“ခရီးကပြန်ရောက်ရောက်ချင်း သားသမီးတွေဆီ အပြေးသွားခဲ့တဲ့ ခိုင်နှင်းဝေ”

ခိုင်နှင်းဝေကတော့ လက်ရှိမှာ အနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်းနဲ့အတူ ပရဟိတလုပ်ငန်းတွေကို ထဲထဲဝင်ဝင်လုပ်ကိုင်နေတဲ့ မင်းသမီးတစ်လက်ပါ။ခိုကိုးရာမဲ့ လူမမယ်ကလေးငယ်လေးတွေကိုလည်း သားသမီးအရင်းသဖွယ်စောင့်ရှောက်မှုတွေပေးအပ်နေပြီး ကလေးတွေနေထိုင်စားသောက်ဖို့အတွက်သာမက ကျန်မာရေးပညာရေးတွေကိုလည်း ကူညီပံ့ပိုးပေးနေတဲ့ ပရဟိတမင်းသမီးကြီးလို့တောင်ခေါ်ဆိုနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပါ။

လတ်တလောမှာလည်း အလုပ်ကိစ္စတွေနဲ့ ခရီးထွက်နေခဲ့ပြီး ခရီးကပြန်ရောက်လာခဲ့ချိန်မှာတော့ သားသမီးတွေဆီကို အပြေးပြန်လာခဲ့ပါတယ်။ကလေးတွေကလည်း ခိုင်နှင်းဝေကို လွမ်းနေပြီး တွေ့တဲ့ အချိန်မှာ ချွဲနေကြတဲ့ အကြောင်းကို “ခရီးသွားပြီးပြန်လာတော့ အမေကိုချွဲကြတယ်လေ။ခရီးသွားရင် အလှပုံလေးတွေရိုက်တင်ပေမဲ့ ပြန်ရောက်ပြီဆိုရင် ကလေးတသိုက်နဲ့ အလှပုံ မရိုက်နိုင်တော့ဘူး။”ဆိုပြီး ကလေးတွေဆီအပြေးသွားခဲ့တဲ့ အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။

“ကျွန်မ သားသမီး (၃၀) အတွက် ကျန်းမာပျော်ရွှင်အောင် နေထိုင်ရင်း သူတို့လေးတွေရှေ့ရေးနဲ့ ဂေဟာဖြစ်မြောက်ဖို့အတွက် ကြိုးစားနေပါတယ်” လို့လည်း သူ့ရဲ့ သားသမီးလေးတွေအတွက် ဂေဟာလေးဖြစ်မြောက်ဖို့ကြိုးစားနေတဲ့ အကြောင်းကိုလည်း ဖော်ပြထားပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ သူ့ရဲ့ ကလေးတွေကို တော်တော်လေးချစ်ပြီး မိခင်မေတ္တာအပြည့်အဝပေးထားတာပါနော်။

Source – Khine Hnin Wai
Chilli – CeleGabar
ဇော်ဂျီဖြင့် ဖတ်ရန်။

“ခရီးကျပန္ေရာက္ေရာက္ခ်င္း သားသမီးေတြဆီ အေျပးသြားခဲ့တဲ့ ခိုင္ႏွင္းေဝ”

ခိုင္ႏွင္းေဝကေတာ့ လက္ရွိမွာ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ျခင္းနဲ႕အတူ ပရဟိတလုပ္ငန္းေတြကို ထဲထဲဝင္ဝင္လုပ္ကိုင္ေနတဲ့ မင္းသမီးတစ္လက္ပါ။ခိုကိုးရာမဲ့ လူမမယ္ကေလးငယ္ေလးေတြကိုလည္း သားသမီးအရင္းသဖြယ္ေစာင့္ေရွာက္မႈေတြေပးအပ္ေနၿပီး ကေလးေတြေနထိုင္စားေသာက္ဖို႕အတြက္သာမက က်န္မာေရးပညာေရးေတြကိုလည္း ကူညီပံ့ပိုးေပးေနတဲ့ ပရဟိတမင္းသမီးႀကီးလို႕ေတာင္ေခၚဆိုႏိုင္တဲ့ အႏုပညာရွင္တစ္ေယာက္ပါ။

လတ္တေလာမွာလည္း အလုပ္ကိစၥေတြနဲ႕ ခရီးထြက္ေနခဲ့ၿပီး ခရီးကျပန္ေရာက္လာခဲ့ခ်ိန္မွာေတာ့ သားသမီးေတြဆီကို အေျပးျပန္လာခဲ့ပါတယ္။ကေလးေတြကလည္း ခိုင္ႏွင္းေဝကို လြမ္းေနၿပီး ေတြ႕တဲ့ အခ်ိန္မွာ ခၽြဲေနၾကတဲ့ အေၾကာင္းကို “ခရီးသြားၿပီးျပန္လာေတာ့ အေမကိုခၽြဲၾကတယ္ေလ။ခရီးသြားရင္ အလွပံုေလးေတြ႐ိုက္တင္ေပမဲ့ ျပန္ေရာက္ၿပီဆိုရင္ ကေလးတသိုက္နဲ႔ အလွပံု မ႐ိုက္ႏိုင္ေတာ့ဘူး။”ဆိုၿပီး ကေလးေတြဆီအေျပးသြားခဲ့တဲ့ အေၾကာင္းကို သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနေဖာ္ျပထားတာပဲျဖစ္ပါတယ္။

“က်ြန္မ သားသမီး (၃၀) အတြက္ က်န္းမာေပ်ာ္ရႊင္ေအာင္ ေနထိုင္ရင္း သူတို႔ေလးေတြေရွ႕ေရးနဲ႔ ေဂဟာျဖစ္ေျမာက္ဖို႔အတြက္ ႀကိဳးစားေနပါတယ္” လို႕လည္း သူ႕ရဲ႕ သားသမီးေလးေတြအတြက္ ေဂဟာေလးျဖစ္ေျမာက္ဖို႕ႀကိဳးစားေနတဲ့ အေၾကာင္းကိုလည္း ေဖာ္ျပထားပါေသးတယ္။CeleGabar ပရိသတ္ႀကီးေရ ခိုင္ႏွင္းေဝကေတာ့ သူ႕ရဲ႕ ကေလးေတြကို ေတာ္ေတာ္ေလးခ်စ္ၿပီး မိခင္ေမတၱာအျပည့္အဝေပးထားတာပါေနာ္။

Source – Khine Hnin Wai
Chilli – CeleGabar

error: Content is protected !!