လိပ်ပြာစံအိမ်ကဲ့သို့အောင်မြင်မှုတွေရရှိလာနိုင်တဲ့ ဝတ်မှုန်ရွှေရည်နဲ့ပိုင်တံခွန်တို့ရိုက်ကူးမယ့် အိမ်မက်မြစ်

(၂၀၁၉)ခုနှစ်အတွင်းမှာ အောင်မြင်မှုတွေများစွာရရှိထားတဲ့ လိပ်ပြာစံအိမ်ဇာတ်ကားကြီးလိုပဲအောင်မြင်မှုတွေရရှိနိုင်တဲ့ ဇာတ်ကားသစ်ကြီးကို ပရိသတ်တွေရင်ခုန်ရတော့မှာပါ။ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးဖြစ်တဲ့ ဝတ်မှုန်ရွှေရည်နဲ့ပြည်ပနိုင်ငံတွေအထိအောင်မြင်မှုတွေရရှိထားတဲ့ ပိုင်တံခွန်တို့နှစ်ယောက်ကတော့ ရုပ်ရှင်ဇာတ်ကားအတူတူရိုက်ကူးတော့မှာပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ အိမ်မက်မြစ်ဖြစ်ပါတယ်။


ဒီဇာတ်ကားကေိုတာ့ Brave Empire Entertainment & Production က ရိုက်ကူးထုတ်လုပ်တော့မှာဖြစ်ပါတယ်။ဒီဇာတ်ကားဟာ Brave Empire ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်ပြီး ပထမဇာတ်ကားကတော့အောင်မြင်မှုများစွာရရှိထားတဲ့ လိပ်ပြာစံအိမ်ဖြစ်ပါတယ်။ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ အိမ်မက်မြစ်ကိုတော့ ဒီနေ့မက် ၈ နာရီခွဲမှာ ရုပ်ရှင်ကန်တော့ပွဲပြုလုပ်ခဲ့ကာ မကြာမီမှာစတင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။


ဒီဇာတ်ကားမှာတော့ သရုပ်ဆောင် ပိုင်တံခွန်၊ အကယ်ဒမီ ဝတ်မှုန်ရွှေရည်၊မေမီကိကို၊ သီဟ နဲ့ နေရဲ တို့က အဓိကပါဝင်သရုပ်ဆောင်သွားကြမည်ဖြစ်ပါတယ်။ဒီဇာတ်ကားကို ရှမ်းပြည်နယ်မှာရှိတဲ့ သာယာအေးချမ်းလှတဲ့ ကလောမြို့လေးမှာ သွားရောက်ရိုက်ကူးမှာလည်း ဖြစ်ပါတယ်။ပရိသတ်တွေရင်ခုန်စွာမျှော်လင့်နေရမယ့် နောက်ထပ်ဇာတ်ကားသစ်ကြီးပါပဲနော်…
Source : Brave Empire Entertainment & Production
Moe – Cele Gabar
ဇော်ဂျီဖြင့်ဖတ်ရန်

(၂၀၁၉)ခုႏွစ္အတြင္းမွာ ေအာင္ျမင္မႈေတြမ်ားစြာရရွိထားတဲ့ လိပ္ျပာစံအိမ္ဇာတ္ကားႀကီးလိုပဲေအာင္ျမင္မႈေတြရရွိႏိုင္တဲ့ ဇာတ္ကားသစ္ႀကီးကို ပရိသတ္ေတြရင္ခုန္ရေတာ့မွာပါ။ ျမန္မာႏိုင္ငံရဲ႕ထိပ္တန္းမင္းသမီးျဖစ္တဲ့ ဝတ္မႈန္ေ႐ႊရည္နဲ႔ျပည္ပႏိုင္ငံေတြအထိေအာင္ျမင္မႈေတြရရွိထားတဲ့ ပိုင္တံခြန္တို႔ႏွစ္ေယာက္ကေတာ့ ႐ုပ္ရွင္ဇာတ္ကားအတူတူ႐ိုက္ကူးေတာ့မွာပဲျဖစ္ပါတယ္။ဇာတ္ကားနာမည္ကေတာ့ အိမ္မက္ျမစ္ျဖစ္ပါတယ္။


ဒီဇာတ္ကားေကိုတာ့ Brave Empire Entertainment & Production က ႐ိုက္ကူးထုတ္လုပ္ေတာ့မွာျဖစ္ပါတယ္။ဒီဇာတ္ကားဟာ Brave Empire ရဲ႕ ဒုတိယေျမာက္ဇာတ္ကားျဖစ္ၿပီး ပထမဇာတ္ကားကေတာ့ေအာင္ျမင္မႈမ်ားစြာရရွိထားတဲ့ လိပ္ျပာစံအိမ္ျဖစ္ပါတယ္။ဒုတိယေျမာက္ဇာတ္ကားျဖစ္တဲ့ အိမ္မက္ျမစ္ကိုေတာ့ ဒီေန႔မက္ ၈ နာရီခြဲမွာ ႐ုပ္ရွင္ကန္ေတာ့ပြဲျပဳလုပ္ခဲ့ကာ မၾကာမီမွာစတင္႐ိုက္ကူးေတာ့မွာျဖစ္ပါတယ္။


ဒီဇာတ္ကားမွာေတာ့ သ႐ုပ္ေဆာင္ ပိုင္တံခြန္၊ အကယ္ဒမီ ဝတ္မႈန္ေ႐ႊရည္၊ေမမီကိကို၊ သီဟ နဲ႔ ေနရဲ တို႔က အဓိကပါဝင္သ႐ုပ္ေဆာင္သြားၾကမည္ျဖစ္ပါတယ္။ဒီဇာတ္ကားကို ရွမ္းျပည္နယ္မွာရွိတဲ့ သာယာေအးခ်မ္းလွတဲ့ ကေလာၿမိဳ႕ေလးမွာ သြားေရာက္႐ိုက္ကူးမွာလည္း ျဖစ္ပါတယ္။ပရိသတ္ေတြရင္ခုန္စြာေမွ်ာ္လင့္ေနရမယ့္ ေနာက္ထပ္ဇာတ္ကားသစ္ႀကီးပါပဲေနာ္…
Source : Brave Empire Entertainment & Production
Moe – Cele Gabar
ေဇာ္ဂ်ီျဖင့္ဖတ္ရန္

 

 

x
error: Content is protected !!