“မွေးနေ့မှာ သီရိမင်္ဂလာဈေးက ဈေးသူဈေးသားများနဲ့ အလုပ်သမားတွေကို ကြာဇံကြော်ကျွေးမွေးခဲ့တဲ့ ထွန်းကိုကို”

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ ထွန်းကိုကိုကတော့ လက်ရှိမှာ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိနေတဲ့ အနုပညာရျင်တစ်ယောက်ပဲဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့ မော်ဒယ်လ်တစ်ယောက်အနေနဲ့သာမက သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပါဝင်ရိုက်ကူးနေပြီလည်းဖြစ်ပါတယ်။ဒီနေ့ ဇန်နဝါရီလ (၁၆)ရက်နေ့လေးကတော့ မော်ဒယ်သရုပ်ဆောင် မင်းသားချော ထွန်းကိုကိုရဲ့ မွေးနေ့ရက် မြတ်လေးကျရောက်တာပဲဖြစ်ပါတယ်။

ထွန်းကိုကိုက သူ့ရဲ့ဒီနှစ်မွေးနေ့ရက်မြတ်ကလေးဟာ သူပါဝင်သရုပ်ဆောင်ထားခဲ့တဲ့ “ပျံကျကူလီ”ရုပ်ရှင်ဇာတ်ကားကြီး ပထမဆုံးရုံတင်တဲ့ရက်နဲ့တိုက်တိုက်ဆိုင်ဆိုင် တစ်ရက်တည်းကျရောက်နေခဲ့ပါတယ်။မင်းသားချောထွန်းကိုကိုကတော့ ဒီနေ့မွေးနေ့ရက်လေးကို မှတ်မှတ်ရရဖြစ်သွားလေအောင် “ပျံကျကူလီ”ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးခဲ့တဲ့ “သီရိမင်္ဂလာဈေး”မှာ မွေးနေ့အလှူအနေနဲ့ ဈေးသူဈေးသားတွေနဲ့ အလုပ်သမားတွေကို ကြာဇံကြော် စတုဒီသာကျွေးမွေးလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

ထွန်းကိုကိုရဲ့ ပရိသတ်တွေကတော့ မွေးနေ့အလှူလေးပြုလုပ်တဲ့ သီရိမင်္ဂလာဈေးအထိကို လာရောက်ပြီး ထွန်းကိုကို အတွက်ကို မွေးနေ့လက်ဆောင်လေးတွေလာရောက်ပေးခဲ့ပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ မော်ဒယ်မင်းသားချော ထွန်းကိုကိုရဲ့ ဒီနေ့မှာကျရောက်တဲ့ မွေးနေ့လေးအတွက် မွေးနေ့ဆုမွန်ကောင်းလေးတွေတောင်းသွားပေးခဲ့ကြပါဦးနော်။

Source – CeleGabar
Chilli – CeleGabar
ဇော်ဂျီဖြင့် ဖတ်ရန်။

“ေမြးေန႔မွာ သီရိမဂၤလာေဈးက ေဈးသူေဈးသားမ်ားနဲ႔ အလုပ္သမားေတြကို ၾကာဇံေၾကာ္ေကြၽးေမြးခဲ့တဲ့ ထြန္းကိုကို”

ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္းေမာ္ဒယ္လ္တစ္ေယာက္ျဖစ္တဲ့ ထြန္းကိုကိုကေတာ့ လက္ရွိမွာ အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြရရွိေနတဲ့ အႏုပညာရ်င္တစ္ေယာက္ပဲျဖစ္ပါတယ္။အခုေနာက္ပိုင္းမွာေတာ့ ေမာ္ဒယ္လ္တစ္ေယာက္အေနနဲ႕သာမက သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႕လည္း ႐ုပ္ရွင္ဇာတ္ကားႀကီးေတြကို ပါဝင္႐ိုက္ကူးေနၿပီလည္းျဖစ္ပါတယ္။ဒီေန႔ ဇန္နဝါရီလ (၁၆)ရက္ေန႕ေလးကေတာ့ ေမာ္ဒယ္သ႐ုပ္ေဆာင္ မင္းသားေခ်ာ ထြန္းကိုကိုရဲ႕ ေမြးေန႕ရက္ ျမတ္ေလးက်ေရာက္တာပဲျဖစ္ပါတယ္။

ထြန္းကိုကိုက သူ႕ရဲ႕ဒီႏွစ္ေမြးေန႕ရက္ျမတ္ကေလးဟာ သူပါဝင္သ႐ုပ္ေဆာင္ထားခဲ့တဲ့ “ပ်ံက်ကူလီ”႐ုပ္ရွင္ဇာတ္ကားႀကီး ပထမဆံုးရံုတင္တဲ့ရက္နဲ႕တိုက္တိုက္ဆိုင္ဆိုင္ တစ္ရက္တည္းက်ေရာက္ေနခဲ့ပါတယ္။မင္းသားေခ်ာထြန္းကိုကိုကေတာ့ ဒီေန႕ေမြးေန႕ရက္ေလးကို မွတ္မွတ္ရရျဖစ္သြားေလေအာင္ “ပ်ံက်ကူလီ”႐ုပ္ရွင္ဇာတ္ကားႀကီး႐ိုက္ကူးခဲ့တဲ့ “သီရိမဂၤလာေစ်း”မွာ ေမြးေန႕အလွဴအေနနဲ႕ ေစ်းသူေစ်းသားေတြနဲ႕ အလုပ္သမားေတြကို ၾကာဇံေၾကာ္ စတုဒီသာေကၽြးေမြးလွဴဒါန္းခဲ့တာပဲျဖစ္ပါတယ္။

ထြန္းကိုကိုရဲ႕ ပရိသတ္ေတြကေတာ့ ေမြးေန႕အလွဴေလးျပဳလုပ္တဲ့ သီရိမဂၤလာေစ်းအထိကို လာေရာက္ၿပီး ထြန္းကိုကို အတြက္ကို ေမြးေန႕လက္ေဆာင္ေလးေတြလာေရာက္ေပးခဲ့ပါေသးတယ္။CeleGabar ပရိသတ္ႀကီးေရ ေမာ္ဒယ္မင္းသားေခ်ာ ထြန္းကိုကိုရဲ႕ ဒီေန႕မွာက်ေရာက္တဲ့ ေမြးေန႕ေလးအတြက္ ေမြးေန႕ဆုမြန္ေကာင္းေလးေတြေတာင္းသြားေပးခဲ့ၾကပါဦးေနာ္။

Source – CeleGabar
Chilli – CeleGabar

error: Content is protected !!