တရုတ်နှစ်သစ်ကူးနေ့တွင် စင်္ကာပူနိုင်ငံတွင် စတင်ပြသတော့မယ့် တိမ်တွေပေါ်ကပန်း

(၂၀၁၉)ခုနှစ် နှစ်ကုန်ပိုင်းမှာ ပရိသတ်တွေအားပေးမှုများစွာရရှိခဲ့တဲ့ဇာတ်ကားကတော့ တိမ်တွေပေါ်ကပန်း ဖြစ်ပါတယ်။ဒီဇာတ်ကားဟာ အကယ်ဒမီစင်ရော်မောင်မောင်နဲ့အတူ သားဖြစ်သူမင်းသန့်မောင်မောင်ကတွဲဖက်ဒါရိုက်တာအနေနဲ့ပါဝင်ကူညီအားဖြည့်ထားတာပါ။JBJ Entertainment နှင့် Big 5 Film Production တို့ ပူးပေါင်း ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပြီး ကိုရီးယား မြန်မာ အချစ်ဇာတ်လမ်း ကောင်းလေးဖြစ်ပါတယ်။


ဒီဇာတ်ကားမှာ အဓိကသရုပ်ဆောင်အနေနဲ့ Korea မင်းသား Ryu Sang Wook၊ဝတ်မှုန်ရွှေရည် နဲ့ကျော်ထက်အောင် တို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဒီဇာတ်လမ်းဟာ ငယ်စဉ်ကစိတ်ဒဏ်ရာကြီးမားစွာရရှိထားတဲ့ မိန်းကလေးဟာ လူတောမတိုးရဲဖြစ်ကာ ကြောက်ရွံ့ထိတ်လန့်နေခဲ့ရပေမယ့် စိတ်ခွန်အားအပြည့်နဲ့အခက်အခဲမျိုးစုံကို ရင်ဆိုင်နိုင်တဲ့ သူတစ်ယောက်အဖြစ်ပြောင်းလဲလာတဲ့အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ စိတ်ခွန်အားရစေမယ့် ဇာတ်ကားလည်းဖြစ်တယ်။ဒါ့အပြင်လှပတဲ့ရိုက်ချက်တွေနဲ့အတူ ချင်းပြည်နယ်ရဲ့အလှတွေကို ခံစားကြည့်ရှုရမှာလည်းဖြစ်တယ်။


ဒီဇာတ်ကားကိုတော့ ယခုလာမယ့် တရုတ်နှစ်သစ်ကူးပိတ်ရက်တွေမှာ စင်္ကာပူနိုင်ငံမှာ ပြသတော့မှာဖြစ်ပါတယ်။ဒါ့အပြင် MMID season 4 Winner ဆုရှင်အက်စတာဒေါ့ချင်းဆုန်နှင့် Wild Card Winnerတန်ခွန်ကျော်တို့မှ လာရောက်ကြည့်ရူအားပေးတဲ့ပရိသတ်တွေကို ကြိုဆိုနူတ်ဆက် ပါဝင်အားဖြည့် ပေးသွားမှာလည်းဖြစ်ပါတယ်။အခုလိုပြသခွင့်ရရှိတဲ့အတွက် ဂုဏ်ယူစရာပါပဲနော်…
Source : Big 5 Film Production
Moe – CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

တ႐ုတ္ႏွစ္သစ္ကူးေန႔တြင္ စကၤာပူႏိုင္ငံတြင္ စတင္ျပသေတာ့မယ့္ တိမ္ေတြေပၚကပန္း
(၂၀၁၉)ခုႏွစ္ ႏွစ္ကုန္ပိုင္းမွာ ပရိသတ္ေတြအားေပးမႈမ်ားစြာရရွိခဲ့တဲ့ဇာတ္ကားကေတာ့ တိမ္ေတြေပၚကပန္း ျဖစ္ပါတယ္။ဒီဇာတ္ကားဟာ အကယ္ဒမီစင္ေရာ္ေမာင္ေမာင္နဲ႔အတူ သားျဖစ္သူမင္းသန႔္ေမာင္ေမာင္ကတြဲဖက္ဒါ႐ိုက္တာအေနနဲ႔ပါဝင္ကူညီအားျဖည့္ထားတာပါ။
JBJ Entertainment ႏွင့္ Big 5 Film Production တို႔ ပူးေပါင္း ႐ိုက္ကူးထားတဲ့ဇာတ္ကားျဖစ္ၿပီး ကိုရီးယား ျမန္မာ အခ်စ္ဇာတ္လမ္း ေကာင္းေလးျဖစ္ပါတယ္။

ဒီဇာတ္ကားမွာ အဓိကသ႐ုပ္ေဆာင္အေနနဲ႔ Korea မင္းသား Ryu Sang Wook၊ဝတ္မႈန္ေ႐ႊရည္ နဲ႔ေက်ာ္ထက္ေအာင္ တို႔ပါဝင္သ႐ုပ္ေဆာင္ထားၾကပါတယ္။ဒီဇာတ္လမ္းဟာ ငယ္စဥ္ကစိတ္ဒဏ္ရာႀကီးမားစြာရရွိထားတဲ့ မိန္းကေလးဟာ လူေတာမတိုးရဲျဖစ္ကာ ေၾကာက္႐ြံ႕ထိတ္လန႔္ေနခဲ့ရေပမယ့္ စိတ္ခြန္အားအျပည့္နဲ႔အခက္အခဲမ်ိဳးစုံကို ရင္ဆိုင္ႏိုင္တဲ့ သူတစ္ေယာက္အျဖစ္ေျပာင္းလဲလာတဲ့အေၾကာင္းကို ႐ိုက္ကူးပုံေဖာ္ထားတဲ့ စိတ္ခြန္အားရေစမယ့္ ဇာတ္ကားလည္းျဖစ္တယ္။ဒါ့အျပင္လွပတဲ့႐ိုက္ခ်က္ေတြနဲ႔အတူ ခ်င္းျပည္နယ္ရဲ႕အလွေတြကို ခံစားၾကည့္ရႈရမွာလည္းျဖစ္တယ္။


ဒီဇာတ္ကားကိုေတာ့ ယခုလာမယ့္ တ႐ုတ္ႏွစ္သစ္ကူးပိတ္ရက္ေတြမွာ စကၤာပူႏိုင္ငံမွာ ျပသေတာ့မွာျဖစ္ပါတယ္။ဒါ့အျပင္ MMID season 4 Winner ဆုရွင္အက္စတာေဒါ့ခ်င္းဆုန္ႏွင့္ Wild Card Winnerတန္ခြန္ေက်ာ္တို႔မွ လာေရာက္ၾကည့္႐ူအားေပးတဲ့ပရိသတ္ေတြကို ႀကိဳဆိုႏူတ္ဆက္ ပါဝင္အားျဖည့္ ေပးသြားမွာလည္းျဖစ္ပါတယ္။အခုလိုျပသခြင့္ရရွိတဲ့အတြက္ ဂုဏ္ယူစရာပါပဲေနာ္…

error: Content is protected !!