“အကောင့်ဟက်ဖို့ကြိုးစားနေသူတွေကို ဝဋ်ကြွေးရှိသမျှဆပ်မှာပါလို့ဆိုလိုက်တဲ့ သံစဉ်မောင်”

သံစဉ်မောင်ကတော့ မော်လ်ဒယ်သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပြီး အစ်မဖြစ်သူဘေဘီမောင်နည်းတူ ပုရိသတွေရဲ့ဝန်းရံအားပေးခြင်းကိုရရှိထားသူပါ။လတ်တလောမှာ ရည်းစားဟောင်းဖြစ်သူနဲ့ ပြဿနာတွေတက်ခဲ့တဲ့နောက်ပိုင်းမှာ တိုက်ခိုက်မှုတွေမျိုးစုံခံစားနေရသူဖြစ်ပြီး ဒီကိစ္စတွေကနေ အကောင်းဆုံးနလန်ပြန်ထူနိုင်ဖို့ မိသားစုအကူအညီနဲ့ ကြိုးစားနေရသူပါ။

လတ်တလောမှာတော့ ချစ်သူနှစ်ဦးကြားက ဓာတ်ပုံတစ်ချို့လိုင်းပေါ်မှာပျံ့နှံ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်ရဲ့ဝေဖန်မှုခံနေရတဲ့အပြင် ဒီနေ့မှာတော့ အကောင့်ဟက်ဖို့ကြိုးစားနေတဲ့သူတွေရှိတယ်လို့ သံစဉ်မောင်က ရေးသားခဲ့တာပါ။ “အကောင့်ဟက်ပြီး ထပ်ယုတ်မာချင်တာလား … အဲ့လောက်လွယ်လား…ဟက်ခိုင်းတဲ့သူရော ဟက်တဲ့သူရောရဲ့မျက်နှာလေးတွေကို ဒီကလည်းသေချာကြည့်ပြီး မေတ္တာတွေပို့ပေးနေပါတယ်နော်… အဲ့လောက်ထိပူလောင်နာကျင်ပြီးတာတောင် ထပ်ဒုက္ခပေးချင်သူတွေ ကျန်းမာပါစေ ချမ်းသာပါစေ အေးချမ်းပါစေ အစစအရာရာအဆင်ပြေကြပါစေနော်လို့…ဝဋ်ကြွေးရှိအကုန်ဆပ်မှာပါ သိလား” လို့ရေးသားခဲ့တာပါ။

သံစဉ်မောင်ရဲ့ဖခင်ကတော့ သမီးဖြစ်သူဒုက္ခရောက်နေတဲ့အချိန်မှာ ဘုရား၊တရားလုပ်ဖို့ အဓိကထားပြောကြားခဲ့တာဖြစ်ပြီး သမီးဖြစ်သူရဲ့အပူတွေကိုသက်သာစေဖို့ဖျောင်းဖျခဲ့သူပါ။သံစဉ်မောင်ကလည်း ဖခင်ရဲ့စကားအတိုင်း တိုက်ခိုက်သူတွေကို မေတ္တာပဲထားပြီး ဝဋ်ကြွေးရှိသမျှအကုန်ဆပ်မယ်လို့ စဉ်းစားခဲ့တာဖြစ်ပါတယ်။သူများဒုက္ခရောက်နေတဲ့အချိန်မှာ ထပ်ပြီးတိုက်ခိုက်ဖို့ ကြိုးစားကြတာတော့ မဖြစ်သင့်ဘူးထင်ပါနော် ပရိသတ်ကြီးရေ..


Source – Than Sin Maung
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်




Source – Than Sin Maung
Rainbow- Cele Gabar

x
error: Content is protected !!