“မိုးအောင်ရင်ဘက်ကို ဒီလောက်ထိရိုင်းစိုင်းလိမ့်မယ်မထင်ထားခဲ့ဘူး ဆိုတဲ့ ချစ်သူဟောင်းခင်မြတ်နိုး”
ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် မိုးအောင်ရင်ကို သူ့ရဲ့ ချစ်သူဟောင်းဖြစ်တဲ့ ခင်မြတ်နိုးက ကာမလိမ်လည်မှုနဲ့ ရန်ကင်းမြို့နယ်တရားရုံးကနေ တရားစွဲဆိုထားတာကို ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ဒီနေ့ဇန်နဝါရီလ (၁၇)ရက်နေ့မှာတော့ (၅)ကြိမ်မြောက်ရုံချိန်းကိုတော့ တရားလိုခင်မြတ်နိုးရော၊စွတ်စွဲခံရသူ မိုးအောင်ရင်ရော နှစ်ဖက်စလုံ တက်ရောက်ခဲ့ပါတယ်။
တရားစွဲဆိုထားတဲ့ မိုးအောင်ရင်ရဲ့ ချစ်သူဟောင်း ခင်မြတ်နိုးကတော့ ဆုံးဖြတ်ထားတဲ့ ကိစ္စဖြစ်တာကြောင့် ဒီအမှုမှာ မိုးအောင်ရင်ကပို ကျေအေးပေးဖို့မရှိဘူးလို့လည်း ဆိုလာပါတယ်။ချစ်သူဟောင်းခင်မြတ်နိုးက မိုးအောင်ရင်တစ်ယောက် မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ကျနေစဉ်ကတည်းကအစအစအရာရာအကုန်လုပ်ပေးခဲ့ပေခဲ့တယ်လို့လည်း ပြောဆိုလာပါတယ်။ ဒီလိုလုပ်ပေးခဲ့တာကလည်း မျှော်လင့်ချက်မပါဝင်ခဲ့ပေမဲ့ အခုလို ရိုင်လိမ့်မယ် လုပ်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူးလို့လည်း ပြောထားပါတယ်။
မိုးအောင်ရင်ဘက်ကနေ အခုအမှုကိစ္စအတွက် ညှိနှိုင်းတောင်းပန်တာတွေမရှိသလို ညှိနှိုင်းလာခဲ့ရင်လည်း လက်ခံစဥၤးစားဖို့မရှိသလို အမှုကိုလည်း ရုတ်သိမ်းပေးဖို့မရှိဘူးလို့လည်း သိရှိရပါတယ်။အမှုကိုတော့ ရက်ပေါင်း(၁၈၀)အတွင်းမှာ အပြီးတိုင်စစ်ဆေးသွားမှာဖြစ်တယ်လို့လည်း ထပ်မံသိရှိရပါတယ်။CeleGabar ပရိသတ်ကြီးရေ တရာလိုဖြစ်သူခင်မြတ်နိုးဘက်ကတော့ လုံးဝအလျော့ပေးနောက်ဆုတ်ဖို့မရှိပါဘူးတဲ့။
Source – Exclusive On CeleGabar
Chilli – CeleGabar
ဇော်ဂျီဖြင့် ဖတ်ရန်။
Chilli – CeleGabar
x
error: Content is protected !!