“ပင်ပန်းခဲ့သမျှ စိတ်ဓာတ်ကျခဲ့ရသမျှနဲ့ထိုက်တန်တဲ့ရလဒ်ကိုရခဲ့တာကြောင့် ပျော်နေတဲ့ မောင်ချိုလေး”

မောင်ချိုကတော့ မြန်မာအိုင်ဒေါ Season-3 ရဲ့ Top-2 ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပြီး ပြိုင်ပွဲဝင်ဘဝကတည်းက အမာခံပရိသတ်အင်အားတောင့်တင်းခဲ့သူတစ်ယောက်ပါ။နောက်ဆုံးဖိုင်နယ်ပြိုင်ပွဲမှာ ကျန်းမာရေးအခြေအနေကြောင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ပေမယ့်လည်း အမာခံပရိသတ်အချို့ရဲ့ရင်ထဲမှာတော့ ပထမဆုရှင်အဖြစ်သတ်မှတ်ခြင်းခံထားရသူလည်း ဖြစ်ပါတယ်။

သူကတော့ ပြိုင်ပွဲကြီးပြီးကတည်းက သီဆိုဖျော်ဖြေပွဲတွေဆက်တိုက်ဆိုသလို သွားရောက်ဖျော်ဖြေနေရတဲ့ကြားကမှ သူ့ရဲ့ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးလေးကို ထွက်ရှိနိုင်ဖို့ကြိုးစားခဲ့တာဖြစ်ပြီး မကြာသေးခင်ကမှ ပရိသတ်တွေလက်ထဲထည့်နိုင်ခဲ့တာပါ။သူ့ရဲ့ပထမဆုံးတေးစီးရီးလေးကို သူပြိုင်ပွဲဝင်စဉ်က Voting နံပါတ်ဖြစ်တဲ့ (11)ကိုယူပြီး Eleven လို့အမည်ပေးခဲ့ကာ သီချင်း(၁၁)ပုဒ်ထည့်သွင်းခဲ့တာပါ။ဒါ့အပြင် အမှတ်တရလေးဖြစ်သွားအောင် (၁၁)လပိုင်း(၁၁)ရက်နေ့မှာ ဖြန့်ချီနိုင်ဖို့စီစဉ်ခဲ့ပေမယ့် အခက်အခဲအမျိုးမျိုးကြောင့် မကြာသေးခင်ကမှ ပရိသတ်လက်ထဲရောက်ရှိခဲ့တာဖြစ်ပါတယ်။

သီချင်းခွေထွက်ရှိပြီးချိန်မှာတော့ သူ့ရဲ့ Loser သီချင်းလေးက Joox မှာနံပါတ်(၁)ချိတ်ခဲ့တဲ့အပြင် လက်ရှိအရောင်းရဆုံးအခွေများစာရင်းမှာလည်း နံပါတ်(၁)ချိတ်တာမို့ “ပင်ပန်းခဲ့ရသမျှ.. ကြိုးစားခဲ့ရသမျှ.. ငိုခဲ့ရသမျှ… စိတ်ဓာတ်ကျခဲ့ရသမျှ ပျော်တယ်ဗျာ.. The Best Seller ဘာပြောရမှန်းတောင် မသိတော့ဘူး… This Just Made My All Year.. Thank U Guys So Much For Making My Dreams Come True.. I Wouldn’t Be Here Without You Guys So Thank You So Much… See U At The Top” ဆိုပြီး သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။မောင်ချိုကတော့ အားပေးသူပရိသတ်တွေရဲ့အင်အားကြောင့် အခုဆိုရင် အရောင်းရဆုံးအခွေနံပါတ်(၁)စာရင်းမှာ ရောက်ရှိနေပြီဖြစ်ကြောင်း ဝမ်းသာဂုဏ်ယူစွာနဲ့ဖော်ပြပေးလိုက်ပါတယ်နော်။


Source – ChanMyae MgCho
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“ပင္ပန္းခဲ့သမွ် စိတ္ဓာတ္က်ခဲ့ရသမွ်နဲ႔ထိုက္တန္တဲ့ရလဒ္ကုိရခဲ့တာေၾကာင့္ ေပ်ာ္ေနတဲ့ ေမာင္ခ်ိဳေလး”

ေမာင္ခ်ိဳကေတာ့ ျမန္မာအုိင္ေဒါ Season-3 ရဲ႕ Top-2 ျပိဳင္ပြဲဝင္တစ္ေယာက္ျဖစ္ျပီး ျပိဳင္ပြဲဝင္ဘဝကတည္းက အမာခံပရိသတ္အင္အားေတာင့္တင္းခဲ့သူတစ္ေယာက္ပါ။ေနာက္ဆံုးဖိုင္နယ္ျပိဳင္ပြဲမွာ က်န္းမာေရးအေျခအေနေၾကာင့္ ဝင္ေရာက္ယွဥ္ျပိဳင္ႏုိင္ျခင္းမရွိခဲ့ေပမယ့္လည္း အမာခံပရိသတ္အခ်ိဳ႕ရဲ႕ရင္ထဲမွာေတာ့ ပထမဆုရွင္အျဖစ္သတ္မွတ္ျခင္းခံထားရသူလည္း ျဖစ္ပါတယ္။

သူကေတာ့ ျပိဳင္ပြဲၾကီးျပီးကတည္းက သီဆိုေဖ်ာ္ေျဖပြဲေတြဆက္တိုက္ဆိုသလို သြားေရာက္ေဖ်ာ္ေျဖေနရတဲ့ၾကားကမွ သူ႔ရဲ႕ပထမဆံုးတစ္ကုိယ္ေတာ္ေတးစီးရီးေလးကို ထြက္ရွိႏုိင္ဖို႔ၾကိဳးစားခဲ့တာျဖစ္ျပီး မၾကာေသးခင္ကမွ ပရိသတ္ေတြလက္ထဲထည့္ႏိုင္ခဲ့တာပါ။သူ႔ရဲ႕ပထမဆံုးေတးစီးရီးေလးကို သူျပိဳင္ပြဲဝင္စဥ္က Voting နံပါတ္ျဖစ္တဲ့ (11)ကိုယူျပီး Eleven လို႔အမည္ေပးခဲ့ကာ သီခ်င္း(၁၁)ပုဒ္ထည့္သြင္းခဲ့တာပါ။ဒါ့အျပင္ အမွတ္တရေလးျဖစ္သြားေအာင္ (၁၁)လပိုင္း(၁၁)ရက္ေန႔မွာ ျဖန္႔ခ်ီႏုိင္ဖို႔စီစဥ္ခဲ့ေပမယ့္ အခက္အခဲအမ်ိဳးမ်ိဳးေၾကာင့္ မၾကာေသးခင္ကမွ ပရိသတ္လက္ထဲေရာက္ရွိခဲ့တာျဖစ္ပါတယ္။

သီခ်င္းေခြထြက္ရွိျပီးခ်ိန္မွာေတာ့ သူ႔ရဲ႕ Loser သီခ်င္းေလးက Joox မွာနံပါတ္(၁)ခ်ိတ္ခဲ့တဲ့အျပင္ လက္ရွိအေရာင္းရဆံုးအေခြမ်ားစာရင္းမွာလည္း နံပါတ္(၁)ခ်ိတ္တာမို႔ “ပင္ပန္းခဲ့ရသမွ်.. ၾကိဳးစားခဲ့ရသမွ်.. ငိုခဲ့ရသမွ်… စိတ္ဓာတ္က်ခဲ့ရသမွ် ေပ်ာ္တယ္ဗ်ာ.. The Best Seller ဘာေျပာရမွန္းေတာင္ မသိေတာ့ဘူး… This Just Made My All Year.. Thank U Guys So Much For Making My Dreams Come True.. I Wouldn’t Be Here Without You Guys So Thank You So Much… See U At The Top” ဆိုျပီး သူ႔ရဲ႕ေဖ့ဘြတ္ခ္စာမ်က္ႏွာမွာ ေရးသားေဖာ္ျပခဲ့တာျဖစ္ပါတယ္။ေမာင္ခ်ိဳကေတာ့ အားေပးသူပရိသတ္ေတြရဲ႕အင္အားေၾကာင့္ အခုဆိုရင္ အေရာင္းရဆံုးအေခြနံပါတ္(၁)စာရင္းမွာ ေရာက္ရွိေနျပီျဖစ္ေၾကာင္း ဝမ္းသာဂုဏ္ယူစြာနဲ႔ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
Source – ChanMyae MgCho
Rainbow- Cele Gabar

x
error: Content is protected !!