“BL ဇာတ်ရုပ်အတွက် လိုအပ်နေတဲ့ မင်းသားကို ပရိသတ်တွေကိုအကြံပြုချက်တောင်းလိုက်တဲ့ အဆိုတော် အားတီ”

အဆိုတော်အားတီကတော့ R&Bနဲ့Pop သီချင်းတွေကို မြူးမြူးကြွကြွသီဆိုလေ့ရှိတဲ့သူတစ်ယောက်ဖြစ်ပြီး လက်တလောမှာဆိုရင် သူ့ရဲ့ ထွက်ရှိသမျှသီချင်းတွေဟာ အချစ်အလွမ်း သီချင်းအေးလေးတွေဖြစ်ပေမယ့် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကိုရရှိထားပါသေးတယ်။ သီချင်းတွေရဲ့ MTV တွေကိုလည်း အမြင်ဆန်းစေမယ့် ပုံစံအသစ်အဆန်းတွေနဲ့ရိုက်ကူးလေ့ရှိကာ ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာ ရရှိထားသူလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ အဆိုတော်အားတီတစ်ယောက် ရိုက်ကူးသွားဖို့ရှိတဲ့ BL ဇာတ်ရုပ်အတွက် လိုအပ်နေတဲ့ မင်းသားက “BL ဇာတ်ရုပ်အတွက် မင်းသွေးခန့် နဲ့တွဲဖို့ ဘယ်သူ့ကိုထည့်ရိုက်ရင်ကောင်းမလဲ ? Any suggestion” လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှ ပရိသတ်တွေကိုအကြံပြုချက်တောင်းထားပါတယ်။ အဆိုတော်အားတီရဲ့ အမာခံပရိသတ်တွေကတော့ အသီးသီးအကြံပြုကြသလို အားတီရဲ့ ရိုက်ကူးသွားမယ့် BL ဇာတ်လမ်းဟာ ဘယ်လိုသီချင်းအမျိုးအစား ဖြစ်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြပြီလည်းဖြစ်ပါတယ်။ အဆိုတော်အားတီရဲ့ လွင်ပြင် ဆိုတဲ့ အချစ်သီချင်းလေးကိုလည်း BL ဇာတ်လမ်းလေးနဲ့ ရှုခင်းလှလှလေးတွေနဲ့ ပရိသတ်တွေရဲ့အသည်းကိုဖမ်းစားခဲ့ဖူးပါသေးတယ်။

CeleGabar ပရိသတ်ကြီးရေ သီချင်းMTV တွေကို အမြင်ဆန်းစေမယ့် ပုံစံအသစ်အဆန်းတွေနဲ့ ရိုက်ကူးလေ့ရှိတဲ့ နိုင်ငံကျော်အဆိုတော်အားတီကတော့ ရိုက်ကူးသွားဖို့ရှိတဲ့ BL ဇာတ်ရုပ်အတွက် ပျိုမေတွေအချစ်တော် မော်ဒယ်မင်းသားချော မင်းသွေးခန့် နဲ့တွဲဖက်ဖို့ ဘယ်မင်းသားချောကို ထည့်ရိုက်ကူးရင်ကောင်းမလဲလို့ ပရိသတ်တွေကို အကြံပြုချက်တောင်းထားပါတယ်။ပရိသတ်ကြီးကရော ဘယ်မင်းသားနဲ့တွဲရိုက်စေချင်လဲ။

Source: AR-T
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်





error: Content is protected !!