“ကယားပြည်နယ်နေ့ဖျော်ဖြေပွဲမှာ ကယားအက ပါဝင်ကပြဖျော်ဖြေခဲ့တဲ့ ထက်အဉ္ဇလီ”

သီချင်းဆိုတိုင်းမြူးမြူးကြွကြွပုံစံလေးနဲ့ ပရိသတ်ရဲ့အာရုံကိုဖမ်းစားနိုင်သူ ထက်အဉ္ဇလီကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးပြီးဆုံးချိန်မှာတော့ ဖျော်ဖြေပွဲတွေဆက်တိုက်ဆိုသလို သွားရောက်သီဆိုနေရပြီဖြစ်ပါတယ်။သူ့ရဲ့ ပထမဆုံးဖျော်ဖြေမှုအနေနဲ့ မြန်မာအိုင်ဒေါညီအစ်မတွေနဲ့အတူ မိုင်းဆတ်မြို့မှာ အကောင်းဆုံးသွားရောက်ဖျော်ဖြေခဲ့သူပါ။

သီချင်းဆိုရင်းကနေရရှိလာတဲ့ အနုပညာကြေးလေးတွေကို ဝေပုံခွဲပြီး လှူနိုင်ဖို့စဉ်းစားထားတဲ့ ထက်အဉ္ဇလီကတော့ မိုင်းဆတ်မြို့ကဖျော်ဖြေမှုအပြီးမှာတော့ ရလာတဲ့အနုပညာကြေးလေးတွေနဲ့ ဂန္ဒီဆေးရုံကြီးမှာလည်း နေ့လည်စာကျွေးမွေးခဲ့ပါသေးတယ်။သူကတော့ ကယားသွေးပါသူပီပီ အခုလည်း (၆၈)ကြိမ်မြောက်ကယားပြည်နယ်နေ့အထိမ်းအမှတ်အနေနဲ့ တိုင်းရင်းသားကျေးရွာမှာ ကျင်းပနေတဲ့ ပွဲတော်ကိုရောက်ရှိနေတာပါ။ကယားပြည်နယ်နေ့ပွဲတော်ကိုတော့ ကယားပြည်နယ်၊လွိုင်ကော်မြို့မှာ ဇန်နဝါရီ(၁၀)ရက်နေ့ကစပြီး (၁၉)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမှာဖြစ်ပြီး ဒီပွဲတော်ကြီးမှာတော့ တိုင်းရင်းသားရိုးရာအကပြိုင်ပွဲတွေအပြင် အားကစားပြိုင်ပွဲ၊ ဖျော်ဖြေရေးတွေပါ ပါဝင်သွားမှာဖြစ်ပါတယ်။

ဒီနေ့မနက် ကယားရိုးရာအကအလှဖျော်ဖြေနေစဉ်မှာတော့ ဘယ်နေရာမဆိုတက်တက်ကြွကြွနဲ့ ပါဝင်လေ့ရှိသူထက်အဉ္ဇလီကတော့ သူကိုယ်တိုင်ပါ ပါဝင်ကပြခဲ့တာပါ။ထက်အဉ္ဇလီကတော့ သူပါဝင်ကပြခဲ့တဲ့ ကယားအကကို ချစ်ရတဲ့ပရိသတ်ကြီးအတွက် FB Live လွှင့်ပြီးမျှဝေပေးခဲ့တာဖြစ်လို့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက်လည်း ထက်အဉ္ဇလီရဲ့ ကယားအကအလှကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Htet Inzali
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“ကယားျပည္နယ္ေန႔ေဖ်ာ္ေျဖပြဲမွာ ကယားအက ပါဝင္ကျပေဖ်ာ္ေျဖခဲ့တဲ့ ထက္အဥၨလီ”

သီခ်င္းဆိုတုိင္းျမဴးျမဴးၾကြၾကြပံုစံေလးနဲ႔ ပရိသတ္ရဲ႕အာရံုကိုဖမ္းစားႏုိင္သူ ထက္အဥၨလီကေတာ့ ျမန္မာအုိင္ေဒါျပိဳင္ပြဲၾကီးျပီးဆံုးခ်ိန္မွာေတာ့ ေဖ်ာ္ေျဖပြဲေတြဆက္တိုက္ဆိုသလို သြားေရာက္သီဆိုေနရျပီျဖစ္ပါတယ္။သူ႔ရဲ႕ ပထမဆံုးေဖ်ာ္ေျဖမွုအေနနဲ႔ ျမန္မာအုိင္ေဒါညီအစ္မေတြနဲ႔အတူ မုိင္းဆတ္ျမိဳ႕မွာ အေကာင္းဆံုးသြားေရာက္ေဖ်ာ္ေျဖခဲ့သူပါ။

သီခ်င္းဆိုရင္းကေနရရွိလာတဲ့ အႏုပညာေၾကးေလးေတြကို ေဝပံုခြဲျပီး လွဴႏုိင္ဖို႔စဥ္းစားထားတဲ့ ထက္အဥၨလီကေတာ့ မုိင္းဆတ္ျမိဳ႕ကေဖ်ာ္ေျဖမွုအျပီးမွာေတာ့ ရလာတဲ့အႏုပညာေၾကးေလးေတြနဲ႔ ဂႏၵီေဆးရံုၾကီးမွာလည္း ေန႔လည္စာေကၽြးေမြးခဲ့ပါေသးတယ္။သူကေတာ့ ကယားေသြးပါသူပီပီ အခုလည္း (၆၈)ၾကိမ္ေျမာက္ကယားျပည္နယ္ေန႔အထိမ္းအမွတ္အေနနဲ႔ တိုင္းရင္းသားေက်းရြာမွာ က်င္းပေနတဲ့ ပြဲေတာ္ကိုေရာက္ရွိေနတာပါ။ကယားျပည္နယ္ေန႔ပြဲေတာ္ကုိေတာ့ ကယားျပည္နယ္၊လြိဳင္ေကာ္ျမိဳ႕မွာ ဇန္နဝါရီ(၁၀)ရက္ေန႔ကစျပီး (၁၉)ရက္ေန႔အထိ စည္ကားသိုက္ျမိဳက္စြာက်င္းပသြားမွာျဖစ္ျပီး ဒီပြဲေတာ္ၾကီးမွာေတာ့ တုိင္းရင္းသားရိုးရာအကျပိဳင္ပြဲေတြအျပင္ အားကစားျပိဳင္ပြဲ၊ ေဖ်ာ္ေျဖေရးေတြပါ ပါဝင္သြားမွာျဖစ္ပါတယ္။

ဒီေန႔မနက္ ကယားရိုးရာအကအလွေဖ်ာ္ေျဖေနစဥ္မွာေတာ့ ဘယ္ေနရာမဆိုတက္တက္ၾကြၾကြနဲ႔ ပါဝင္ေလ့ရွိသူထက္အဥၨလီကေတာ့ သူကိုယ္တုိင္ပါ ပါဝင္ကျပခဲ့တာပါ။ထက္အဥၨလီကေတာ့ သူပါဝင္ကျပခဲ့တဲ့ ကယားအကကို ခ်စ္ရတဲ့ပရိသတ္ၾကီးအတြက္ FB Live လႊင့္ျပီးမွ်ေဝေပးခဲ့တာျဖစ္လို႔ ဆယ္လီကမာၻပရိသတ္ၾကီးအတြက္လည္း ထက္အဥၨလီရဲ႕ ကယားအကအလွကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။
Source – Htet Inzali
Rainbow- Cele Gabar

x
error: Content is protected !!