“အနုပညာရှင်တွေ ဈေးသည်ဖြစ်သွားရတဲ့အကြောင်းရင်းကို အရွှန်းဖောက်ရေးသားခဲ့တဲ့ ကောင်းကျော်”

ပရိသတ်တွေအတွက် ပျော်စရာတွေပဲ အမြဲတင်ဆက်ပေးလေ့ရှိသူ ဦးကောင်းကျော်ကတော့ ရွှေညီကိုအငြိမ့်အဖွဲ့ထဲကစပြီး ပရိသတ်ရဲ့အားပေးမှုကို ရရှိခဲ့သူပါ။လူရွှင်တော်တွေကို သံယောဇဉ်ကြီးမားလွန်းတဲ့ ကောင်းကျော်ကတော့ လူရွှင်တော်အဖွဲ့(ရန်ကုန်)ရဲ့ ပြန်ကြားရေးမှူးအဖြစ်တာဝန်ယူခဲ့ကာ သာရေး နာရေးကိစ္စမှန်သမျှကို အချိန်မှီသတင်းတင်ပေးခဲ့ပြီး မကြာသေးခင်ကမှ အသင်းကစည်းလုံးမှုမရှိတဲ့အတွက် သူ့ဆန္ဒနဲ့ကိုယ်တိုင်နှုတ်ထွက်ခဲ့သူပါ။

အနုပညာအသိုင်းအဝိုင်းထဲမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောတွေကို ဟာသအမြင်လေးနဲ့တင်ဆက်ပေးလေ့ရှိသူ ဦးကောင်းကျော်ကတော့ ဒီတစ်ခေါက်မှာလည်း အနုပညာအသိုင်းအဝိုင်းထဲက လူတစ်ချို့ ဈေးသည်ဘဝရောက်ရတဲ့အကြောင်းကို ကဗျာလေးနဲ့ အရွှန်းဖောက်ရေးသားခဲ့တာပါ။“ကျပ်တည်းမှုတွေနဲ့ ပြည့်စုံနေတဲ့ အမိမြေပေါ်မှာ ခြေစုံရပ်လို့…မြင့်ရာက နိမ့်ရာသို့ စီးဆင်းသောအနုပညာဈေးနှုန်း မြစ်ရေယာဉ် ကြောမှာလိုက်ပါစီးမြောရင်း…နိမ့်ရာကနေ မြင့်ရာသို့ တစ်ရှိန်ထိုးတက်လာတဲ့ ကုန်ဈေးနှုန်း ဆူနာမီလှိုင်း…..တံပိုးကြီးကို အန်တုဖို့ ကြိုးစားနေကြတဲ့ အနုပညာရှင် ဆိုသူများ၏နောက်ဆုံးရလာဒ် အဖြေ က ဈေးသည်များ ဖြစ်ကုန်ကြလေတော့ သတည်း ဟား ဟား ဟားးး…”ဆိုပြီး ရေးသားခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ဇာတ်ပို့ဇာတ်ရန်တွေတော်တော်များများက ဗွီဒီယိုခေတ်ပျက်သွားပြီးတဲ့နောက်ပိုင်းမှာ စားဝတ်နေရေးကျပ်တည်းမှုကြောင့် အစားအသောက်၊ဈေးဆိုင်၊လက်မှုပစ္စည်းလေးတွေ ရောင်းချကာ စားဝတ်နေရေးအခက်အခဲတွေကို ဖြေရှင်းနေကြရတာပါ။ဦးကောင်းကျော်ကတော့ သူတို့လောကမှာဖြစ်ပျက်နေတဲ့ အနုပညာရှင်တစ်ချို့ရဲ့အခြေအနေကို ကဗျာလေးနဲ့ဖော်ပြပြီး ရေးသားမျှဝေခဲ့တာမို့ ပရိသတ်ကြီးအတွက်လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source – U Kaung Kyaw
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်




Source – U Kaung Kyaw
Rainbow- Cele Gabar

x
error: Content is protected !!