“အကယ်ဒမီအကဲဖြတ်အဖွဲ့ရဲ့ အထူးပြုလုပ်ချက်ဆုကိုမျှော်လင့်နေတဲ့ ဒါရိုက်တာညိုမင်းလွင်”

အထူးပြုလုပ်ချက်တွေနဲ့သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကို ရိုက်ကူးတဲ့နေရာပြောင်မြောက်လှတဲ့ ဒါရိုက်တာ ညိုမင်းလွင်ကတော့ အကယ်ဒမီအကဲဖြတ်အဖွဲ့ရဲ့ အထူးပြုလုပ်ချက်ဆုကိုမျှော်လင့်နေတဲ့အကြောင်းကို “ဒီနေ့ Ananda ကို အကယ်ဒမီရွေးချယ်ရေးအဖွဲ့ကကြည့်ပါမယ်၊ အချိန်တွေအများကြီးပေးပြီးကြိုးစားခဲ့ကြသူတွေအတွက် အတတ်ပညာပိုင်းဆိုင်ရာ အသိအမှတ်ပြုမှုလေးတစ်ခုကိုတော့ ရိုးသားစွာပဲမျှော်လင့်မိပါတယ်၊ ဒါဟာ ကျွန်တော်မျှော်လင့်ခဲ့တဲ့ အထူးပြုလုပ်ချက်အသားပေးဇာတ်ကားတွေဖွံ့ဖြိုးလာရေးအတွက် နောက်ဆုံးလက်ကျန် မျှော်လင့်ခြင်းလေးတစ်ခုပါ” လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။

ညိုမင်းလွင်ကတော့ သရုပ်ဆောင်ဘဝနဲ့အနုပညာလောကကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာ ဒါရိုက်တာအနေနဲ့ လူသိများလာခဲ့သူတစ်ယောက်ပါ။ သူများနဲ့မတူတဲ့ ဇာတ်လမ်း၊ ဇာတ်အိမ်များကို ဦးစားပေးရိုက်လေ့ရှိပြီး ပရိသတ်တွေကို မတူတဲ့ရသတွေပေးလေ့ရှိသူပါ။ မကြာသေးခင်က ပြည်သူလူထုကြားမှာ အပြောများခဲ့တဲ့ မြမြဇာတ်ကောင်ကိုလည်းပြန်လည်အသက်သွင်းရိုက်ကူးခဲ့ပြီး မကြာခင်မှာ ပရိသတ်တွေရှုစားရတော့မှာ ဖြစ်ပါတယ်။ အနန္တ ရုပ်ရှင်ဇာတ်ကားကြီး ဟာလည်း ဒါရိုက်တာ ညိုမင်းလွင်ရဲ့ အထူးပြုလုပ်ချက်တွေနဲ့ ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး မြန်မာ့ရုပ်ရှင်လောကမှာ မမြင်ဖူးမတွေ့ဖူးသေးတဲ့ ပထမဦးဆုံးသိပ္ပံရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကိုရရှိခဲ့ပါသေးတယ်။

CeleGabar ပရိသတ်ကြီးရေ ပရိသတ်တွေအကြိုက်တွေ့ခဲ့ရတဲ့ မြန်မာ့ပထမဆုံး သိပ္ပံရုပ်ရှင်ဇာတ်ကားကြီး ကိုတော့ အကယ်ဒမီရွေးချယ်ရေးအဖွဲ့က ဒီနေ့ကြည့်တာဖြစ်တာမို့ ဒါရိုက်တာ ညိုမင်းလွင်ကတော့ အနန္တ ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကယ်ဒမီအကဲဖြတ်အဖွဲ့ရဲ့ အထူးပြုလုပ်ချက်ဆုကိုမျှော်လင့်ကာ ရင်ခုန်စိတ်လှုပ်ရှားနေပါတယ်နော်။

Source: Nyo Min Lwin
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

“အကယ္ဒမီအကဲျဖတ္အဖြဲ႕ရဲ႕ အထူးျပဳလုပ္ခ်က္ဆုကိုေမွ်ာ္လင့္ေနတဲ့ ဒါရိုက္တာညိဳမင္းလြင္”

အထူးျပဳလုပ္ခ်က္ေတြနဲ႕သဘာဝလြန္ျဖစ္ရပ္ဆန္းေတြကို ႐ိုက္ကူးတဲ့ေနရာေျပာင္ေျမာက္လွတဲ့ ဒါ႐ိုက္တာ ညိဳမင္းလြင္ကေတာ့ အကယ္ဒမီအကဲျဖတ္အဖြဲ႕ရဲ႕ အထူးျပဳလုပ္ခ်က္ဆုကိုေမွ်ာ္လင့္ေနတဲ့အေၾကာင္းကို “ဒီေန႔ Ananda ကို အကယ္ဒမီေ႐ြးခ်ယ္ေရးအဖြဲ႕ကၾကည့္ပါမယ္၊ အခ်ိန္ေတြအမ်ားႀကီးေပးၿပီးႀကိဳးစားခဲ့ၾကသူေတြအတြက္ အတတ္ပညာပိုင္းဆိုင္ရာ အသိအမွတ္ျပဳမႈေလးတစ္ခုကိုေတာ့ ႐ိုးသားစြာပဲေမွ်ာ္လင့္မိပါတယ္၊ ဒါဟာ ကြၽန္ေတာ္ေမွ်ာ္လင့္ခဲ့တဲ့ အထူးျပဳလုပ္ခ်က္အသားေပးဇာတ္ကားေတြဖြံ႕ၿဖိဳးလာေရးအတြက္ ေနာက္ဆုံးလက္က်န္ ေမွ်ာ္လင့္ျခင္းေလးတစ္ခုပါ” လို႔ သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္နွာမွာေဖာ္ျပထားပါတယ္။

ညိဳမင္းလြင္ကေတာ့ သ႐ုပ္ေဆာင္ဘဝနဲ႔အႏုပညာေလာကကို စတင္ဝင္ေရာက္ခဲ့သူျဖစ္ၿပီး ေနာက္ပိုင္းမွာ ဒါ႐ိုက္တာအေနနဲ႔ လူသိမ်ားလာခဲ့သူတစ္ေယာက္ပါ။ သူမ်ားနဲ႔မတူတဲ့ ဇာတ္လမ္း၊ ဇာတ္အိမ္မ်ားကို ဦးစားေပး႐ိုက္ေလ့ရွိၿပီး ပရိသတ္ေတြကို မတူတဲ့ရသေတြေပးေလ့ရွိသူပါ။ မၾကာေသးခင္က ျပည္သူလူထုၾကားမွာ အေျပာမ်ားခဲ့တဲ့ ျမျမဇာတ္ေကာင္ကိုလည္းျပန္လည္အသက္သြင္း႐ိုက္ကူးခဲ့ၿပီး မၾကာခင္မွာ ပရိသတ္ေတြရႈစားရေတာ့မွာ ျဖစ္ပါတယ္။ အနႏၱ ရုပ္ရွင္ဇာတ္ကားၾကီး ဟာလည္း ဒါရိုက္တာ ညိဳမင္းလြင္ရဲ႕ အထူးျပဳလုပ္ခ်က္ေတြနဲ႕ ရိုက္ကူးထားတဲ့ရုပ္ရွင္ဇာတ္ကားျဖစ္ျပီး ျမန္မာ့ရုပ္ရွင္ေလာကမွာ မျမင္ဖူးမေတြ႕ဖူးေသးတဲ့ ပထမဦးဆံုးသိပၸံရုပ္ရွင္ဇာတ္ကားျဖစ္ျပီး ပရိသတ္ေတြရဲ႕ တစ္ခဲနက္အားေပးမႈကိုရရိွခဲ့ပါေသးတယ္။

CeleGabar ပရိသတ္ၾကီးေရ ပရိသတ္ေတြအၾကိဳက္ေတြ႔ခဲ့ရတဲ့ ျမန္မာ့ပထမဆံုး သိပၸံရုပ္ရွင္ဇာတ္ကားၾကီး ကိုေတာ့ အကယ္ဒမီေ႐ြးခ်ယ္ေရးအဖြဲ႕က ဒီေန႕ၾကည့္တာျဖစ္တာမို႔ ဒါ႐ိုက္တာ ညိဳမင္းလြင္ကေတာ့ အနႏၱ ရုပ္ရွင္ဇာတ္ကားၾကီး နဲ႕ အကယ္ဒမီအကဲျဖတ္အဖြဲ႕ရဲ႕ အထူးျပဳလုပ္ခ်က္ဆုကိုေမွ်ာ္လင့္ကာ ရင္ခုန္စိတ္လႈပ္ရွားေနပါတယ္ေနာ္။

error: Content is protected !!