လိပ်ပြာစံအိမ်ဇာတ်ကားကို အွန်လိုင်းမှာပျံ့နှံ့အောင်ပြုလုပ်သူများကို ဥပဒေအရအရေးယူမယ့်အကြောင်း ထပ်မံအသိပေးချက်ထုတ်ပြန်

လိပ်ပြာစံအိမ်ရုပ်ရှင်ဟာ အာရှနိုင်ငံတော်တော်များများမှာပြသခဲ့တဲ့ မြန်မာရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားနဲ့ပဲ Asian Creative Academy ဆုပေးပွဲကြီးမှာ ဆုပေါင်းများစွာဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ဒီဇာတ်ကားမှာတော့ ဝတ်မှုန်ရွှေရည်၊နိုင်နိုင်း၊ဒေါင်းနဲ့ ကလေးသရုပ်ဆောင်ပြည့်ပြည့်တို့ ပါဝင်ထားတာပါ။


ဒီဇာတ်ကားဟာ အာရှနိုင်ငံတော်တော်များများမှာပြသခဲ့ပြီး လက်ရှိအချိန်အထိရုံတင်ပြသနေဆဲလည်းဖြစ်ပါတယ်။ဒီဇာတ်ကားကို အွန်လိုင်းပေါ်မှာ ပျံ့နှံ့အောင်လုပ်ဆောင်သူတွေကြောင့် ဥပဒေအရအရေးယူမယ့်အကြောင်းကို အသိပေးချက်ထုတ်ပြန်ခဲ့ဖူးပါတယ်။အခုတစ်ခါလည်း ထိုကဲ့သို့ကိစ္စမျိုးတွေ ထပ်မံဖြစ်ပေါ်နေတာကြောင့် ထပ်မံအသိပေးချက်ထုတ်ပြန်ထားပါတယ်။


“ထပ်မံသတိပေးအကြောင်းကြားခြင်း လိပ်ပြာစံအိမ် – The Only Mom ရုပ်ရှင်သည်Brave Empire Entertainment & Production ၏တစ်ဦးတည်းမူပိုင် ထုတ်လုပ်ခွင့် ရရှိပြီးသော ရုပ်ရှင်ဖြစ်ပါသည်။ ယခုအချိန်တွင် တရုတ်စာတန်းထိုးဖြင့် အွန်လိုင်းပေါ်တွင် ပျံ့နှံ့လျှက်ရှိပါသည်။ အခုလို ပျံ့နှံ့နေသည့်အတွက် တင်ပြီးသားပို့စ်များကိုဖျက်ပေးရန် နှင့် ဆက်လက်မတင်ကြပါရန် တားမြစ်ပါသည်။ မည်သည့်ဆိုရှယ်မီဒီယာစာမျက်နှာပေါ်မှာမှ တင်ခွင့်မရှိပါ။ တားမြစ်ထားသည်ကို မဖျက်ပေးပါက ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။” လို့ Brave Empire Entertainment & Productionရဲ့ဖေ့ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။ငွေကြေး၊အချိန်နဲ့ အင်အားစိုက်ထုတ်မှုများစွာလုပ်ထားတဲ့ ဇာတ်ကားတစ်ခုကို အခုလိုမျိုး အွန်လိုင်းပေါ်မှာပျံ့နှံ့အောင်လုပ်တာနဲ့ ပတ်သက်ပြီး Cele Gabar ပရိသတ်ကြီးရဲ့အမြင်ကို ပြောသွားပါဦး…
Source : Brave Empire Entertainment & Production
Moe – Cele Gabar
ဇော်ဂျီဖြင့်ဖတ်ရန်

လိပ္ျပာစံအိမ္ဇာတ္ကားကို အြန္လိုင္းမွာပ်ံ႕ႏွံ႔ေအာင္ျပဳလုပ္သူမ်ားကို ဥပေဒအရအေရးယူမယ့္အေၾကာင္း ထပ္မံအသိေပးခ်က္ထုတ္ျပန္
လိပ္ျပာစံအိမ္႐ုပ္ရွင္ဟာ အာရွႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာျပသခဲ့တဲ့ ျမန္မာ႐ုပ္ရွင္ဇာတ္ကားျဖစ္ပါတယ္။ဒီဇာတ္ကားနဲ႔ပဲ Asian Creative Academy ဆုေပးပြဲႀကီးမွာ ဆုေပါင္းမ်ားစြာဆန္ကာတင္စာရင္းဝင္ခဲ့ပါတယ္။ဒီဇာတ္ကားမွာေတာ့ ဝတ္မႈန္ေ႐ႊရည္၊ႏိုင္ႏိုင္း၊ေဒါင္းနဲ႔ ကေလးသ႐ုပ္ေဆာင္ျပည့္ျပည့္တို႔ ပါဝင္ထားတာပါ။


ဒီဇာတ္ကားဟာ အာရွႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာျပသခဲ့ၿပီး လက္ရွိအခ်ိန္အထိ႐ုံတင္ျပသေနဆဲလည္းျဖစ္ပါတယ္။ဒီဇာတ္ကားကို အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔ေအာင္လုပ္ေဆာင္သူေတြေၾကာင့္ ဥပေဒအရအေရးယူမယ့္အေၾကာင္းကို အသိေပးခ်က္ထုတ္ျပန္ခဲ့ဖူးပါတယ္။အခုတစ္ခါလည္း ထိုကဲ့သို႔ကိစၥမ်ိဳးေတြ ထပ္မံျဖစ္ေပၚေနတာေၾကာင့္ ထပ္မံအသိေပးခ်က္ထုတ္ျပန္ထားပါတယ္။


“ထပ္မံသတိေပးအေၾကာင္းၾကားျခင္း လိပ္ျပာစံအိမ္ – The Only Mom ႐ုပ္ရွင္သည္Brave Empire Entertainment & Production ၏တစ္ဦးတည္းမူပိုင္ ထုတ္လုပ္ခြင့္ ရရွိၿပီးေသာ ႐ုပ္ရွင္ျဖစ္ပါသည္။ ယခုအခ်ိန္တြင္ တ႐ုတ္စာတန္းထိုးျဖင့္ အြန္လိုင္းေပၚတြင္ ပ်ံ႕ႏွံ႔လွ်က္ရွိပါသည္။ အခုလို ပ်ံ႕ႏွံ႔ေနသည့္အတြက္ တင္ၿပီးသားပို႔စ္မ်ားကိုဖ်က္ေပးရန္ ႏွင့္ ဆက္လက္မတင္ၾကပါရန္ တားျမစ္ပါသည္။ မည္သည့္ဆိုရွယ္မီဒီယာစာမ်က္ႏွာေပၚမွာမွ တင္ခြင့္မရွိပါ။ တားျမစ္ထားသည္ကို မဖ်က္ေပးပါက ဥပေဒအရ ထိေရာက္စြာ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အသိေပးအေၾကာင္းၾကားအပ္ပါသည္။” လို႔ Brave Empire Entertainment & Productionရဲ႕ေဖ့ဘြတ္မွာ ေရးသားထားတာျဖစ္ပါတယ္။ေငြေၾကး၊အခ်ိန္နဲ႔ အင္အားစိုက္ထုတ္မႈမ်ားစြာလုပ္ထားတဲ့ ဇာတ္ကားတစ္ခုကို အခုလိုမ်ိဳး အြန္လိုင္းေပၚမွာပ်ံ႕ႏွံ႔ေအာင္လုပ္တာနဲ႔ ပတ္သက္ၿပီး Cele Gabar ပရိသတ္ႀကီးရဲ႕အျမင္ကို ေျပာသြားပါဦး…

error: Content is protected !!