“သုံးပန်လှအစ်မတော်နှင့်တကွစစ်သူကြီးလေးဦးအတွက်ရည်စူးပြီး အလှူပြုလုပ်ခဲ့တဲ့ “သုံးပန်လှကျိန်စာ” ရုပ်ရှင်အဖွဲ့သားများ”

လင်းလက်လက်ရွှေ ထုတ်လုပ်ရေးအတွက် ဒါရိုက်တာညွန့်မြန်မာညီညီအောင် ရိုက်ကူးနေတဲ့ သုံးပန်လှကျိန်စာ ရုပ်ရှင်ဇာတ်ကားကြီးအတွက် သုံးပန်လှအစ်မတော်နှင့်တကွစစ်သူကြီးလေးဦးအတွက်ရည်စူးပြီး အလှူပြုလုပ်ခဲ့တဲ့အကြောင်းကို “လင်းလက်လက်ရွှေ ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးခဲ့သော သုံးပန်လှကျိန်စာ ရုပ်ရှင် ကားအတွက် သုံးပန်လှအစ်မတော်နှင့်တကွ စစ်သူကြီးလေးဦးအတွက် ရည်စူးအလှူစီစဉ်ပေးပါသော ဆရာမဒေါက်တာယဉ်ဝေလွင်(ပြည်) မိသားစုအားကျေးဇူးတင်ပါတယ်” လို့ ဒါရိုက်တာညွန့်မြန်မာညီညီအောင်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

သုံးပန်လှကျိန်စာ ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်ကျော်သူ ပါဝင်သရုပ်ဆောင်မှာဖြစ်သလို လင်းလက်လက်ရွှေရဲ့ မျိုးဆက် ဟိန်းကိုကိုကျော်လည်း ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတယ် လို့သိရပါတယ်။ လင်းလက်လက်ရွှေ ထုတ်လုပ်ရေးအတွက် ဒါရိုက်တာညွန့်မြန်မာညီညီအောင် ရိုက်ကူးနေတဲ့ ဒီရုပ်ရှင်ဇာတ်ကားကြီးမှာတော့ မင်းသမီးက စိုးပြည့်သဇင် ဖြစ်ပြီး ရာဇဝင်မှာ စာတင်ရတဲ့ ဒီဇာတ်လမ်းမှာ ဘယ်လိုအပျော်တွေ ဘယ်လို သောကတွေကို နှလုံးသားချင်းနီးအောင် ခံစားရမလဲ မသိသေးပါဘူးနော်။ ရာဇဝင်ထဲက သုံးပန်လှရဲ့ ကျိန်စာအကြောင်းရိုက်ကူးပုံဖော်ထားတာမို့ လူငယ်တွေနဲ့ သုံးပန်လှရဲ့ ဘဝဇာတ်ကြောင်းသိချင်သူတိုင်း ကြည့်သင့်ဇာတ်ကားတစ်ကားပါ။

သုံးပန်လှကျိန်စာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ မင်းသမီးချောလေး စိုးပြည့်သဇင်ကို ရှင်စောဖြူထိပ်ထား၊ မမကေသီ၊ ခင်ဖြူအောင်ဆိုတဲ့ ကာရိုက်တာ(၃)ခုနဲ့မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရေ “သုံးပန်လှကျိန်စာ” ရုပ်ရှင်အဖွဲ့သားများကတော့ ရုပ်ရှင်ဇာတ်ကားကြီးအဖြစ်ပုံဖော်ထားတဲ့ သုံးပန်လှအစ်မတော်နှင့်တကွစစ်သူကြီးလေးဦးအတွက်ရည်စူးပြီး အလှူပြုလုပ်ပေးခဲ့ပါသေးတယ်နော်။

Source: NyuntMyanmar Nyi Nyi Aung
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်





error: Content is protected !!