ပိုင်တံခွန်ကိုယ်တိုင်ပါဝင်သီဆိုပြီး သရုပ်ဆောင်ထားတဲ့ Boom Pa Pa သီချင်းဗွီဒီယိုလေး

ချစ်စဖွယ်အပြုံးလေးတွေနဲ့မိန်းကလေးတွေရဲ့အသည်းကိုဖမ်းစားတတ်သူ မော်လ်ဒယ်သရုပ်ဆောင်မင်းသားချောပိုင်တံခွန်ကတော့ လက်ရှိအနုပညာလမ်းကြောင်းပေါ်မှာ တောက်ပနေတဲ့ကြယ်တစ်ပွင့်အဖြစ် ရပ်တည်နေသူတစ်ယောက်ပါ။မြန်မာနိုင်ငံမှာသာမက အိမ်နီးချင်းနိုင်ငံတွေထိ ခြေဆန့်ကာအနုပညာအလုပ်တွေကိုလုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။

ပိုင်တံခွန်ကိုဆိုရင် ကြော်ငြာမော်လ်ဒယ်တစ်ယောက်အနေနဲ့သာ ပရိသတ်တွေသတိထားမိခဲ့ကြပေမယ့် သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ သရုပ်ဆောင်ခဲ့ရုံသာမက ‘ချစ်သူ’ လို့နာမည်ပေးထားတဲ့ Mini Album လေးကိုလည်း မိဘမဲ့ကလေးကျောင်းကို လှူဒါန်းရန်ရည်ရွယ်ပြီး ထွက်ရှိထားပါသေးတယ်။ဒါ့အပြင် အဆိုနဲ့ပတ်သက်ပြီး The Mask Singer ပွဲကြီးမှာ ကျားမျက်နှာဖုံးနဲ့ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် ပရိသတ်တွေသတိထားမိနေတဲ့ ပိုင်တံခွန်ရဲ့ဝဲတဲတဲ ချစ်စဖွယ်အသံလေးကြောင့်လည်း အစောဆုံးမျက်နှာဖုံးချွတ်ရသူဖြစ်ခဲ့ရတာပါ။

ပိုင်တံခွန်ကတော့ အနုပညာခရီးလမ်းမှာ အဆိုတော်တစ်ယောက်အနေနဲ့အဓိက လျှောက်လှမ်းနေတာမဟုတ်ပေမယ့် ရံဖန်ရံခါသီချင်းဆိုတတ်သူပီပီ နီနီခင်ဇော်ရဲ့ထွက်ရှိထားတဲ့ ပါတီခင်ဇော် အယ်လ်ဘမ်ထဲက Boom Pa Pa သီချင်းထဲမှာလည်း ပါဝင်ကူညီအားဖြည့်ကာ သီဆိုထားပါသေးတယ်။ဒီသီချင်းလေးရဲ့ Music Video လေးကတော့ ဒီနေ့မှာထွက်ရှိတာမို့ ပိုင်တံခွန်ရဲ့သီချင်းနဲ့ သရုပ်ဆောင်မှုတွေကို မျှော်လင့်စောင့်စားနေတဲ့ ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။


Source – FG Entertainment,Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“ပိုင္တံခြန္ကိုယ္တိုင္ပါဝင္သီဆိုျပီး သရုပ္ေဆာင္ထားတဲ့ Boom Pa Pa သီခ်င္းဗြီဒီယိုေလး”

ခ်စ္စဖြယ္အျပံဳးေလးေတြနဲ႔မိန္းကေလးေတြရဲ႕အသည္းကိုဖမ္းစားတတ္သူ ေမာ္လ္ဒယ္သရုပ္ေဆာင္မင္းသားေခ်ာပိုင္တံခြန္ကေတာ့ လက္ရွိအႏုပညာလမ္းေၾကာင္းေပၚမွာ ေတာက္ပေနတဲ့ၾကယ္တစ္ပြင့္အျဖစ္ ရပ္တည္ေနသူတစ္ေယာက္ပါ။ျမန္မာႏုိင္ငံမွာသာမက အိမ္နီးခ်င္းႏုိင္ငံေတြထိ ေျခဆန္႔ကာအႏုပညာအလုပ္ေတြကုိလုပ္ကိုင္ေနသူလည္းျဖစ္ပါတယ္။

ပိုင္တံခြန္ကိုဆိုရင္ ေၾကာ္ျငာေမာ္လ္ဒယ္တစ္ေယာက္အေနနဲ႔သာ ပရိသတ္ေတြသတိထားမိခဲ့ၾကေပမယ့္ သူဟာ ရုပ္ရွင္ဇာတ္ကားၾကီးေတြမွာ သရုပ္ေဆာင္ခဲ့ရံုသာမက ‘ခ်စ္သူ’ လို႔နာမည္ေပးထားတဲ့ Mini Album ေလးကိုလည္း မိဘမဲ့ကေလးေက်ာင္းကုိ လွဴဒါန္းရန္ရည္ရြယ္ျပီး ထြက္ရွိထားပါေသးတယ္။ဒါ့အျပင္ အဆိုနဲ႔ပတ္သက္ျပီး The Mask Singer ပြဲၾကီးမွာ က်ားမ်က္ႏွာဖံုးနဲ႔ပါဝင္ယွဥ္ျပိဳင္ခဲ့ေပမယ့္ ပရိသတ္ေတြသတိထားမိေနတဲ့ ပိုင္တံခြန္ရဲ႕ဝဲတဲတဲ ခ်စ္စဖြယ္အသံေလးေၾကာင့္လည္း အေစာဆံုးမ်က္ႏွာဖံုးခၽြတ္ရသူျဖစ္ခဲ့ရတာပါ။

ပိုင္တံခြန္ကေတာ့ အႏုပညာခရီးလမ္းမွာ အဆိုေတာ္တစ္ေယာက္အေနနဲ႔အဓိက ေလွ်ာက္လွမ္းေနတာမဟုတ္ေပမယ့္ ရံဖန္ရံခါသီခ်င္းဆိုတတ္သူပီပီ နီနီခင္ေဇာ္ရဲ႕ထြက္ရွိထားတဲ့ ပါတီခင္ေဇာ္ အယ္လ္ဘမ္ထဲက Boom Pa Pa သီခ်င္းထဲမွာလည္း ပါဝင္ကူညီအားျဖည့္ကာ သီဆိုထားပါေသးတယ္။ဒီသီခ်င္းေလးရဲ႕ Music Video ေလးကေတာ့ ဒီေန႔မွာထြက္ရွိတာမို႔ ပိုင္တံခြန္ရဲ႕သီခ်င္းနဲ႔ သရုပ္ေဆာင္မွုေတြကို ေမွ်ာ္လင့္ေစာင့္စားေနတဲ့ ပရိသတ္ၾကီးအတြက္ မွ်ေဝေပးလုိက္ပါတယ္ေနာ္။
Source – FG Entertainment,Rainbow- Cele Gabar

x
error: Content is protected !!