မြန်မာနိုင်ငံရဲ့မယ်စကြဝဠာပြိုင်ပွဲမှာ 1st Runner up ဆုသာရရှိခဲ့ပေမယ့် ပရိသတ်တွေရဲ့ ဝက်ဝက်ကွဲဝန်းရံအားပေးခြင်းခံခဲ့ရဖူးတဲ့ အလှမယ်(၃)ဦး

မြန်မာနိုင်ငံရဲ့ကြီးကျယ်ခမ်းနားတဲ့ မယ်စကြဝဠာပြိုင်ပွဲမှာ Winner မဖြစ်ခဲ့ပေမယ့် ပရိသတ်တွေရဲ့ အချစ်တွေတစ်ပုံကြီးရရှိခဲ့တဲ့အလှမယ်(၃)ဦး ရှိပါတယ်။1st Runner up ရရှိခဲ့ပေမယ် အချစ်များစွာရရှိခဲ့တဲ့ သူတို့တွေကတော့

(၁) ဟန်လေး(MUM 1st Runner up 2015-2016)

ရွှေမန်းသူလေးတစ်ယောက်ဖြစ်တဲ့ဟန်လေးကလည်း ပရိသတ်အားပေးမှုများစွာရရှိခဲ့တဲ့ အလှမယ်တစ်ယောက်ပါပဲ။သူကတော့ Miss Universe Myanmar (2015-2016) 1st Runner up ပါ။ဟန်လေးဟာထူးခြားတဲ့အလှကိုပိုင်ဆိုင်ထားသလို ညဏ်ရည်ညဏ်သွေးကောင်းမွန်သူရယ်လို့ ပရိသတ်တွေကအသိအမှတ်ပြုထားခြင်းခံရသူတစ်ယောက်ပါ။အခုဆိုရင် ဟန်လေးကတော့ ကြော်ငြာတွေ ဓာတ်ပုံရိုက်ကူးခြင်းတွေအပြင် သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ အနုပညာခြေလှမ်းတွေလှမ်းလာခဲ့ပြီ ဖြစ်ပါတယ်။

(၂) ရွှေအိမ်စည်(MUM 1st Runner up 2017)


လက်ရှိအချိန်မှာ မော်ဒယ်လ်အနေနဲ့သာမက သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကိုင်လာသူတစ်ယောက်ပါ။ရွှေအိမ်စည်ဟာ Miss Universe Myanmar 2017 ပြိုင်ပွဲမှာ 1st Runner upရရှိခဲ့ပေမယ့် သရဖူသိမ်းခံခဲ့ရတာလည်းဖြစ်ပါတယ်။အလှမယ်ပြိုင်ပွဲအတွက် ထူးထူးခြားခြားကြိုးစားသူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကို မျှော်လင့်ချက်မားစွာဖြစ်စေခဲ့ကာ မြန်မာနိုင်ငံမှာ ပရိသတ်အချစ်ခင်ခံရဆုံးအလှမယ်တွေထဲကတစ်ယောက်ပါ။အခုအချိန်အထိလည်း ရွှေအိမ်စည်ဟာ ပရိသတ်အင်အားတောင့်တင်းတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေဆဲပါပဲ။

(၃)မွှေးသက် (MUM 1st Runner up 2019)


မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ Miss Grand International 2019 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သူတစ်ယောက်ပါ။သူကလည်း Miss Universe Myanmar 2019 ပြိုင်ပွဲမှာ 1st Runner upရရှိခဲ့သူတစ်ယောက်ပါ။ပြည်ပမှာသွားပြိုင်ရမယ့်ပြိုင်ပွဲမတိုင်ခင်နဲ့ပြိုင်ပွဲပြီးသွားတဲ့အချိန်တွေမှာ ပရိသတ်တွေရဲ့အားပေးချက်ကတော့များစွာကြောင့် Online မှာ Voting လုပ်တိုင်း မျက်နှာပန်းလှခဲ့သူတစ်ယောက်ပါ။အမိုက်စားခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသလို ဘာသာစကား၊ညဏ်ရည်ညဏ်သွေးနဲ့ ထက်မြက်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်နေတာကြောင့် နောက်ထပ်ပြိုင်ပွဲထပ်မံပြိုင်စေချင်နေတဲ့ သူတွေတောင်ရှိနေပါတယ်။
Source : NanShweAye,ShweEainSi,HmweThet
Moe – CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်











x
error: Content is protected !!