကျရောက်တဲ့ သရုပ်ဆောင်အဆိုတော်ရဲလေးရဲ့မွေးနေ့မှာ ကျွန်မရဲ့ကလေးတွေဆီ သနားကြင်နာစိတ်အပြည့်နဲ့ ဂေဟာသို့လာရောက်ပြီး အလှူငွေ(၅)သိန်းနှင့်အတူ ဝန်ထမ်းများနဲ့သူနာပြုဆရာမလေးများ စားဖို့အတွက် ကြက်ဆီထမင်းများ လာရောက်လှူဒါန်းပေးတဲ့အတွက် ကလေးတွေကိုယ်စားကျေးဇူးတင်ပါတယ်။ဝမ်းမြောက်စွာ သာဓုခေါ်ပါတယ်ရှင်…အောင်မြင်မှုတွေ အများကြီးထပ်ပြီး ပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်” ဆိုပြီးရဲလေးရဲ့အလှူကို ဝမ်းမြောက်ဝမ်းသာစွာနဲ့ မျှဝေပေးခဲ့တာပါ။

ရဲလေးကတော့ လက်ရှိအချိန်မှာ ညီဖြစ်သူဂျိုကာနဲ့အတူ YLJK Entertainment တည်ထောင်ထားပြီး သီချင်းကောင်းတွေကို ဖန်တီးနေသူတစ်ယောက်ပါ။နှစ်အနည်းငယ်ကြာ ပရိသတ်ရှေ့မှာပျောက်နေခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အရှိန်အဟုန်ပြင်းစွာနဲ့ ကြိုးစားနေသူတစ်ယောက်ပါ။ဒီနေ့ကျရောက်တဲ့ သူ့ရဲ့မွေးနေ့လေးမှာတော့ မခိုင်နှင်းဝေရဲ့ဂေဟာလေးကို ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းခဲ့တဲ့ ရဲလေးရဲ့ပုံရိပ်တစ်ချို့ကို မျှဝေပေးလိုက်ပါတယ်နော်။


Source – Khine Hnin Wai
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်




Source – Khine Hnin Wai
Rainbow- Cele Gabar

x
error: Content is protected !!