“ဒီနေ့မှာ မွေးနေ့ကျရောက်တဲ့ ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ညီအစ်မ”

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ဒီနေ့ ဇန်နဝါရီလ (၁၄)ရက်နေ့လေးကတော့ ပုရိသတွေရဲ့ အသည်းကျော်လေးတွေဖြစ်တဲ့ ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ ညီအမနှစ်ယောက်ရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ကတော့ နိုင်ငံကျော် အဆိုတော် ဂရေဟမ်ရဲ့ သမီးချောလေးတွေဖြစ်ပြီး အနုပညာလမ်းကြောင်းပေါ်မှာ ကိုယ်စီလျှောက်လှမ်းနေပြီး ထိုက်သင့်တဲ့ အောင်မြင်မှုတွေကိုလည်း ရရှိနေပြီပဲဖြစ်ပါတယ်။

ပန်းရောင်ခြယ်ကတော့ ဒီနေ့ကျရောက်တဲ့ မွေးနေ့လေးမှာ အသက် (၂၄)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။ ညီမဖြစ်သူ ပန်းသွန်းခြယ်ကတော့ အသက် (၁၉)နှစ်ပြည့်မြောက်တာဖြစ်ပြီး ညီအစ်မနှစ်ယောက်ဟာ မွေးနေ့မွေးလတထပ်တည်းကျကာ အသက်(၅)နှစ်တိတိကွာတာပဲဖြစ်ပါတယ်။ပန်းရောင်ခြယ်ကတော့ အဆိုတော်တစ်ယောက်အနေနဲ့အနုပညာလောကထဲကို ဝင်ရောက်လာတာဖြစ်ပေမဲ့လည်း လက်ရှိမှာဆိုရင် မင်းသမီးတစ်ယောက်အနေနဲ့လည်း ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာပါဝင်ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။

ပန်းသွန်းခြယ်ဟာဆိုရင်လည်း အနုပညာအလုပ်တွေကို ကြိုးကြိုးစားစားနဲ့ လုပ်ကိုင်နေပြီး အောင်မြင်မှုတွေကို ရရှိနေပြီလည်း ဖြစ်ပါတယ်။ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ဒီနေ့မှာ မွေးနေ့အတူတူကျရောက်ပြီး အသက်(၅)နှစ်တိတိကွာတဲ့ ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ ညီအစ်မနှစ်ယောက်အတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ဆုတောင်းပေးသွားခဲ့ပါဦးနော်။

Photo Credit – Pan Yaung Chal, Pan Thun Chal
Chilli – CeleGabar
ဇော်ဂျီဖြင့် ဖတ်ရန်။





Chilli – CeleGabar

x
error: Content is protected !!