“ကမ္ဘာကျော်မူရင်းအဆိုတော်ကြီးကို စော်ကားလိုက်တယ်လို့ ဝေဖန်ခံနေရတဲ့ အဆိုတော်မိုးထက်ရဲ့ သီချင်းသစ်”

လက်ရှိမှာတော့ အဆိုတော်မိုးထက်ရဲ့ အသစ်ထွက်ရှိလာတဲ့ “Love of My Love” သီချင်းဟာ ကမ္ဘာကျော်Rock Band ဖြစ်တဲ့ Queen အဖွဲ့ဝင် အဆိုတော် ဖရက်ဒီ မာကျူရီ ရဲ့ နာမည်ကြီးသီချင်းကို ပြန်လည်ဖြည့်စွက် ရေးသားသီဆိုထားတာလည်းဖြစ်ပါတယ်။ အဆိုတော်မိုးထက်ရဲ့ ပြန်လည်ဖြည့်စွက် ဆန်းသစ်ရေးသားသီဆိုထားတဲ့ သီချင်းကိုတော့ ဖရက်ဒီသီချင်းကိုကြိုက်နှစ်သက်သူတော်တော်များများဟာ သီချင်းကိုဖျက်စီးပြီး ဖရက်ဒီကိုပါ စော်ကားလိုက်တာလို့ဆိုတဲ့ ဝေဖန်မှုတွေ မြင့်တတ်နေတာပါတယ်။

ကမ္ဘာကျော် Rock Band ဖြစ်တဲ့ Queen အဖွဲ့ဝင် အဆိုတော် ဖရက်ဒီ မာကျူရီ ရဲ့ နာမည်ကြီးသီချင်းဖြစ်တဲ့ “Love of My Love” သီချင်းကိုတော့ ဖရက်ဒီကိုယ်တိုင်ရေးစပ်ခဲ့တာဖြစ်ပြီး သီချင်းထွက်ရှိချိန်မှာတော့ နိုင်ငံတော်တော်များများရဲ့ Singles Chart တွေမှာ နံပါတ်(၁)နေရာရောက်သည့်အထိ ပရိသတ်တွေရဲ့ အကြိုက်ဆုံးသီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေကြိုက်ခဲ့ရတဲ့ ဖရက်ဒီရဲ့ သီဆိုမှုနဲ့မတူ တမူးကွဲပြားစွာ ဆန်းသစ်ထားတဲ့ အဆိုတော်မိုးထက်ရဲ့ သီချင်းသစ်ကိုတော့ ဖရက်ဒီရဲ့ သီချင်းလောက်လက်မခံဘဲ ဝေဖန်နေကြတာဖြစ်ပါတယ်။ အဆိုတော်မိုးထက်ဟာ သီချင်းသစ်မှာတော့ သရုပ်ဆောင်မင်းသမီးချောလေး May Grace နဲ့အတူ သရုပ်ဆောင်ထားတာဖြစ်ပြီး ဝေဖန်တဲ့ပရိသတ်တွေရှိသလို လက်ခံအားပေးကြတဲ့ပရိသတ်တွေလည်းရှိပါတယ်။

CeleGabar ပရိသတ်ကြီးအတွက် ပရိသတ်တွေကြားဝေဖန်မှုမြင့်တတ်နေတဲ့ အဆိုတော်မိုးထက်ရဲ့ ကမ္ဘာကျော်Rock Band ဖြစ်တဲ့ Queen အဖွဲ့ဝင် အဆိုတော် ဖရက်ဒီ မာကျူရီ ရဲ့ နာမည်ကြီးသီချင်းကို ပြန်လည်ဖြည့်စွက် ရေးသားသီဆိုထားတဲ့ “Love of My Love” သီချင်းသစ်လေးကိုမျှဝေပေးလိုက်ပါတယ်။

Source: Moe Htet-Bone Plus
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်





x
error: Content is protected !!