“နာဂရိုးရာနှစ်ကူးပွဲတော်ကို သွားရောက်ခဲ့တဲ့ တန်ခွန်ကျော်”

Myanmar Idol Season (4) ပြိုင်ပွဲကြီးမှာ Top (8)အထိတက်လှမ်းနိုင်ခဲ့တဲ့ နာဂတိုင်းရင်းသားလေး တန်ခွန်ကျော်ကတော့ လက်ရှိမှာ ဖျော်ဖြေရေးပွဲတွေကိုပါ ပါဝင်ဖျော်ဖြေပေးနေရပြီလည်း ဖြစ်ပါတယ်။တန်ခွန်ကျော်ဟာကိုယ်တိုင်ကလည်း နာဂလူမျိုးတိုင်းရင်သားတစ်ယောက်ဖြစ်တာကြောင့် ဒီနေ့(၂၀၂၀)ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့မှာကျရောက်တဲ့ နာဂရိုးရာနှစ်သစ်ကူးပွဲတော်(၂၀၂၀)ကို သွားရောက်ခဲ့ပါတယ်။

တန်ခွန်ကျော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရ ဒေသ လဟယ်မြို့မှာကျင်းပပြုလုပ်တဲ့ “နာဂရိုးရာနှစ်သစ်ကူးပွဲတော်(၂၀၂၀)” မုခ်ဦးဖွင့်ပွဲ တံခွန်တိုင်စိုက်ထူပွဲနှင့် ဆုတောင်းတိုင်စိုက်ထူပွဲအခမ်းအနားကို တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။တန်ခွန်ကျော်က သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ နာဂရိုးရာနှစ်သစ်ကူးပွဲတော်(၂၀၂၀)အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ပုံလေးတွေနဲ့အတူ ပရိသတ်တွေအတွက်ဖော်ပြပေးထားတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၁)ရက်နေ့တုန်းကလည်း တန်ခွန်ကျော်ကသူကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ခန္တီးမြို့ ခန္တီးအစိုးရစက်မှု့လက်မှု့ သိပ္ပံကျောင်းကြီးမှာ သွားရောက်ဖျော်ဖြေခဲ့ရပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် နာဂတိုင်းရင်းသားလေးဖြစ်တဲ့ တန်ခွန်ကျော်ကတော့ ရိုးရာနှစ်ကူပွဲတော်လေးမှာ ပျော်နေတဲ့ ပုံလေးတွေကို ပရိသတ်တွေလည်း အပျော်တွေကူးစက်ရအောင်ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – TAN KHUN KYAW
Chilli – CeleGabar
ဇော်ဂျီဖြင့် ဖတ်ရန်။





Source – TAN KHUN KYAW
Chilli – CeleGabar

x
error: Content is protected !!